ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ TTTC (ဘယ်လင်း) ၌ EV ပြုပြင်ထိန်းသိမ်းမှုသင်တန်း (၁/၂၀၂၄) နှင့် GTHS (ကျောက်ဆည်)၌ ကာလတိုသင်တန်း ဖွင့်ပွဲအခမ်းအနားများသို့ တက်ရောက်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / May 08, 2024
image_latest


နေပြည်တော် မေ ၇

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီမှ ချမှတ်ထားသောမူဝါဒ၊ ညွှန်ကြားချက်များနှင့်အညီ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနသည် နိုင်ငံတော်တွင် လျှပ်စစ်သုံးယာဉ် (Electric Vehicle ၊ EV) ကဏ္ဍဖွံ့ဖြိုးရေးအတွက် လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ သုတေသနဖွံ့ဖြိုးရေးနှင့် နည်းပညာပြန့်ပွားရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယမန်နေ့နံနက်ပိုင်းကနည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဆရာအတတ်သင် ကောလိပ် TTTC (ဘယ်လင်း) ၌ ကျင်းပသည့် လျှပ်စစ်သုံးယာဉ်ဆိုင်ရာ ပြစ်ချက်ရှာဖွေနည်းနှင့် ပြုပြင်ထိန်းသိမ်းမှု သင်တန်း (၁/ ၂၀၂၄) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

ဖွင့်ပွဲတွင် ဒုတိယဝန်ကြီးက နိုင်ငံတော်တွင် အခြားကမ္ဘာ့နိုင်ငံများနည်းတူ ရာသီဥတုဖောက်ပြန်မှုလျှော့ချနိုင်ရေး၊ ကာဗွန်ကင်းစင်ရေး၊ ရုပ်ကြွင်း‌လောင်စာအသုံးပြုမှုများမှ သက်ရောက်မှုများကို လျှော့ချနိုင်ရေး၊ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို ဖော်‌ဆောင်နိုင်ရေး၊ စက်သုံးဆီအသုံးစရိတ်လျှော့ချနိုင်ရေး၊ လေထုအရည်အသွေးများကိုမြင့်မားစေပြီး ပြည်သူများအတွက် သန့်ရှင်းသောလေထုမှတစ်ဆင့် ကျန်းမာရေးကောင်းမွန်စေသည့် ဆုလာဘ်များကိုပါ ရရှိရေးတို့အတွက် EV ကဏ္ဍဖွံ့ဖြိုးရေး ဆောင်ရွက်လျက်ရှိရာတွင် အရည်အသွေးပြည့်မီသော EV နည်းပညာရှင်များကို ပျိုးထောင်ပေးရန်လည်းလိုအပ်သဖြင့် ဤသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် နိုင်ငံတော်နှင့်ပြည်သူ့အကျိုးပြု EV နည်းပညာရှင်များဖြစ်စေရေး ရည်မှန်းချက်ထားကာ ကြိုးပမ်းလေ့ကျင့်ကြရန်လိုအပ်ကြောင်း တိုက်တွန်းပြောကြားသည်။

လေ့ကျင့်သင်ကြားပေးမည်

ယင်းနောက် ဒုတိယဝန်ကြီးသည် သင်တန်းသားများကို ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ပြီး EV အလုပ်ရုံတွင်အဆင့်မြင့် သင်ထောက်ကူပစ္စည်းများဖြင့် သင်တန်းသားများ သင်ယူလေ့ကျင့် နေမှုများကို ကြည့်ရှုအားပေးသည်။ အဆိုပါသင်တန်းတွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး၊ UNR 100၊ လျှပ်စစ်ကား၏ ဗို့အားမြင့် မောင်းနှင်ခြင်းစနစ်၊ Battery နည်းပညာ၊ ထိန်းချုပ်မှုစနစ်များ၊ Special Hand Tools၊ လျှပ်စစ်သုံးယာဉ်စနစ်တစ်ခုလုံးအတွက် ပြစ်ချက်ရှာဖွေခြင်း၊ စမ်းသပ်ခြင်း၊ Traction Battery ကိုဖြုတ်ခြင်း၊ တပ်ဆင်ခြင်းနှင့် စမ်းသပ်ခြင်း၊ Electrical Power Train စနစ်ကိုဖြုတ်ခြင်း၊ တပ်ဆင်ခြင်းနှင့်စမ်းသပ်ခြင်းဆိုင်ရာ အကြောင်းအရာများကို လေ့ကျင့်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် အစိုးရနည်းပညာ အထက်တန်းကျောင်း GTHS (ကျောက်ဆည်) သို့ရောက်ရှိပြီး ကျောက်ဆည်ခရိုင်၊ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတို့နှင့် ဒုတိယအကြိမ်မြောက်ပူးပေါင်းဖွင့်လှစ်သည့် အခြေခံလျှပ်စစ်သံဂဟေဆက် နည်းပညာသင်တန်း၊ အခြေခံကွန်ပျူတာသင်တန်းနှင့် အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်း သင်တန်းများ၏ သင်တန်းဖွင့်ပွဲအခမ်းအနားသို့တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပြီး အလုပ်ရုံများတွင် သင်တန်းသားများ ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးကာ လိုအပ်သည်များမှာကြားသည်။

ဘဝရပ်တည်ချက် ခိုင်မာရေး

အဆိုပါ သင်တန်းများကိုဒေသတွင်း MSME လုပ်ငန်းများအတွက် ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရန်၊ ကျေးလက်နေပြည်သူများအသိပညာ၊ အတတ်ပညာများမြင့်မားလာပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်၊ လူငယ်များဘဝရပ်တည်ချက် ခိုင်မာစေရေးအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိနိုင်ရန်နှင့် နိုင်ငံတော်ကအားထားရသည့် ဗလငါးတန်နှင့် ပြည့်စုံသောလူငယ်များပေါ် ထွန်းလာစေရန်တို့အတွက်ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ပြီး အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများနှင့် နွေရာသီကျောင်းပိတ်ကာလဖြစ်၍ ကျောင်းသားများ စုစုပေါင်းသင်တန်းသား ၅၀ ခန့် တက်ရောက်ကြကြောင်းနှင့် ဒေသလိုအပ်ချက်နှင့် ကိုက်ညီသော သင်တန်းများကို ဆက်လက် ဖွင့်လှစ်သွားရန်ရှိကြောင်း သိရသည်။          

သတင်းစဉ်

သတင်းစာများ - ၂၇၅၉ ခု

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက်၊ မေ ၂၀ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 20, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်၊ မေ ၁၉ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 19, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ မေ ၁၈ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 18, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက်၊ မေ ၁၇ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 17, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက်၊ မေ ၁၆ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 16, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက်၊ မေ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 15, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက်၊ မေ ၁၄ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 14, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက်၊ မေ ၁၃ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 13, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက်၊ မေ ၁၂ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 12, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၃ ရက် ၊ မေ ၁၀ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 10, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download