ရန်ကုန်မြို့ ပြအမွေအနှစ်အထိမ်းအမှတ် ၂၇ ခုမြောက် အပြာရောင်ကမ္ပည်းပြားကို The Strand Hotel ၌ တပ်ဆင်မည်


Ministry of Information/ ရန်ကုန် / February 01, 2019
image_latest


ရန်ကုန် ဇန်နဝါရီ ၃၁

ရန်ကုန်မြို့ ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့၏ မြို့ပြအမွေအနှစ်အထိမ်းအမှတ် ၂၇ ခုမြောက် အပြာရောင် ကမ္ပည်းပြားကို ဖေဖော်ဝါရီ ၇ ရက်တွင် ရန်ကုန်မြို့ The Strand Hotel ၌တပ်ဆင် မည်ဖြစ်ကြောင်း သိရသည်။
▲▲အပြာရောင်ကမ္ပည်းပြားများ တပ်ဆင်ပြီး▲▲
ရန်ကုန်မြို့ ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့သည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁ ရက်တွင် လမ်းမတော် မြို့နယ် အ.ထ.က - ၁ (ယခင် - စိန်ဂျွန်း) ကျောင်းတွင် ၂၄ ခု မြောက် အပြာရောင်ကမ္ပည်းပြားကို တပ်ဆင်ခဲ့ပြီး ဒီဇင်ဘာ ၂၀ ရက်တွင် ၂၅ ခုမြောက် အပြာရောင် ကမ္ပည်းပြားကို ဝန်ကြီးများရုံးအနီးရှိ ဗိုလ်အောင်ကျော်လမ်းတွင် လည်းကောင်း၊ ၂၆ ခုမြောက် အပြာရောင်ကမ္ပည်းပြားကို အ.ထ.က(၁) ပုဇွန်တောင်တွင်လည်းကောင်း တပ်ဆင် ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
မြို့ ပြအမွေအနှစ်များထိန်းသိမ်းစောင့်ရှောက်ရန်
ရန်ကုန်မြို့ ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့အနေဖြင့် ရန်ကုန်မြို့ ပြအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ရာတွင် စနစ်တကျဖြစ်စေရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတို့နှင့် ပူးပေါင်း ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။ ထို့ပြင် မြို့ ပြစီမံကိန်းများ ရေးဆွဲရာတွင် မြို့ ပြအမွေ အနှစ်များ ထိန်းသိမ်းစောင့်ရှောက်သွားရန် ကြိုးပမ်း လျက်ရှိပြီး အမှန်တကယ် ပြုပြင်နေသော အဆောက်အအုံများ ကိုလည်း နည်းပညာပိုင်းဆိုင်ရာ အကူအညီများ ပေးလျက်ရှိကြောင်း သိရသည်။
ထင်ပေါ်ဝင်း(ကမာရွတ်)