News
Latest News - 101889 items
Ministry of Information / Posted on December 23, 2025
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာန အစီအစဉ်ဖြင့် Gender/ CEDAW/ NSPAW/ AGMSF/ WPS အသိ ပညာပေးသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဝန်ကြီးဌာနများမှ Gender Focal Point သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
Ministry of Information / Posted on December 23, 2025
ဥပဒေရေးရာဝန်ကြီးဌာနနှင့် အမျိုးသားဉာဏ်ရည်တု နည်းပညာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းတို့ ပူးပေါင်း၍ AI နည်းပညာဖြင့် ဥပဒေအသိပညာပြန့်ပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံးက အမိန့်ကြော်ငြာစာ အမှတ် ၁၂၀/၂၀၂၅ ဖြင့် “AI နည်းပညာဖြင့် ဥပဒေအသိပညာပြန့်ပွားရေးကြီးကြပ်မှုကော်မတီ” ကို ဖွဲ့စည်းပေးခဲ့ပြီး Legal Assistant AI Model ဆောင်ရွက်လျက်ရှိရာ ဥပဒေအသိပညာအချက်အလက်များ ထည့်သွင်းပြီးစီးမှုနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ဥပဒေရေးရာ ဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။
Ministry of Information / Posted on December 23, 2025
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာနရုံးအမှတ်(၁၃)ရှိ အစည်းအဝေးခန်းမ၌ တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၏ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများနှင့် တွေ့ဆုံဆွေးနွေးရာတွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ကျောင်းသား ကျောင်းသူများ၏ ကျောင်းတက်ရာခိုင်နှုန်း မြင့်မားစေရေးအတွက် သင်ယူမှုဝန်းကျင်ကောင်း ဖြစ်ပေါ်လာစေရေး စီစဉ်ဆောင်ရွက်ထားကြရန်လိုပါကြောင်း မှာကြားသည်။
Ministry of Information / Posted on December 23, 2025
မကြာမီရက်ပိုင်းတွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပတော့မည်ဖြစ်သည်။ ရွေးကောက်ပွဲအောင်မြင်ရေးအတွက် ဒီမိုကရေစီစနစ်၊ ဒီမိုကရေစီအစိုးရ၊ ခေတ်မီတိုးတက်သည့် ဒီမိုကရေစီနိုင်ငံအဖြစ် လိုလားသည့် နိုင်ငံသူနိုင်ငံသားများအားလုံး တက်ညီလက်ညီ ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်သည်။ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် နိုင်ငံတော်အနေဖြင့် ဆန္ဒမဲပေးခွင့်ရှိသူအားလုံး ဆန္ဒမဲပေးနိုင်ရေး၊ မဲမသမာမှုမရှိစေရေးနှင့် လိုအပ်သည်များအားလုံး အသင့်ပြင်ဆင်ဆောင်ရွက်ပေးထားပြီးဖြစ်သည်။
Ministry of Information / Posted on December 23, 2025
ဆန္ဒပြုမဲပေးခြင်းသည် နိုင်ငံသားများ၏ အမျိုးသားရေးတာဝန်ထမ်းဆောင်ခြင်းဖြစ်ရာ ရွေးကောက်ပွဲမှတစ်ဆင့် ပိုမိုအားကောင်းသော အနာဂတ်ကို ဖော်ဆောင်နိုင်ရန်အတွက် ပြန်ကြားရေးဝန်ကြီးဌာနက နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များနှင့် ပူးပေါင်း၍ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပရေး လှုံ့ဆော်မှု(Campaign)ကို နိုင်ငံတစ်ဝန်း၌ စီစဉ်ဆောင်ရွက်လျက်ရှိသည်။
Ministry of Information / Posted on December 23, 2025
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဦးဆောင်မှုဖြင့် စက်မှုလယ်ယာဦးစီးဌာနနှင့် မြန်မာနိုင်ငံ လယ်ယာသုံးစက်ကိရိယာလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းကျင်းပသည့် လယ်ယာသုံးစက်ကိရိယာပြပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ(ပျဉ်းမနား)၌ ကျင်းပသည်။
Ministry of Information / Posted on December 23, 2025
ယနေ့မှစ၍ နောက်ငါးရက်အကြာတွင် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအပိုင်း(၁) မဲပေးကြရတော့မည်။ နိုင်ငံနှင့်ပြည်သူ ပျက်စီးရာပျက်စီးကြောင်းကိုသာ အလိုရှိကြသည့် တိုင်းဖျက်ပြည်ဖျက်အကြမ်းဖက်တို့ မည်မျှခြိမ်းခြောက်နှောင့်ယှက်ဖျက်လို ဖျက်ဆီးပြုကြသည်ဖြစ်စေ သမိုင်းဘီးသည် ရှေ့သို့သာ လည်ပတ်ရွေ့လျားသည်နှင့်အညီ သတ်မှတ်ထားသည့်နေ့ရက်တွင် ရွေးကောက်ပွဲကျင်းပမည်သာဖြစ်သကဲ့သို့ တာဝန်ကျေပွန်သည့် နိုင်ငံသူနိုင်ငံသားတို့၏ စွမ်းပကားဖြင့် ရွေးကောက်ပွဲသည် အောင်မြင်စွာကျင်းပပြီးစီးမည်သာဖြစ်သည်။
