Latest News - 100181 items

(ဒုတိယ) အကြိမ် မဲစာရင်းကပ်ထားကြေညာခြင်းနှင့်စပ်လျဉ်း၍ မဲဆန္ဒရှင်ပြည်သူများသို့ မေတ္တာရပ်ခံချက်

Ministry of Information / Posted on November 21, 2025

၁။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများကို (ပထမ) အကြိမ်အဖြစ် ၂၁ ရက်ကြာ ကပ်ထားကြေညာခဲ့ပြီးဖြစ်ပါသည်။ မဲစာရင်းများပြည့်စုံမှန်ကန်စေရေးအတွက် မဲစာရင်းများကို ၂၁ - ၁၁ - ၂၀၂၅ ရက်နေ့မှ ၄ - ၁၂ - ၂၀၂၅ ရက်နေ့အထိ ၁၄ ရက်ကြာ သက်ဆိုင်ရာရပ်ကွက်နှင့် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများနှင့် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် (ဒုတိယ)အကြိမ်အဖြစ် ထပ်မံကပ်ထားကြေညာမည်ဖြစ်ပါသည်။ အကြောင်းအမျိုးမျိုးကြောင့် ရပ်ကွက်နှင့်ကျေးရွာအုပ်စုများတွင် ကပ်ထားကြေညာနိုင်ခြင်းမရှိပါက သက်ဆိုင်ရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးများတွင် မဲစာရင်းကြည့်ရှုနိုင်ရေး ဆောင်ရွက်ထားမည်ဖြစ်ပါသည်။ မဲဆန္ဒရှင်စာရင်းများကပ်ထားကြေညာစဉ် မဲဆန္ဒရှင်များက မဲစာရင်းလာရောက်ကြည့်ရှုမှသာ ပြည့်စုံမှန်ကန်သော မဲစာရင်းရရှိနိုင်မည်ဖြစ်ပါသည်။

(၃၁) ကြိမ်မြောက် အာဆီယံပို့ဆောင်ရေးဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကျင်းပ

Ministry of Information / Posted on November 21, 2025

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက ဦးဆောင်၍ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပပြုလုပ်သည့် (၃၁) ကြိမ်မြောက် အာဆီယံပို့ဆောင်ရေးဝန်ကြီးများအစည်းအဝေး (31st ASEAN Transport Ministers Meeting – 31st ATM)နှင့် ဆက်စပ်အစည်းအဝေးများကို ယနေ့နံနက်ပိုင်းက နေပြည်တော် Jasmine Hotel ၌ Hybrid Mode ဖြင့် စတင်ကျင်းပရာ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော တက်ရောက်အမှာစကားပြောကြား၍ အခမ်းအနားကို ဖွင့်လှစ်သည်။

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့၊ အဖွဲ့ဝင်နိုင်ငံများ၏ အစိုးရအကြီးအကဲများ ကောင်စီအစည်းအဝေးနှင့် ဆက်စပ်ကျင်းပသည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးဖိုရမ်သို့ ဒုတိယဝန်ကြီး ဦးကျော်ထင် ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့ တက်ရောက်

Ministry of Information / Posted on November 21, 2025

အမျိုးသားစီမံကိန်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်ထင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားနိုင်ငံ မော်စကိုမြို့၌ကျင်းပသည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့၊ အဖွဲ့ဝင်နိုင်ငံများ၏ အစိုးရအကြီးအကဲများကောင်စီအစည်းအဝေးနှင့် ဆက်စပ်ကျင်းပသည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးဖိုရမ် (Shanghai Cooperation Organisation Forum on Sustainable Development) သို့ တက်ရောက်ခဲ့သည်။

၂၀၂၅ ခုနှစ် အကြိမ်(၆၀)မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ စတုတ္ထနေ့ ဆက်လက်ကျင်းပ၊ ကျောက်မျက်အတွဲပေါင်း ၆၇ တွဲ ရောင်းချနိုင်ခဲ့

Ministry of Information / Posted on November 21, 2025

၂၀၂၅ ခုနှစ် အကြိမ်(၆၀)မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ စတုတ္ထနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ နံနက်ပိုင်းမှစတင်၍ ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များသည် မဏိရတနာကျောက်စိမ်း ခန်းမအတွင်းနှင့် ခန်းမအပြင်ဘက် သတ်မှတ် နေရာများအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက်လေ့လာကြည့်ရှုကြသည်။

