DENTOMEC သွားတိုက်တံနှင့် သွားတိုက်ဆေးစက်ရုံ ဖွင့်ပွဲအခမ်းအနား ကျင်းပ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / January 03, 2019
image_latest


နေပြည်တော် ဇန်နဝါရီ ၂

ပြည်ပသွင်းကုန်အစားထိုးနိုင်ရန်နှင့် ပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်ပြီး ဈေးနှုန်း သက်သာ စွာအသုံးပြုနိုင်ရန် ရည်ရွယ်တည်ဆောက်ခဲ့သည့် မြန်မာစီးပွားရေး ကော်ပို ရေးရှင်း၊ DENTOMEC သွားတိုက်တံနှင့် သွားတိုက်ဆေးစက်ရုံ ဖွင့်ပွဲအခမ်းအနား ကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး မင်္ဂလာဒုံမြို့နယ် ရန်ကုန်-ပြည် ကားလမ်းမကြီးအနီးရှိ အဆိုပါစက်ရုံရှေ့၌ ကျင်းပရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးသည်။

ရှေးဦးစွာ မြန်မာစီးပွားရေးကော်ပိုရေးရှင်းဥက္ကဋ္ဌ စစ်ထောက်ချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ညိုစော၊ ရန်ကုန် တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သက်ပုံနှင့် မြန်မာစီးပွားရေး ကော်ပိုရေးရှင်း ဦးဆောင်ညွှန်ကြားရေး မှူး ဦးသန့်ဆွေ တို့က DENTOMECသွားတိုက်တံ နှင့် သွားတိုက် ဆေးစက်ရုံအား ဖဲကြိုး ဖြတ် ဖွင့်လှစ်ပေးကြသည်။

အမွှေးနံ့သာရည်များ ပက်ဖျန်း

ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က DENTOMEC သွားတိုက် ဆေးစက်ရုံအား စက်ခလုတ်နှိပ်ဖွင့်လှစ် ပေးပြီး စက်ရုံကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးသည်။ ယင်းနောက် ဖွင့်ပွဲအထိမ်းအမှတ် စုပေါင်း မှတ်တမ်းဓာတ်ပုံ ရိုက်ကူးကြသည်။

အမှာစကားပြောကြား

ယင်းနောက် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က စက်ရုံဖွင့်ပွဲအထိမ်း အမှတ် အမှာစကား ပြောကြား သည်။

လက်ဆောင်ပေးအပ်

ထို့နောက် မြန်မာစီးပွားရေးကော်ပိုရေးရှင်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးသန့်ဆွေက စက်ရုံဆိုင်ရာ အချက် အလက်များကို ရှင်းလင်းတင်ပြပြီး မြန်မာစီးပွားရေးကော်ပိုရေးရှင်းဥက္ကဋ္ဌ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ညိုစောက တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်နှင့် ကာကွယ်ရေးဦးစီးချုပ်(ရေ)၊ ကာကွယ်ရေးဦးစီးချုပ်(လေ) တို့အား စက်ရုံဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင် ပစ္စည်းအား ပေးအပ်သည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စက်ရုံတည်ဆောက်မှုတွင် ပါဝင်ခဲ့သည့် နိုင်ငံခြားသားပညာရှင်များအား သစ်သီး ခြင်း လက်ဆောင်ပေးအပ်သည်။

ဈေးကွက်အတွင်း ထုတ်လုပ်ဖြန့်ဖြူးသွားမည်

ယင်းနောက် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများသည် စက်ရုံ အတွင်း သွားတိုက်တံနှင့် သွားတိုက်ဆေး များ ထုတ်လုပ်နေမှုအခြေအနေများအား လှည့်လည် ကြည့်ရှုကြသည်။ အဆိုပါ DENTOMEC သွားတိုက်တံနှင့် သွားတိုက်ဆေးစက်ရုံတွင် ဂျာမနီနိုင်ငံ နှင့် ဆွီဒင်နိုင်ငံတို့မှ နည်းပညာများဖြင့် နိုင်ငံတကာအဆင့်မီ စက်သစ်ကြီးများ အသုံးပြုကာ ပြည်ပသွင်း ကုန် အစားထိုး (Import Substitution) ထုတ်ကုန် အဖြစ် ကျန်းမာရေးနှင့် ညီညွတ်ပြီး ဈေးနှုန်း သက်သာ သည့် သွားတိုက်တံနှင့် သွားတိုက်ဆေးများကို ဈေးကွက် အတွင်းသို့ ထုတ်လုပ်ဖြန့်ဖြူး သွားမည် ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

သတင်းစဉ်

ဓါတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး