SC Auto (Myanmar) က မြန်မာနိုင်ငံတွင် SC Neustar အမှတ်တံဆိပ်ဘတ်စ်ကားတွေကို ထုတ် လုပ်လိုက်ပြီ
SC Auto (Myanmar) က မြန်မာနိုင်ငံတွင် SC Neustar အမှတ်တံဆိပ်ဘတ်စ်ကားတွေကို ထုတ် လုပ်လိုက်ပြီ
Ministry of Information/ နေပြည်တော် / June 07, 2019

၂၀၁၉ ခုနှစ် မေလ ၂၈ ရက်နေ့က ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ် ရန်ကုန်စက်မှုဇုန်မှာရှိတဲ့ SC Auto (Myanmar) Co., Ltd ရဲ့ မော်တော်ကားစက်ရုံဖွင့်ပွဲအခမ်းအနားမှာ SC Neustar အမှတ်တံဆိပ် ဘတ်စ်ကားသုံးစီးနဲ့ မြန်မာပြည်သူများကို မိတ်ဆက်ပေးခဲ့ပါပြီ။
SC Auto စက်ရုံဟာ မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှုကော်မရှင်ရဲ့ ခွင့်ပြုမိန့်ဖြင့် စင်ကာပူ နိုင်ငံမှ ရာခိုင်နှုန်း ပြည့်ရင်းနှီးမြှုပ်နှံပြီး ခရီးသည်တင် မော်တော်ယာဉ်များ တပ်ဆင် ထုတ်လုပ်ရောင်းချခြင်း၊ ပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်းဆောင်ရွက်နေတဲ့ စက်ရုံဖြစ်ပါတယ်။
▲ ဥရောပစံချိန်မီ မော်တော်ယာဉ်ထုတ်လုပ် ▲
အဆိုပါဖွင့်ပွဲမှာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံ မှု ကော်မရှင်ဥက္ကဋ္ဌ ဦးသောင်းထွန်းက နည်း ပညာမြင့်မားပြီး အရည်အသွေးရှိသော လုပ်ငန်းများ မြန်မာနိုင်ငံမှာ လာရောက် လုပ်ကိုင်ခြင်းကို ကြိုဆိုကြောင်း၊ ကော်မရှင်က မော်တော်ယာဉ်ထုတ်လုပ် ခြင်းလုပ်ငန်းများကို Semi Knocked-Down (SKD) စနစ်ဖြင့် ထုတ်လုပ်ခွင့်ပြုလျက်ရှိပြီး မကြာမီကာလ အတွင်း Complete Knocked- Down (CKD) စနစ်ဖြင့် ထုတ်လုပ်နိုင်ဖို့အားပေး ဆောင်ရွက်နေကြောင်း၊ ဒီလုပ်ငန်းတွေ ဖွံ့ဖြိုး တိုးတက်မှ ပြည်တွင်း SMEs နဲ့Supported Industry များ ဖွံ့ဖြိုးလာမှာဖြစ်ကြောင်း၊ SC Auto စက်ရုံဟာ CKD စနစ်နဲ့ ထုတ် လုပ်နေပြီး အထူးသဖြင့် အရည်အသွေးပြည့်ဝတဲ့ ဥရောပ စံချိန်မီ SC Neustar အမှတ်တံဆိပ် မော် တော်ယာဉ်များ ထုတ်လုပ်နေပြီဆိုတာကို မျက်ဝါးထင်ထင်တွေ့ မြင်ရလို့ ဝမ်းသာဂုဏ်ယူ မိပါကြောင်း၊ SC Auto စက်ရုံက ဘတ်စ်ကား တွေကို မြန်မာနိုင်ငံမှာ ထုတ်လုပ်တဲ့ Made in Myanmar အနေနဲ့ ပြည်တွင်းသာမက ပြည်ပသို့လည်း တင်ပို့ရောင်းချမယ့် ပထမဦးဆုံး ဘတ်စ်ကား ထုတ်လုပ်သူ လည်းဖြစ်လို့ ကြိုဆိုအားပေးလျက်ရှိကြောင်း ပြောကြား သွားပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကလည်း ဥရောပစံချိန်မီ မော်တော်ယာဉ်များကို ပြည်တွင်းသာမက အာရှနှင့် ဥရောပနိုင်ငံများသို့ တင်ပို့ရောင်းချနိုင်ရန် ရည်ရွယ်ထုတ်လုပ်လျက် ရှိသည့်အတွက် အထူးပင်ဝမ်းသာဂုဏ်ယူမိပါကြောင်း ပြောကြားသွားတာ တွေ့ရပါတယ်။ အဆိုပါ အခမ်းအနားသို့ စင်ကာပူ သမ္မတနိုင်ငံ သံအမတ်ကြီး H.E Ms. Vanessa Chan လည်း တက် ရောက်ခဲ့ပြီး စက်ရုံမန်နေဂျင်းဒါရိုက်တာ Ms. Rachel Leeက စက်ရုံသမိုင်းကြောင်းနဲ့ ဆက်လက် ဆောင် ရွက်မယ့်အစီအစဉ်များကို ရှင်းလင်းပြောကြား ခဲ့ပါတယ်။ စက်ရုံဖွင့်ပွဲသို့ ပြည်ပမှရင်းနှီး မြှုပ်နှံ သူများ၊ ပုဂ္ဂလိကကဏ္ဍမှ စီးပွားရေးလုပ်ငန်း ရှင်များနှင့် မော်တော်ယာဉ် ထုတ်လုပ်ဖြန့်ဖြူး ရောင်းချ သူများ စုစုပေါင်း ၃၇၀ ခန့် တက်တက် ကြွကြွ အားပေးတက်ရောက်ခဲ့ကြတာကို တွေ့မြင် ခဲ့ရပါ တယ်။
SC Auto စက်ရုံရဲ့ ခရီးအစကတော့ မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ခွင့်ပြုမိန့်ရခဲ့တဲ့ ၂၀၁၅ ခုနှစ်ကတည်းက စတင်ပြင်ဆင်ခဲ့ခြင်းဖြစ်ပါ တယ်။ ကုန်ကြမ်းများနှင့် နည်းပညာကို အီးယူနိုင်ငံ များမှရယူပြီး လက်ရှိမှာတော့ ထုတ်လုပ်မှုပိုင်း ဆိုင်ရာ ဝန်ထမ်း ၈၀ ၊ ရုံးလုပ်ငန်းနှင့် Marketing ပိုင်း ဆိုင်ရာဝန်ထမ်း ၂၀ စုစုပေါင်း ဝန်ထမ်း ၁၀၀ နဲ့ လုပ်ငန်းစတင်လည်ပတ်ကာ ၂၀၁၉ ခုနှစ် မေလ တွင်ဘတ်စ်ကားသုံးစီးကို ထုတ်လုပ်၍ စတင် မိတ်ဆက်ခဲ့ခြင်းဖြစ်ပါတယ်။
▲ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးနိုင် ▲
စက်ရုံကို စင်ကာပူနိုင်ငံက မော်တော်ယာဉ် ထုတ်လုပ်ခြင်းဆိုင်ရာ ကျွမ်းကျင်သူများ၊ စင်ကာပူ နိုင်ငံမှာ အနည်းဆုံးလုပ်သက် ၁၀ နှစ်နဲ့အထက် လုပ်ငန်းခွင်အတွေ့ ကြုံရှိခဲ့တဲ့ မြန်မာကျွမ်းကျင် အလုပ်သမား များကို ပြန်လည်ခေါ်ယူခန့်ထားပြီး လုပ်ငန်းကို စတင်ခဲ့တာဖြစ်ပါတယ်။ ရာထူး အဆင့်ဆင့်တွေမှာ မြန်မာဝန်ထမ်းများစွာ ပါဝင် လုပ်ကိုင်နေတာကိုတွေ့ရတဲ့အတွက် နည်းပညာ မြင့်မားတဲ့ အလုပ် အကိုင် အခွင့်အလမ်းတွေ ဖန်တီး ပေးနိုင်မှုကိုလည်း ဝမ်းသာကျေနပ်မိပါတယ်။
