SMM 3rd Asian အမျိုးသား ယူ-၂၃ ဘော်လီဘောပြိုင်ပွဲတွင် တရုတ်(တိုင်ပေ)အသင်း ဗိုလ်စွဲ
SMM 3rd Asian အမျိုးသား ယူ-၂၃ ဘော်လီဘောပြိုင်ပွဲတွင် တရုတ်(တိုင်ပေ)အသင်း ဗိုလ်စွဲ
Ministry of Information/ နေပြည်တော် / August 12, 2019

နေပြည်တော် သြဂုတ် ၁၁
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပ ပြုလုပ်သည့် SMM 3rd Asian "Asia World Foundation" Men’s U-23 Volleyball Championship ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲကို ယနေ့ညနေ ၆ နာရီခွဲက ဝဏ္ဏသိဒ္ဓိ အားကစားရုံ (B)၌ ကျင်းပရာ တရုတ် (တိုင်ပေ)အသင်းက အနိုင်ရဗိုလ်စွဲ သွားသည်။
ယနေ့နံနက်တွင် အဆင့်(၇-၈) ပွဲစဉ်အဖြစ် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B) ၌ သီရိလင်္ကာအသင်းနှင့် သြစတြေးလျ အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ သြစတြေးလျအသင်းက (၂၄-၂၆)မှတ်၊ (၁၆-၂၅)မှတ်၊ (၁၅-၂၅)မှတ်ဖြင့် သုံးပွဲပြတ်ဖြင့် လည်းကောင်း၊ အဆင့် (၅-၆)ပွဲစဉ်အဖြစ် မွန်းလွဲ ၁ နာရီခွဲ တွင် တရုတ်အသင်းနှင့် ကာဇက်စတန် အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ တရုတ်အသင်းက (၂၂-၂၅)မှတ်၊ (၂၅-၁၄)မှတ်၊ (၂၅-၁၇)မှတ်၊ (၂၂-၂၅)မှတ်၊ (၁၁-၁၅) မှတ်ဖြင့် လည်းကောင်း၊ တတိယလုပွဲ ပွဲစဉ်အဖြစ် ညနေ ၄ နာရီတွင် ဂျပန် အသင်းနှင့် ပါကစ္စတန်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဂျပန်အသင်းက (၂၅-၁၈)မှတ်၊ (၂၅-၂၃)မှတ်၊ (၂၅-၁၈) မှတ်ဖြင့် လည်းကောင်း၊ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ညနေ ၆ နာရီခွဲတွင် တရုတ် (တိုင်ပေ)အသင်းနှင့် အိန္ဒိယအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ တရုတ်(တိုင်ပေ) အသင်းက (၂၅-၂၁)မှတ်၊ (၂၅-၂၀)မှတ်၊ (၁၉-၂၅)မှတ်၊ (၂၅-၂၃)မှတ်ဖြင့် လည်းကောင်း အနိုင်ရရှိသွားသည်။
ပြိုင်ပွဲများအပြီး ဆုပေးပွဲအခမ်း အနားကို ဆက်လက်ကျင်းပရာ အကောင်းဆုံးဆုရ အားကစားသမားများနှင့် ဆုရအသင်းများကို မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ အမျိုးသား အိုလံပစ်ကောင်စီ အတွင်းရေးမှူး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ မြန်မာနိုင်ငံ အမျိုးသား အိုလံပစ်ကောင်စီ အဖွဲ့ဝင်များဖြစ်ကြသော ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ အာရှဘော်လီဘော အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ဘော်လီဘောအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးသိန်းဝင်းနှင့် တာဝန်ရှိသူများက ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်