သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၏ ၂၁ နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပ ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ ▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲ နေပြည်တော် ဧပြီ ၇ ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၏ ၂၁ နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ဇေယျာသီရိမြို့နယ် ခရေပင် လမ်းခွဲရှိ နေပြည်တော်သတင်းစာတိုက် ဘိုးဝဇီရခန်းမ၌ ကျင်းပသည်။ အခမ်းအနားတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့် က အဖွင့်အမှာစကားပြောကြားရာတွင် သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းမှ ထုတ်ဝေနေသည့် သတင်းစာသုံးစောင်သည် တိုင်းပြည်အတွက် တန်ဖိုးရှိသော၊ အများပြည်သူကို သတင်း အချက်အလက်ပေးသော တာဝန်များကို ထမ်းဆောင်နေပါကြောင်း၊ ထိုသို့ သတင်းအချက်အလက်ပေးရာတွင် အစိုးရမှ ဆောင်ရွက်နေသည့် အကြောင်းအရာများကို ပြည်သူထံ အစီရင်ခံတင်ပြခြင်းနှင့် အရပ်ရပ်မှ ဖြစ်ပေါ်နေသည့် သတင်းများကို အများပြည်သူထံ အသိပေးခြင်းဟူသော တာဝန်နှစ်ခုကို ကျေပွန်စွာ ထမ်းဆောင်လျက်ရှိပါကြောင်း။ နိုင်ငံပိုင်သတင်းစာများအနေဖြင့် သတင်းစာဖတ် ပရိသတ်များ အသိပညာ၊ ဗဟုသုတ များ ရရှိစေပြီး အများပြည်သူ၏ ဆန္ဒနှင့် တစ်သားတည်းရှိသည့် သတင်းစာများ ဖြစ်စေရန် ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း။ ယနေ့ကမ္ဘာတွင် ပုံနှိပ်သတင်းစာများ ဖတ်ရှုမှု လျော့နည်းကျဆင်းလာပါကြောင်း၊ ပုံနှိပ် သတင်းစာများအစား အီလက်ထရောနစ် စာအုပ်စာစောင်များ၊ သတင်းများကိုသာ ဖတ်ရှုမှု များလာပါကြောင်း၊ နည်းပညာပြောင်း လဲလာသည့်အတွက် သတင်းများကို အွန်လိုင်းမှ တစ်ဆင့် အချိန်နှင့်တစ်ပြေးညီ နေရာပေါင်း မြောက်များစွာကို ပေးပို့နိုင်ပြီး သတင်းဖြန့်ချိမှု ပုံစံပြောင်းလဲနေပြီ ဖြစ်ပါကြောင်း၊ ပြောင်းလဲလာသည့် အနေအထားတွင် မိမိတို့သည်လည်း လိုက်ပါပြောင်းလဲရမည်ဖြစ်ပါကြောင်း၊ ထို့သို့ပြောင်းလဲနိုင်ရန်အတွက် လိုအပ်သည်များကို ပြုပြင်ပြောင်းလဲ လုပ်ဆောင်ကြရမည်ဖြစ်ပါကြောင်း။ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းအနေဖြင့် သတင်းများ မှန်ကန်ရန်၊ မြန်ဆန်ရန်နှင့် မျှတရန်တို့အတွက် အချိန်နှင့် တစ်ပြေးညီ လုပ်ဆောင်ကြသည့်အခါ ခေတ်၏ တောင်းဆိုချက် အရ ဒစ်ဂျစ်တယ်သတင်းကဏ္ဍသည် မဖြစ်မနေ လိုအပ်လာပါကြောင်း၊ ပုံနှိပ်သတင်းစာများသည် တစ်နိုင်ငံလုံး၊ တစ်ကမ္ဘာလုံး ပျံ့နှံ့ရန် အကန့်အသတ်ရှိသည့်အတွက် ယင်းကို ဒစ်ဂျစ်တယ် နည်းပညာနှင့် ကျော်လွှားရမည်ဖြစ်ပါကြောင်း။ ဒစ်ဂျစ်တယ်နည်းပညာနှင့် ဆောင်ရွက်မှသာ ထိရောက်မည်ဖြစ်သည့်အတွက် သတင်း နှင့်စာနယ်ဇင်းလုပ်ငန်းက သတင်းပိုင်းဆိုင်ရာ ဝန်ထမ်းများအားလုံး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ယခုအခါ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းအနေဖြင့် Myanmar Digital News (MDN) ဒစ်ဂျစ်တယ်သတင်းစာကို စတင်မိတ်ဆက်ပေးထားပြီးဖြစ်ပါကြောင်း၊ ဒစ်ဂျစ်တယ် သတင်းစာ ကို အသစ်အသစ်သော နည်းပညာများအပေါ်တွင် အခြေခံပြီး လိုက်ပါပြောင်းလဲ လုပ်ဆောင်သွားရန် လိုအပ်ကြောင်း၊ နည်းပညာအသစ် အသုံးပြုနိုင်ရန်အတွက် လုပ်ငန်းစဉ်များကိုလည်း ပြောင်းလဲဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း။ ထို့ပြင် လက်ရှိအချိန်တွင် ပုံနှိပ်ထုတ်ဝေနေသည့် မြန်မာ့အလင်း၊ ကြေးမုံ သတင်းစာ နှစ်စောင်နှင့် The Global New Light of Myanmar သတင်းစာများကိုလည်း အသွင် သဏ္ဍာန်၊ အနှစ်သာရ ပိုမိုပြည့်၀စေရေး လုပ်ဆောင်ရန်လိုအပ်ပါကြောင်း၊ သတင်းများကို လည်း မတူညီသော ရှုထောင့်အမြင်များဖြင့် ချဉ်းကပ်ရေးသားသည့် ပုံစံဖြင့်ပြုပြင်ပြောင်းလဲ ဖော်ပြရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ သို့မှသာ အသွင်သဏ္ဍာန် ကွဲပြားသည့် သတင်းစာများ ဖြစ်လာမည်ဖြစ်ပါကြောင်း ပြောကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက မြန်မာ့အလင်းသတင်းစာတိုက်မှ ပေးအပ်သည့် သတင်းထူးချွန်ဆုရရှိသူ ပိန်းဇလုပ်သိန်းညွှန့်၊ ရဲခေါင်ညွှန့် နှင့် ဇင်ဦး (မြန်မာ့အလင်း) တို့ကို ဆုများ ပေးအပ်ချီးမြှင့်သည်။ ဆက်လက်၍ ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ကြေးမုံသတင်းစာတိုက်မှ ပေးအပ်သည့် သတင်းထူးချွန်ဆု ရရှိသူ ဇော်ကြီး(ပဏီတ) ၊ ဝင်းနိုင်(ကချင်မြေ) နှင့် ဝင်းဦး (ဇေယျာတိုင်း) တို့ကို ဆုများ ပေးအပ်ချီးမြှင့်သည်။ ထို့နောက် အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင် က ကြေးမုံသတင်းစာတိုက်မှ ပေးအပ်သည့် ဓာတ်ပုံထူးချွန်ဆုရရှိသူ စိုးညွှန့် ၊ မောင်ယဉ်ကျေးနှင့် အောင်မင်း (မြောင်းမြ) တို့ကို ဆုများ ပေးအပ်ချီးမြှင့်သည်။ ယင်းနောက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ်က မြန်မာ့အလင်း သတင်းစာတိုက်မှ ပေးအပ်သည့် သတင်းဆောင်းပါး ထူးချွန်ဆုရရှိသူ မင်းထက်အောင် (မန်းကိုယ်ပွား)နှင့် ရှင်မင်းတို့ကိုလည်းကောင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က မြန်မာ့အလင်း သတင်းစာတိုက်မှ ပေးအပ်သည့် သတင်းဆောင်းပါး ထူးချွန်ဆုရသူ သန်းထိုက် (လှိုင်သာယာ) နှင့် ကြေးမုံသတင်းစာတိုက်မှ ပေးအပ်သည့် ဆောင်းပါး ထူးချွန်ဆုရရှိသူ ကိုရင်ဩတို့ကိုလည်းကောင်း၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က မြန်မာ့အလင်းသတင်းစာတိုက်မှ ပေးအပ်သည့် သတင်းဓာတ်ပုံ ထူးချွန်ဆုရရှိသူ ချမ်းသာ(မိတ္တီလာ) နှင့် သန်းဇော်မင်း (ပြန်/ဆက်) တို့ကို လည်းကောင်း ဆုများ ပေးအပ်ချီးမြှင့်ကြသည်။ ထို့နောက် သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း ခေတ္တဦးဆောင်ညွှန်ကြားရေးမှူး က ပြည်သူ့ ဝန်ထမ်းကောင်းတံဆိပ် ရရှိသူများ၊ သင်တန်းထူးချွန်ဆုနှင့် ကြော်ငြာအများဆုံး ထည့်သွင်းသည့် ကုမ္ပဏီများကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။ ယင်းနောက် ဦးဆောင်ညွန်ကြားရေးမှူး (ငြိမ်း) ဦးသန်းမောင်၊ ဟံသာဝတီ ဦးအုန်းကြိုင်၊ ဦးကျော်ကျော်လှိုင်(Smart)နှင့် ကြေးမုံသတင်းစာတိုက် စာတည်းမှူးချုပ် (ငြိမ်း) ဦးမြင့်ဆွေ တို့က မုဒိတာစကား ပြောကြားကြသည်။ ထို့နောက် ပြည်သူ့အကျိုးပြု - နိုင်ငံ့သတင်းစာ ဗွီဒီယိုမှတ်တမ်းကို ပြသပြီး နှစ်ပတ်လည် အထိမ်းအမှတ် ဗလာမပါ ကံစမ်းမဲ ဖောက်ပေးသည့် အစီအစဉ်ကို ကျင်းပရာ ကံစမ်းမဲ ဆုကြီးများ ကံထူးသည့် ဝန်ထမ်းများကို ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် အမြဲတမ်း အတွင်းဝန်တို့က ဆုများပေးအပ်ကြသည်။ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးတို့သည် တက်ရောက်လာကြသူများ၊ ဆုရရှိသူများနှင့်အတူ စုပေါင်း၍ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။ ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းသည် ၁၉၇၂ ခုနှစ်တွင် သတင်းနှင့် စာနယ်ဇင်း ကော်ပိုရေးရှင်းအဖြစ် စတင်သန္ဓေတည်ခဲ့ပြီး ၁၉၉၈ ခုနှစ် ဧပြီ ၁ ရက် တွင် သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းအဖြစ် ပြောင်းလဲဖွဲ့စည်း ဖြစ်တည်လာခဲ့ရာ ယခုဆိုလျှင် ၂၁ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ (သတင်းစဉ်)

Ministry of Information/ နေပြည်တော် / April 07, 2019
နေပြည်တော် ဧပြီ ၇
ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၏ ၂၁ နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ဇေယျာသီရိမြို့နယ် ခရေပင် လမ်းခွဲရှိ နေပြည်တော်သတင်းစာတိုက် ဘိုးဝဇီရခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့် က အဖွင့်အမှာစကားပြောကြားရာတွင် သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းမှ ထုတ်ဝေနေသည့် သတင်းစာသုံးစောင်သည် တိုင်းပြည်အတွက် တန်ဖိုးရှိသော၊ အများပြည်သူကို သတင်း အချက်အလက်ပေးသော တာဝန်များကို ထမ်းဆောင်နေပါကြောင်း၊ ထိုသို့ သတင်းအချက်အလက်ပေးရာတွင် အစိုးရမှ ဆောင်ရွက်နေသည့် အကြောင်းအရာများကို ပြည်သူထံ အစီရင်ခံတင်ပြခြင်းနှင့် အရပ်ရပ်မှ ဖြစ်ပေါ်နေသည့် သတင်းများကို အများပြည်သူထံ အသိပေးခြင်းဟူသော တာဝန်နှစ်ခုကို ကျေပွန်စွာ ထမ်းဆောင်လျက်ရှိပါကြောင်း။
နိုင်ငံပိုင်သတင်းစာများအနေဖြင့် သတင်းစာဖတ် ပရိသတ်များ အသိပညာ၊ ဗဟုသုတ များ ရရှိစေပြီး အများပြည်သူ၏ ဆန္ဒနှင့် တစ်သားတည်းရှိသည့် သတင်းစာများ ဖြစ်စေရန် ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း။