Ministry of Information / Posted on December 22, 2025
မြန်မာနိုင်ငံအစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ အများဆုံးအခြေချလုပ်ကိုင်လျက်ရှိကြသည့် ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိတရားမဝင် အဆောက်အအုံများအတွင်း ဝင်ရောက်ရှင်းလင်းခြင်း၊ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းစဉ်များတွင် အသုံးပြုခဲ့သည့် သိမ်းဆည်းရမိပစ္စည်းများနှင့် တရားမဝင်အဆောက်အအုံများအား စနစ်တကျဖြိုချဖျက်ဆီးခြင်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဒေသတွင်း တာဝန်ရှိသူများအပါအဝင် အဖွဲ့စုံပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်လျက်ရှိသည်။
Ministry of Information / Posted on December 22, 2025
တပ်မတော်အနေဖြင့် အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် မြို့/ရွာအချို့အား ပြန်လည်သိမ်းပိုက်ရရှိရေး အကြမ်းဖက်မှုချေမှုန်းရေးစစ်ဆင်ရေး (Counter-Terrorism Operation) ကို ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၁၉ ရက်နေ့တွင်လည်း စစ်ကိုင်းတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နှင့် ၎င်းဒေသတစ်ဝိုက်အား ထပ်မံ၍ ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။
Ministry of Information / Posted on December 22, 2025
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပမှုကို ပျက်ပြားစေရန်ရည်ရွယ်၍ လူမှုကွန်ရက်စာမျက်နှာများ၊ အများပြည်သူဆိုင်ရာနေရာများ၌ ဟောပြောခြင်း၊ ပြောဆိုခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်း၊ ဆန္ဒပြခြင်း၊ စာရေးသားခြင်း၊ ရုပ်ပုံပိုစတာများချိတ်ဆွဲခြင်း စသည်တို့ဖြင့် နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းများ၊ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များအား ထိခိုက်ပျက်စီးအောင် နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းပြုလုပ်သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားခြင်းမှ ကာကွယ်ပေးရေးဥပဒေနှင့်အညီ ထိရောက်စွာအရေးယူ ဆောင်ရွက်လျက်ရှိပါသည်။
Newspaper - 3388 items
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၅ ရက် ၊ ဒီဇင်ဘာ ၂၃ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ December 23, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၄ ရက် ၊ ဒီဇင်ဘာ ၂၂ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 22, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၃ ရက် ၊ ဒီဇင်ဘာ ၂၁ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ December 21, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၂ ရက် ၊ ဒီဇင်ဘာ ၂၀ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ December 20, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁ ရက် ၊ ဒီဇင်ဘာ ၁၉ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ December 19, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လကွယ်နေ့ ၊ ဒီဇင်ဘာ ၁၈ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ December 18, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၃ ရက်၊ ဒီဇင်ဘာ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ December 17, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၂ ရက်၊ ဒီဇင်ဘာ ၁၆ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ December 16, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၁ ရက်၊ ဒီဇင်ဘာ ၁၅ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 15, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၀ ရက်၊ ဒီဇင်ဘာ ၁၄ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ December 14, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