ထုတ်လုပ်မှုလုပ်ငန်းစဉ်တွေကို ကြည့်မယ်ဆိုရင်လည်း စင်ကာပူနိုင်ငံမှာရှိတဲ့ SC Auto (Singapore) စက်ရုံကဲ့သို့ပင် မြန်မာနိုင်ငံမှာ လာရောက်တပ်ဆင် ထုတ်လုပ်တာဖြစ်တယ်။ နောက်ဆုံးပေါ် နည်း ပညာနဲ့ စက်ပစ္စည်းတွေ တပ်ဆင်တည်ဆောက်ထားတာဖြစ်ပြီး 2D လေဆာ သုံး သံပြားပုံဖော်ဖြတ် တောက်ခြင်း၊ အော်တို မတ်တစ် ဝိုင်ယာကြိုးဖြတ်တောက်ခြင်းနဲ့ စစ်ဆေး ခြင်း၊ ဘတ်စ်ကားစမ်း သပ်ခြင်း၊ ကားဆေးမှုတ်ရုံ များ အပါအဝင် ယာဉ်အစိတ်အပိုင်း ထုတ်လုပ် ခြင်း လုပ်ငန်းတစ်ခုလုံးကို အဆင့်မြင့် Computer Program အသုံးပြုပြီး ဆောင်ရွက်နေတာတွေ့ရ ပါတယ်။ ထုတ်လုပ်ရာ မှာအသုံးပြုတဲ့ သံချောင်း တွေကို Pensile Strength မြင့်မားတဲ့ Stainless Steelကို ဖင်လန်နိုင်ငံ က တင်သွင်း အသုံးပြုတာဖြစ်တဲ့အတွက် မော်တော်ကားတွေကို သက်တမ်းကြာရှည်စွာ သုံးစွဲနိုင်မှာ ဖြစ်ကြောင်း လည်း သိရှိရပါတယ်။ ဒါကြောင့် SC Auto က မော်တော်ယာဉ်ထုတ်လုပ်ခြင်းကို ဥရောပ စံချိန် စံညွှန်းနဲ့အညီ အသိအမှတ်ပြုလက်မှတ်များရရှိ ထားတဲ့အတွက် အရည်အသွေးနဲ့ ဘေးကင်း လုံခြုံ စိတ်ချရမှုမှာ အားသာချက်များစွာရှိတဲ့ စက်ရုံ တစ်ရုံဖြစ်ကြောင်း သုံးသပ်မိပါတယ်။
SC Auto ကဲ့သို့ တာဝန်ယူမှုရှိသော ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများက မြန်မာနိုင်ငံကိုလာပြီး စက်ရုံ သစ်လာရောက်ဖွင့်လှစ်ခြင်းဖြင့် မြန်မာဝန်ထမ်းများ အလုပ်အကိုင် ပိုမိုရရှိစေခြင်း၊ ကျွမ်းကျင် ဝန်ထမ်းများ ပိုမိုတိုးပွားလာစေခြင်းတို့ အပြင် လာရောက်ရင်းနှီးမြှုပ်နှံတဲ့သူအတွက် လည်း လုပ်အားခ သက်သာစေခြင်း၊ နွေးထွေး သော ဆက်ဆံရေးရရှိခြင်း၊ အာဆီယံရင်းနှီးမြှုပ် နှံမှုသဘောတူညီချက်ရဲ့ အခွင့်အလမ်းကောင်းများ ရရှိစေခြင်း စတဲ့ နှစ်ဦးနှစ်ဖက်အကျိုးကျေးဇူးများ ရရှိစေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒီလို ရင်းနှီး မြှုပ်နှံမှုအခွင့်အရေးတွေ ရရှိနိုင်တာကြောင် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူ များက မြန်မာနိုင်ငံမှာ လာရောက်လုပ်ကိုင်ခြင်းဟာ ဈေးကွက်ကို ထိုးဖောက်နိုင်မယ့် အားသာ ချက်များ နဲ့အတူ နိုင်ငံတကာကိုတင်ပို့နိုင်ဖို့ ခြေလှမ်းသစ်တစ်ခု ဖြစ်ကြောင်း စက်ရုံမန်နေဂျင်း ဒါရိုက်တာ Ms. Rachel Lee ရဲ့ ရှင်းလင်းတင်ပြချက်များက ဖော်ညွှန်းပြနေပါတယ်။