စာပေမြှင့်၍ မျိုးဂုဏ်တင့်စေ

Ministry of Information / Posted on November 21, 2025

မြန်မာလူမျိုးတို့၏ ကိုယ်ပိုင်အက္ခရာနှင့် ကိုယ်ပိုင်စာပေမှာ နှစ်ပေါင်းထောင်ချီ၍ သက်တမ်းရှည်ကြာခဲ့ပြီဖြစ်ပြီး ခေတ်အဆက်ဆက်တွင် ဖွံ့ဖြိုးတိုးတက်ဝေဆာခဲ့သည်။ မြန်မာစာပေ၏အဦးအစကို အစောဆုံးတွေ့ထားသမျှ အထောက်အထားအရ ပုဂံခေတ်ကဖြစ်သည်ဟု မှတ်သားထားရှိသည်။ ပုဂံခေတ်တစ်လျှောက် မြန်မာစာပေအရေးအသားတို့ကို ကျောက်စာ၊ မင်စာ၊ အုတ်ခွက်စာများတွင် အထင်အရှားတွေ့နိုင်ပြီး ကဗျာ၊ လင်္ကာ၊ သဒ္ဒါ၊ နီတိ၊ စကားပြေစာပေပုံစံတို့ ထွန်းကားခဲ့သည်။ ပုဂံခေတ်တွင် မြန်မာစာပေထွန်းကားခဲ့သလို ပညာရှိများလည်း ပေါများခဲ့သည်ဟု သမိုင်းမှတ်တမ်းများကဆိုသည်။

နိုင်ငံတော်နှင့်နိုင်ငံသားများဂုဏ်အတွက် ရေကုန်ရေခန်းကြိုးပမ်းယှဉ်ပြိုင်မြှင့်တင်

Ministry of Information / Posted on November 21, 2025

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ ထိုင်းနိုင်ငံတွင် ကျင်းပမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကြီး ပြုလုပ်တော့မည်ဖြစ်သည်။ ရက်ပိုင်းမျှသာလိုတော့သည့် အားကစားပြိုင်ပွဲကြီးတွင် မြန်မာအားကစားမောင်မယ်များအားလုံး ပါဝင်ယှဉ်ပြိုင်ရန် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ၊ အားကစားပိုင်းဆိုင်ရာအပါအဝင် အစစအရာရာအသင့်ဖြစ်နေပြီဖြစ်ရာ ပြိုင်ပွဲတိုင်းတွင် အနိုင်ရရှိရေးဟူသည့် အမျိုးသားရေးအောင်စိတ်ဖြင့် နိုင်ငံတော်၏ဂုဏ်နှင့် နိုင်ငံသားများ၏ သိက္ခာကိုမြှင့်တင်ပေးကြရမည်ဖြစ်သည်။

၂၀၂၄ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ဆုနှင်းသဘင်အခမ်းအနားကျင်းပ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ တက်ရောက်ချီးမြှင့်ပေးအပ်

Ministry of Information / Posted on November 21, 2025

၂၀၂၄ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ဆုနှင်းသဘင်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန - ၁ ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်၍ စာပေဆုများပေးအပ်ချီးမြှင့်သည်။

နေ့စဉ်မိုးလေဝသသတင်း

Ministry of Transport and Communications / Posted on November 21, 2025

နေ့စဉ်မိုးလေဝသသတင်း

အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသား ၃၄၆ ဦးအား ထပ်မံဖော်ထုတ်ထိမ်းသိမ်းနိုင်ခဲ့ပြီး အိန္ဒိယနိုင်ငံသား ၁၂၅ ဦးအား သက်ဆိုင်ရာနိုင်ငံသို့ လွှဲပြောင်းပေးအပ် 

Ministry of Home Affairs / Posted on November 20, 2025

ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီမြို့၊ ရွှေကုက္ကိုလ်၊  မဲ့ထော်သလေး (KK Park) နှင့် ကျောက်ခတ်နယ်မြေများတွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ အပါအဝင် ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် ..................................

မွန်ပြည်နယ်၊ ရေးမြို့နယ်၌ တူတော်စပ်သူမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အဒေါ်ဖြစ်သူ သေဆုံး

Ministry of Home Affairs / Posted on November 20, 2025

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၇ ရက် မွန်းလွဲ ၃ နာရီ ၄၅ မိနစ်တွင် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရန်မျိုးအောင်ရပ်ကွက်၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသမီး တစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ ............................

Newspaper - 3356 items

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၂ ရက် ၊ နိုဝင်ဘာ ၂၁ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ November 21, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁ ရက် ၊ နိုဝင်ဘာ ၂၀ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ November 20, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလကွယ်နေ့ ၊ နိုဝင်ဘာ ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ November 19, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၄ ရက်၊ နိုဝင်ဘာ ၁၈ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ November 18, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၃ ရက်၊ နိုဝင်ဘာ ၁၇ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ November 17, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၂ ရက်၊ နိုဝင်ဘာ ၁၆ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ November 16, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၁ ရက်၊ နိုဝင်ဘာ ၁၅ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ November 15, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်၊ နိုဝင်ဘာ ၁၄ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ November 14, 2025

Publication Date: 2025

Page: 32 pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၉ ရက်၊ နိုဝင်ဘာ ၁၃ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ November 13, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊ နိုဝင်ဘာ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ November 12, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download