News
Latest News - 102080 items
Ministry of Information / Posted on December 26, 2025
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၄၄)မြို့နယ် (ကိုကိုးကျွန်းမြို့နယ်မပါ)တွင် လုံခြုံရေး၊ တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်၍ နံနက်(၁)နာရီမှ နံနက်(၃)နာရီအချိန်အတွင်း ညမထွက်ရအမိန့်ကို ထုတ်ပြန်ထားခဲ့ရာ ယခုအခါ ရန်ကုန်တိုင်းဒေသကြီးအတွင်း နယ်မြေဒေသတည်ငြိမ်အေးချမ်းမှု ပိုမိုတိုးတက်ကောင်းမွန်လာပြီဖြစ်ပါသဖြင့် စီးပွားရေး၊ လူမှုရေး၊ ဘာသာရေးဆိုင်ရာကိစ္စရပ်များ တိုးတက်ဆောင်ရွက်နိုင်ရေး၊ အများပြည်သူများ သွားလာမှုအဆင်ပြေချောမွေ့စေရေးနှင့် လုပ်ငန်းများပိုမိုဖွံ့ဖြိုးတိုးတက်စေရေးရည်ရွယ်၍ လက်ရှိထုတ်ပြန်ထားသော နံနက်(၁)နာရီမှ နံနက်(၃)နာရီအချိန်အတွင်း ညမထွက်ရ အမိန့်အား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက်မှစတင်၍ ရုပ်သိမ်းကြောင်း သတင်းရရှိပါသည်။
Ministry of Information / Posted on December 26, 2025
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Ministry of Information / Posted on December 26, 2025
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)က ကြီးမှူးကျင်းပသည့် ခရစ်တော်မွေးနေ့ ခရစ္စမတ်ကျေးဇူးတော် ချီးမွမ်းခြင်းအခမ်းအနားကို ရန်ကုန်မြို့ကျောက်တံတားမြို့နယ်ရှိ ဧမာနွေလဘုရားကျောင်း၌ ကျင်းပသည်။
Ministry of Information / Posted on December 26, 2025
ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီအောက်ရှိ ဒစ်ဂျစ်တယ် စီးပွားရေးအခြေခံအဆောက်အအုံနှင့် ဆိုက်ဘာလုံခြုံရေးဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ (၂/၂၀၂၅) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီးရုံးအစည်းအဝေးခန်းမရုံးအမှတ်(၂)၌ ကျင်းပသည်။
Ministry of Information / Posted on December 26, 2025
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည် မြန်မာ့မီးရထားမှ အထွေထွေမန်နေဂျာများ၊ တိုင်းတာဝန်ခံ အရာရှိများနှင့်အတူ ဒီဇင်ဘာ ၂၂ ရက်မှ ၂၄ ရက်အထိ သာစည် - ရွှေညောင် - တောင်ကြီး ရထားလမ်းပိုင်းရှိ သာစည်၊ လှိုင်း တက်၊ ဘုရားငါးဆူ၊ ယင်းမာပင်၊ ကလော၊ ကမ်းနားနှင့် ဟဲဟိုးဘူတာများအခြေအနေ၊ ကလော- ဆင်တောင် - မြင်းဒိုက် ဘူတာကြားရှိ ရထားလမ်းပိုင်းနှင့် ကမ်းပါးနီဥမင် အဝင်/ အထွက် နေရာများ၊ တောင်ကြီး - ထီသိမ်- ပေါမူ ရထားလမ်းပိုင်းရှိ Great Wall ဖို့မြေ တာပေါင်နေရာ နှင့် ကျောက်စီရေဆင်းမြောင်း ဆောင်ရွက်ထားမှုအခြေအနေ၊ ပင်းပက် - နောင်ကားလမ်းခွဲရထားလမ်းပိုင်းနှင့် ရထားလမ်းတံတားများ၏ အခြေအနေ၊ ရွှေညောင်ဘူတာနှင့် ကွန်ကရစ် ဇလီဖား စက်ရုံ(ရွှေညောင်) တို့၏ အခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Ministry of Information / Posted on December 26, 2025
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းဥက္ကဋ္ဌ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်ရှိ အမှတ်(၄)လမ်းမကို(၈)လမ်းသွား လမ်းမကြီးအဖြစ် အဆင့်မြှင့်တင်တိုးချဲ့ခြင်း လုပ်ငန်းများဆောင်ရွက်ရာတွင် လမ်းနယ်နှင့် မလွတ်ကင်းသော ဓာတ်အားလိုင်းများ လမ်းမကြီးနှင့်လွတ်ကင်းရာသို့ ပြောင်းရွှေ့တည်ဆောက်ခြင်း ဆောင်ရွက်ပြီးစီးနေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Ministry of Information / Posted on December 26, 2025
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးသည် မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြားရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် RBE ရထားဖြင့် ပြင်ဦးလွင်- ဂုတ်ထိပ်ကြားရှိ ရထားလမ်းပိုင်းနှင့် ရှေးဟောင်းသမိုင်းဝင် ဂုတ်ထိပ်တံတားကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Ministry of Information / Posted on December 26, 2025
မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် ကွမ်ရှီးအသံနှင့် ရုပ်မြင်သံကြားဌာနတို့ပူးပေါင်းပြီး မြန်မာ - တရုတ် သံတမန်ဆက်ဆံရေး (၇၅)နှစ် ပြည့်အထိမ်းအမှတ် ကဗျာနှလုံးသား တူယှဉ်သွား တရုတ်-မြန်မာ ဂန္ထဝင်ကဗျာများရွတ်ဆိုပွဲကို ဒီဇင်ဘာ ၂၄ ရက် နံနက်ပိုင်းတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ရန်ကုန် Studio –A ၌ ကျင်းပပြုလုပ်သည်။ အဆိုပါအခမ်းအနားသို့ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားညွှန်ကြားရေးမှူးချုပ်ဦးရဲနိုင်၊ ကွမ်ရှီးအသံနှင့်ရုပ်မြင်သံကြားဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် Ms.Zhengkui နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား(ရန်ကုန်)မှ ဝန်ထမ်းမိသားစုများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များတက်ရောက်ကြသည်။
Ministry of Information / Posted on December 26, 2025
ဒေသတွင်း NGO အဖွဲ့အစည်းများ လူမှုဘဝတိုးတက်ဖွံ့ဖြိုးရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် မြန်မာ၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား၊ လာအို၊ နီပေါ(၆)နိုင်ငံမှ လူမှုရေး အသင်းအဖွဲ့များက ၂၀၂၅ ခုနှစ်အောက်တိုဘာ ၁ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့၌ စတင်ဖွဲ့စည်းခဲ့သည့် “တရုတ်-တောင်အာရှနှင့် အရှေ့တောင်အာရှ ပြည်သူ့လူမှုရေးအဖွဲ့အစည်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေးမဟာမိတ်အဖွဲ့ ”(China South & Southeast Asian Civil Society Organizations Development and Exchange Cooperation Alliance) ၏ တတိယအကြိမ်မြောက်ကျင်းပသည့် အွန်လိုင်းအစည်းအဝေးကို မြန်မာနိုင်ငံရှိ မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေးအသင်းက စီစဉ်လျက် ဒီဇင်ဘာ ၂၂ ရက်တွင် ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်၌ အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။

Newspaper - 3391 items
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၈ ရက် ၊ ဒီဇင်ဘာ ၂၆ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ December 26, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၇ ရက် ၊ ဒီဇင်ဘာ ၂၅ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ December 25, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၆ ရက် ၊ ဒီဇင်ဘာ ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ December 24, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၅ ရက် ၊ ဒီဇင်ဘာ ၂၃ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ December 23, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၄ ရက် ၊ ဒီဇင်ဘာ ၂၂ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 22, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၃ ရက် ၊ ဒီဇင်ဘာ ၂၁ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ December 21, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၂ ရက် ၊ ဒီဇင်ဘာ ၂၀ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ December 20, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁ ရက် ၊ ဒီဇင်ဘာ ၁၉ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ December 19, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လကွယ်နေ့ ၊ ဒီဇင်ဘာ ၁၈ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ December 18, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၃ ရက်၊ ဒီဇင်ဘာ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ December 17, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download