''I Don’t Want to Sleep Alone'' အမည်ရှိ မလေးရှား-တရုတ်(တိုင်ပေ) ရုပ်ရှင်ဇာတ်ကားအပေါ် ခွဲခြမ်းစိတ်ဖြာလေ့လာမှု အစီအစဉ် ပြုလုပ်မည်


Ministry of Information/ ​နေပြည်တော် / August 01, 2019
image_latest


ရန်ကုန် ဇူလိုင် ၃၁

 

ဒါရိုက်တာ Tsai Ming-Liang ၏ ''I Don't Want to Sleep Alone" ဇာတ်ကားအား ဩဂုတ် ၄ ရက် မွန်းတည့် ၁၂ နာရီတွင် ရန်ကုန်မြို့ အမှတ် (၅၀) ရွှေတောင်ကြား လမ်းရှိ ရုပ်ရှင်အနုပညာရပ်ဝန်း ရုပ်ရှင်ပြခန်းမ၌ ကြည့်ရှုပြီး ရုပ်ရှင်ဇာတ်ကားအပေါ် ခွဲခြမ်းစိတ်ဖြာလေ့လာမှု အစီအစဉ် ပြုလုပ်ကြမည် ဖြစ်သည်။

 

အဆိုပါအစီအစဉ်ကို မြန်မာ့ရုပ်ရှင် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် Cinematheque Program ၏ ကဏ္ဍခွဲတစ်ရပ်အဖြစ် (၂၂) ကြိမ်မြောက် ပြုလုပ်ခြင်း ဖြစ်ပြီး ရုပ်ရှင်ဖွံ့ဖြိုး တိုးတက်ရေးစင်တာ စီမံခန့်ခွဲရေးအဖွဲ့ဝင် ဒေါက်တာအောင်မင်းက ဦးဆောင်ဆွေးနွေးမည် ဖြစ်သည်။

 

 

မလေးရှား-တရုတ်(တိုင်ပေ) ရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်သော ''I Don't Want to Sleep Alone'' ရုပ်ရှင်ဇာတ်ကားသည် မလေးရှား-တရုတ်(တိုင်ပေ) ဒါရိုက်တာ Tsai Ming-Liang ၏ လက်ရာကောင်း တစ်ခုဖြစ်ပြီး ၂၀၀၆ ခုနှစ် အီတလီနိုင်ငံ Venice Film Festival တွင် Cinema For Peace Award ဆုနှင့် ၂၀၀၇ ခုနှစ် Taipei Film Festival တွင် Taipei Grand Award ဆုကို ရရှိခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်