တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးသည် လွန်စွာအရေးကြီးသဖြင့် တိုင်းရင်းသားများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရမည်


Ministry of Information/ Naypyitaw / December 25, 2022
image_latest


ပဲခူး ဒီဇင်ဘာ ၂၄

တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များသည် ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲမထားဘဲ အရောင်အသွေးကင်းပြီး မိမိတို့လူမျိုးအဓွန့်ရှည်တည်တံ့စေရန် အကျိုးဆောင်ပေးရသည့် အဖွဲ့ဖြစ်ပါကြောင်း၊ နိုင်ငံတော်ကဆောင်ရွက်နေသည့် “ပန်းခင်းစီမံချက်”  နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုဇယားပြုလုပ်ခြင်းလုပ်ငန်းသည် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် လွန်စွာအရေးကြီးသဖြင့် တိုင်းရင်းသားများအားလုံး ပူးပေါင်း ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ လူငယ်များသည် နိုင်ငံတော်၏အနာဂတ် ခေါင်းဆောင်များဖြစ်ကြသည့်အတွက် ပညာရေးကိုဦးစားပေးကြရမည်ဖြစ်ပါကြောင်း၊ ပညာရည်မြင့်မားမှလူမှုဘဝတိုးတက်မြင့်မားမည်ဖြစ်ပါကြောင်း တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်နှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားတွင် အထက်ပါအတိုင်းပြောကြားသည်။

ယနေ့နံနက် ၁၁ နာရီတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးအစည်းအဝေးခန်းမ၌ကျင်းပရာတွင် ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနသည် တိုင်းရင်းသားအရေးကိစ္စရပ်များကိုဆောင်ရွက်ရသည့်ဌာနဖြစ်သည့်အတွက် လုပ်ငန်းများလျင်မြန်မှန်ကန်စွာဆောင်ရွက် နိုင်ရန်တိုင်းဒေသကြီး/ ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးများကို တာဝန်ခွဲဝေ အပ်နှင်းထားပြီးဖြစ်ပါကြောင်း၊ တိုင်းရင်းသားဒေသများတွင် စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ တိုင်းရင်းသားများ၏အခွင့်အရေးများ နစ်နာဆုံးရှုံးမှု မရှိစေရန်အတွက် မြေလွတ်၊ မြေလပ်၊ မြေရိုင်းများစီမံခန့်ခွဲမှုနှင့်ပတ်သက်ပြီး မိမိတို့ဝန်ကြီး ဌာနက မြေပြင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တိုင်းရင်းသားဘာသာသင် (Teaching Assitant- TA နှင့် Language Teacher – LT) များ ပိုမိုခန့်ထားနိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တစ်ဖက်တွင်လည်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် တိုင်းပြည်ငြိမ်းချမ်းရေးရရှိအောင် ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ် အသီးသီးတွင်ရှိသည့် ဖွံ့ဖြိုးတိုးတက်မှုနည်းပါးသည့် တိုင်းရင်းသားလူမျိုးများနှင့် ၎င်းတို့၏ဒေသများတွင် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးနှင့်လမ်းပန်းဆက်သွယ်ရေး စသည့် ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးအတွက်တိုင်းရင်း သားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးသည်လွန်စွာအရေးကြီးသဖြင့် တိုင်းရင်းသားများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က အမှာစကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က တွေ့ဆုံပွဲသို့တက်ရောက်လာကြသည့် ကရင်၊ မွန်၊ ရခိုင်၊ ရှမ်းနှင့် ပအိုဝ်းတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များကို တိုင်းရင်းသားအရေးကိစ္စရပ်များ ပိုမိုမြှင့်တင်ဆောင်ရွက်နိုင်ရန်အတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 2714 items

၁၃၈၅ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၂၉ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ March 29, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် ၊ မတ် ၂၈ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 28, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 27, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၂၆ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 26, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၂၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 25, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပေါင်းလပြည့်နေ့၊ မတ် ၂၄ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ March 24, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက်၊ မတ် ၂၃ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ March 23, 2024

Publication Date: 2024

Page: 32page

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက်၊ မတ် ၂၂ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ March 22, 2024

Publication Date: 2024

Page: 32page

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက်၊ မတ် ၂၁ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 21, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက်၊ မတ် ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 20, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download