ယနေ့ကမ္ဘာတွင် ပုံနှိပ်သတင်းစာများ ဖတ်ရှုမှု လျော့နည်းကျဆင်းလာပါကြောင်း၊ ပုံနှိပ် သတင်းစာများအစား အီလက်ထရောနစ် စာအုပ်စာစောင်များ၊ သတင်းများကိုသာ ဖတ်ရှုမှု များလာပါကြောင်း၊ နည်းပညာပြောင်း လဲလာသည့်အတွက် သတင်းများကို အွန်လိုင်းမှ တစ်ဆင့် အချိန်နှင့်တစ်ပြေးညီ နေရာပေါင်း မြောက်များစွာကို ပေးပို့နိုင်ပြီး သတင်းဖြန့်ချိမှု ပုံစံပြောင်းလဲနေပြီ ဖြစ်ပါကြောင်း၊ ပြောင်းလဲလာသည့် အနေအထားတွင် မိမိတို့သည်လည်း လိုက်ပါပြောင်းလဲရမည်ဖြစ်ပါကြောင်း၊ ထို့သို့ပြောင်းလဲနိုင်ရန်အတွက် လိုအပ်သည်များကို ပြုပြင်ပြောင်းလဲ လုပ်ဆောင်ကြရမည်ဖြစ်ပါကြောင်း။
သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းအနေဖြင့် သတင်းများ မှန်ကန်ရန်၊ မြန်ဆန်ရန်နှင့် မျှတရန်တို့အတွက် အချိန်နှင့် တစ်ပြေးညီ လုပ်ဆောင်ကြသည့်အခါ ခေတ်၏ တောင်းဆိုချက် အရ ဒစ်ဂျစ်တယ်သတင်းကဏ္ဍသည် မဖြစ်မနေ လိုအပ်လာပါကြောင်း၊ ပုံနှိပ်သတင်းစာများသည် တစ်နိုင်ငံလုံး၊ တစ်ကမ္ဘာလုံး ပျံ့နှံ့ရန် အကန့်အသတ်ရှိသည့်အတွက် ယင်းကို ဒစ်ဂျစ်တယ် နည်းပညာနှင့် ကျော်လွှားရမည်ဖြစ်ပါကြောင်း။
ဒစ်ဂျစ်တယ်နည်းပညာနှင့် ဆောင်ရွက်မှသာ ထိရောက်မည်ဖြစ်သည့်အတွက် သတင်း နှင့်စာနယ်ဇင်းလုပ်ငန်းက သတင်းပိုင်းဆိုင်ရာ ဝန်ထမ်းများအားလုံး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။
ယခုအခါ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းအနေဖြင့် Myanmar Digital News (MDN) ဒစ်ဂျစ်တယ်သတင်းစာကို စတင်မိတ်ဆက်ပေးထားပြီးဖြစ်ပါကြောင်း၊ ဒစ်ဂျစ်တယ် သတင်းစာ ကို အသစ်အသစ်သော နည်းပညာများအပေါ်တွင် အခြေခံပြီး လိုက်ပါပြောင်းလဲ လုပ်ဆောင်သွားရန် လိုအပ်ကြောင်း၊ နည်းပညာအသစ် အသုံးပြုနိုင်ရန်အတွက် လုပ်ငန်းစဉ်များကိုလည်း ပြောင်းလဲဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း။
ထို့ပြင် လက်ရှိအချိန်တွင် ပုံနှိပ်ထုတ်ဝေနေသည့် မြန်မာ့အလင်း၊ ကြေးမုံ သတင်းစာ နှစ်စောင်နှင့် The Global New Light of Myanmar သတင်းစာများကိုလည်း အသွင် သဏ္ဍာန်၊ အနှစ်သာရ ပိုမိုပြည့်၀စေရေး လုပ်ဆောင်ရန်လိုအပ်ပါကြောင်း၊ သတင်းများကို လည်း မတူညီသော ရှုထောင့်အမြင်များဖြင့် ချဉ်းကပ်ရေးသားသည့် ပုံစံဖြင့်ပြုပြင်ပြောင်းလဲ ဖော်ပြရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ သို့မှသာ အသွင်သဏ္ဍာန် ကွဲပြားသည့် သတင်းစာများ ဖြစ်လာမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက မြန်မာ့အလင်းသတင်းစာတိုက်မှ ပေးအပ်သည့် သတင်းထူးချွန်ဆုရရှိသူ ပိန်းဇလုပ်သိန်းညွှန့်၊ ရဲခေါင်ညွှန့် နှင့် ဇင်ဦး (မြန်မာ့အလင်း) တို့ကို