SC Auto စက်ရုံက မြန်မာနိုင်ငံရဲ့ ရာသီဥတု၊ လမ်းအနေအထားများနဲ့ ကိုက်ညီတဲ့ ဘတ်စ်ကား တွေကို ပထမဦးဆုံးထုတ်လုပ်တဲ့ စက်ရုံဖြစ်ပါတယ်။ လာမယ့်နှစ်တွေမှာ ဝန်ထမ်းများ တိုးမြှင့်ခန့်ထား ပြီး 55 Seaters SC Auto Brand Bus/ Coaches အစီး ၁၀၀ အထိ တိုးမြှင့်ထုတ်လုပ်သွားဖို့ မျှော်မှန်းထား ပါတယ်။ လက်တွေ့လုပ်ငန်း ဆောင်ရွက်ရာမှာ မြန်မာဝန်ထမ်းများရဲ့ လုပ်ငန်း ကျွမ်းကျင်မှု၊ အဆင့်မြင့် စက်ကိုင်တွယ်အသုံးပြု နိုင်မှုနဲ့ စိတ်အားထက်သန်မှုတွေကြောင့် နောင်လာ မယ့် လေးနှစ်တာအတွင်း ဝန်ထမ်းပေါင်း ၄၀၀ ကျော်အထိ ခန့်အပ်ပြီး မော်တော်ကားများ တိုးချဲ့ထုတ်လုပ်မှာဖြစ်ကြောင်း၊ စက်ရုံရဲ့ အနာဂတ်မျှော်မှန်းချက်ကို သိရတဲ့အတွက် တာဝန်ယူမှုရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်ကြောင်း သုံးသပ်မိပါတယ်။
အစိုးရသစ်လက်ထက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က တာဝန်ယူမှုရှိသော ရင်းနှီး မြှုပ်နှံမှုများ တိုးမြှင့်ဖိတ်ခေါ်လျက်ရှိရာ နိုင်ငံတကာမှ မော်တော်ကားထုတ်လုပ်မှုလုပ်ငန်း၌ လာရောက် မြှုပ်နှံကြရန် များစွာ စိတ်ဝင်စား လျက်ရှိတာကို တွေ့ရပါတယ်။ SC Autoကဲ့သို့ အရည်အသွေးပြည့်ဝသည့် Quality Investmentများ လာရောက်ခြင်းဖြင့် ပြည်တွင်းရှိ အသေးစား၊ အလတ်စားလုပ်ငန်းများနဲ့ ချိတ်ဆက်ပြီး မော်တော်ကားအစိတ်အပိုင်းများ တိုးမြှင့်ထုတ်လုပ်လာနိုင်မှာဖြစ်ပါတယ်။
▲ ဘတ်စ်ကား လိုအပ်ချက် ဖြည့်ဆည်းပေးနိုင် ▲
SC Auto စက်ရုံက ပြည်တွင်း၌ Supported Industry များ ပိုမိုဖွံ့ဖြိုးလာအောင် Complete Knocked-Down (CKD) စနစ်နဲ့ စတင်ထုတ်လုပ်နိုင်တဲ့ စက်ရုံတစ်ရုံဖြစ်တဲ့အတွက် ကြိုဆိုအားပေး ရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံရဲ့ ပထမဆုံး အရည်အသွေးပြည့်ဝတဲ့ ဥရောပစံချိန်မီ SC Neustar အမှတ်တံဆိပ် မော်တော်ယာဉ် များကို ပြည်တွင်းမှာထုတ်လုပ်ပြီး အာရှနဲ့ဥရောပ နိုင်ငံများသို့ တင်ပို့မယ့်ထူးခြားတဲ့ လုပ်ငန်းလည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ခရီးသည် သယ်ယူပို့ ဆောင်ရေးကဏ္ဍရဲ့ အဆင့်မြင့် ဘတ်စ်ကားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်သလို သွင်းကုန် အစားထိုး ထုတ်လုပ်မှု လုပ်ငန်းလည်းဖြစ်တာကြောင့် မြန်မာနိုင်ငံအတွက် ရေရှည်မှာများစွာ အကျိုး ရှိတဲ့ ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းတစ်ခုဖြစ်ပါကြောင်း တင်ပြရင်း မိတ်အင်မြန်မာ (Made in Myanmar) SC Neustar မော်တော်ယာဉ်များကို ကြိုဆိုလိုက် ရပါတယ်။
မောင်သစ္စာ(ရန်ကင်း)