ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး တစ်ဧကပန်းတိုင်အထွက်နှုန်းရည်မှန်းချက်ပြည့်မီကျော်လွန်အောင် စိုက်ပျိုးလုပ်ကိုင်ကြရန် တောင်သူများအားတိုက်တွန်း
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး တစ်ဧကပန်းတိုင်အထွက်နှုန်းရည်မှန်းချက်ပြည့်မီကျော်လွန်အောင် စိုက်ပျိုးလုပ်ကိုင်ကြရန် တောင်သူများအားတိုက်တွန်း
Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / April 24, 2024
ဘားအံ - ဧပြီ (၂၄)
ကရင်ပြည်နယ်အတွင်း ယခုနှစ်နွေရာသီတွင် နွေစပါး(၁၁၃၈၈၀)ဧကစိုက်ပျိုးရန်လျာထားပြီး(၁၁၃၉၆၇) ဧက စိုက်ပျိုးပြီးစီးခဲ့ရာ လျာထားဧကထက်ပြည့်မီကျော်လွန်အောင်စိုက်ပျိုးလုပ်ကိုင်နိုင်ခဲ့ပြီး ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးက တစ်ဧကပန်းတိုင်အထွက်နှုန်းရည်မှန်းချက်ပြည့်မီကျော်လွန်အောင် စိုက်ပျိုးလုပ်ကိုင်ကြရန် ဧပြီလ ၂၄ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့နယ်၊ ဘားကပ်လျှပ်စစ်မြစ်ရေတင်လုပ်ငန်း၌ တောင်သူများနှင့်တွေ့ဆုံရာတွင် တိုက်တွန်းပြောကြားသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့အား ဘားကပ်လျှပ်စစ်မြစ်ရေတင်လုပ်ငန်းရှင်းလင်းဆောင်၌ ဆည်မြောင်း နှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်) ဒုတိယညွှန်ကြားရေးမှူးဦးကျော်စွာဦးက ဘားကပ်လျှပ်စစ် မြစ်ရေတင်လုပ်ငန်း၌ ဘဏ္ဍာနှစ်အလိုက်ပြင်ဆင်ထိန်းသိမ်းလုပ်ငန်းဆောင်ရွက်ခဲ့မှုနှင့် လာမည့်ဘဏ္ဍာနှစ်တွင် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများ၊ မြစ်ရေတင်အကျိုးပြုဧရိယာအတွင်း နွေသီးနှံ ၄၁၀ ဧက စိုက်ပျိုးရန်လျာထား မှုအပေါ် ၄၄၂ ဧက စိုက်ပျိုးနိုင်ခဲ့မှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လျှပ်စစ်နှင့်ဆိုလာ တွဲဖက်၍ တောင်သူများအားစိုက်ပျိုးရေပိုမိုပေးဝေနိုင်ရေးဆောင်ရွက်ရန်မှာကြားကာ တက်ရောက်လာသော ဘားကပ်၊ ရသေ့ပျံ၊ တောကြီးကုန်းကျေးရွာများမှတောင်သူများနှင့်တွေ့ဆုံ၍ လိုအပ်သည်များမေးမြန်း ဆွေးနွေးပြီး သက်ဆိုင်ရာဌာနများ နှင့်ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် 37 KW Motor လေးစုံဖြင့် သံလွင်မြစ်မှရေကို လျှပ်စစ်ဖြင့်စုပ်တင်၍ စိုက်ပျိုးရေပေးဝေနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားကပ်လျှပ်စစ်မြစ်ရေတင်အကျိုးပြုဧရိယာအတွင်းရှိ ရသေ့ပျံကွင်းနှင့် ဘားကပ်ကွင်းတို့တွင် နွေစပါးစိုက်ပျိုးဖြစ်ထွန်းအောင်မြင်နေမှုအခြေအနေများကို ကြည့်ရှုအားပေးခဲ့ ကြပြီး တောင်သူများ၏ အခက်အခဲ၊ လိုအပ်ချက်များကိုမေးမြန်းဆွေးနွေးကာ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ရန်ပုံငွေကျပ်သန်း (၆၀ ဒဿမ ၇၅) သန်းဖြင့် စိုက်ပျိုးမြေ ဧက(၁၀၀)ကျော်အကျိုးပြုနိုင်မည့် အရှည်ပေ ၉၅၀၀ ပေ၊ ထိပ်ဝအကျယ် ၃၈ ပေ၊ အောက်ခြေအကျယ် ၂၀ ပေ၊ အနက် ၁၀ ပေရှိ ရသေ့ပျံဂူအရှေ့ဘက် တောင်ပတ်မြောင်းတူးဖော်ခြင်းလုပ်ငန်းအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးဦးသန်းဦးက မြောင်းတူးဖော်ခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များမှာကြား ခဲ့သည်။
အဆိုပါတူးမြောင်းသည် ဘားကပ်မြစ်ရေတင်လုပ်ငန်းမှ ပိုလျှံရေနုတ်မြောင်းနှင့် ရသေ့ပျံဂူအရှေ့ဘက် တောင်ပတ်မြောင်းချိတ်ဆက်၍ ရေသွယ်ယူနိုင်မည်ဖြစ်ပြီး စိုက်ပျိုးရေရရှိရုံသာမက ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပါ အထောက်အကူပြုနိုင်သည့် တူးမြောင်းတစ်ခုဖြစ်ကြောင်း သိရသည်။
Newspaper - 2745 items
၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက်၊ မေ ၅ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 05, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက်၊ မေ ၄ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 04, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက်၊ မေ ၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 02, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက်၊ မေ ၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 02, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက်၊ မေ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 01, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက်၊ ဧပြီ ၂၉ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ April 29, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက်၊ ဧပြီ ၂၈ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ April 28, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက်၊ ဧပြီ ၂၇ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ April 27, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၃ ရက်၊ ဧပြီ ၂၆ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ April 26, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက်၊ ဧပြီ ၂၅ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ April 25, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download