ဆုများ ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ကြေးမုံသတင်းစာတိုက်မှ ပေးအပ်သည့် သတင်းထူးချွန်ဆု ရရှိသူ ဇော်ကြီး(ပဏီတ) ၊ ဝင်းနိုင်(ကချင်မြေ) နှင့် ဝင်းဦး (ဇေယျာတိုင်း) တို့ကို ဆုများ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင် က ကြေးမုံသတင်းစာတိုက်မှ ပေးအပ်သည့် ဓာတ်ပုံထူးချွန်ဆုရရှိသူ စိုးညွှန့် ၊ မောင်ယဉ်ကျေးနှင့် အောင်မင်း (မြောင်းမြ) တို့ကို ဆုများ ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ်က မြန်မာ့အလင်း သတင်းစာတိုက်မှ ပေးအပ်သည့် သတင်းဆောင်းပါး ထူးချွန်ဆုရရှိသူ မင်းထက်အောင် (မန်းကိုယ်ပွား)နှင့် ရှင်မင်းတို့ကိုလည်းကောင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က မြန်မာ့အလင်း သတင်းစာတိုက်မှ ပေးအပ်သည့် သတင်းဆောင်းပါး ထူးချွန်ဆုရသူ သန်းထိုက် (လှိုင်သာယာ) နှင့် ကြေးမုံသတင်းစာတိုက်မှ ပေးအပ်သည့် ဆောင်းပါး ထူးချွန်ဆုရရှိသူ ကိုရင်ဩတို့ကိုလည်းကောင်း၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က မြန်မာ့အလင်းသတင်းစာတိုက်မှ ပေးအပ်သည့် သတင်းဓာတ်ပုံ ထူးချွန်ဆုရရှိသူ ချမ်းသာ(မိတ္တီလာ) နှင့် သန်းဇော်မင်း (ပြန်/ဆက်) တို့ကို လည်းကောင်း ဆုများ ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း ခေတ္တဦးဆောင်ညွှန်ကြားရေးမှူး က ပြည်သူ့ ဝန်ထမ်းကောင်းတံဆိပ် ရရှိသူများ၊ သင်တန်းထူးချွန်ဆုနှင့် ကြော်ငြာအများဆုံး ထည့်သွင်းသည့် ကုမ္ပဏီများကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။
ယင်းနောက် ဦးဆောင်ညွန်ကြားရေးမှူး (ငြိမ်း) ဦးသန်းမောင်၊ ဟံသာဝတီ ဦးအုန်းကြိုင်၊ ဦးကျော်ကျော်လှိုင်(Smart)နှင့် ကြေးမုံသတင်းစာတိုက် စာတည်းမှူးချုပ် (ငြိမ်း) ဦးမြင့်ဆွေ တို့က မုဒိတာစကား ပြောကြားကြသည်။
ထို့နောက် ပြည်သူ့အကျိုးပြု - နိုင်ငံ့သတင်းစာ ဗွီဒီယိုမှတ်တမ်းကို ပြသပြီး နှစ်ပတ်လည် အထိမ်းအမှတ် ဗလာမပါ ကံစမ်းမဲ ဖောက်ပေးသည့် အစီအစဉ်ကို ကျင်းပရာ ကံစမ်းမဲ ဆုကြီးများ ကံထူးသည့် ဝန်ထမ်းများကို ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် အမြဲတမ်း အတွင်းဝန်တို့က ဆုများပေးအပ်ကြသည်။
နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးတို့သည် တက်ရောက်လာကြသူများ၊ ဆုရရှိသူများနှင့်အတူ စုပေါင်း၍ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းသည် ၁၉၇၂ ခုနှစ်တွင် သတင်းနှင့် စာနယ်ဇင်း ကော်ပိုရေးရှင်းအဖြစ် စတင်သန္ဓေတည်ခဲ့ပြီး ၁၉၉၈ ခုနှစ် ဧပြီ ၁ ရက် တွင် သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းအဖြစ် ပြောင်းလဲဖွဲ့စည်း ဖြစ်တည်လာခဲ့ရာ ယခုဆိုလျှင် ၂၁ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။
(သတင်းစဉ်)