ပြည်ထောင်စုဝန်ကြီးဦးကျော်တင် ဗီယမ်နမ်နိုင်ငံ၏ သမ္မတဟောင်း H.E Mr. Le DucAnhကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်းလက်မှတ်ရေးထိုး


Ministry of Information/ ရန်ကုန် / May 04, 2019
image_latest


ရန်ကုန် မေ ၄

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် ယနေ့နံနက် ၁ဝနာရီခွဲက ရန်ကုန်မြို့ ရန်ကင်းမြို့နယ် ကျောက်ကုန်း လမ်းရှိ ဗီယမ်နမ်သံရုံးသို့သွားရောက်၍ ဧပြီ ၂၂ ရက်ကကွယ်လွန်ခဲ့သည့် ဗီယမ်နမ် နိုင်ငံ၏ သမ္မတဟောင်း H.E Mr. Le DucAnhအတွက် ဝမ်းနည်း ကြောင်း အထိမ်း အမှတ်စာအုပ်တွင် လက်မှတ်ရေးထိုးခဲ့သည်။ (သတင်းစဉ်)