ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သစ်နှင့် ကြိမ်အချောထည်စက်ရုံများ ကြည့်ရှုစစ်ဆေး
ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သစ်နှင့် ကြိမ်အချောထည်စက်ရုံများ ကြည့်ရှုစစ်ဆေး
Ministry of Information/ Naypyitaw / March 24, 2025

နေပြည်တော် မတ် ၂၃
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ချမ်းမြေ့သာ သစ်အချောထည် စက်ရုံ၌ ကျွန်း၊ မန်ဂျန်ရှားနှင့် ရော်ဘာသစ်အချောထည် ပရိဘောဂများ ထုတ်လုပ်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
စစ်ဆေးစဉ် တာဝန်ရှိသူများက ကုန်ကြမ်းရရှိမှုနှင့် ကုန်ချောထုတ်လုပ်မှု၊ ပြည်တွင်းစျေးကွက်ဝယ်လိုအားနှင့် ရောင်းချမှု၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက သစ်အခြေခံစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတွင် ပုဂ္ဂလိကအခန်းကဏ္ဍသည် အရေးကြီးသည့်အတွက် ကုန်ကြမ်းရရှိရေးနှင့် ထုတ်လုပ်ပြီးသော ကုန်ချောများတင်ပို့ရာတွင် အဆင်ပြေချောမွေ့မှုရှိစေရေးအတွက်ဌာနနှင့် လုပ်ငန်းရှင်များ ညှိနှိုင်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ အလားတူအချောထည် ပရိဘောဂပြုလုပ်ရန် သင့်တော်သည့်သစ်မျိုးများကို ဖော်ထုတ်ပြီးဌာနနှင့် ပုဂ္ဂလိကပေါင်းစပ်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း မှာကြားသည်။
ယင်းနောက် တောင်ဒဂုံမြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်း၊ အမှတ်(၁၀) ပရိဘောဂစက်ရုံရှိ တာဝန်ရှိသူများနှင့်တွေ့ဆုံရာ ပြည်ထောင်စုဝန်ကြီးက မြန်မာ့သစ်လုပ်ငန်းအနေဖြင့် တန်ဖိုးမြှင့် သစ်အချောထည် များထုတ်လုပ်ပြီး ပြည်တွင်း၊ ပြည်ပစျေးကွက်များရှာဖွေ၍ ရငွေလျာထားချက် ပြည့်မီအောင် ကြိုးပမ်း ဆောင်ရွက်ရေး၊ နည်းပညာနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း၊ လုပ်ငန်းရှင်များနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ရေးတို့ကိုမှာကြားကာ ထုတ်လုပ်ထားသော သစ်အချောထည်ပရိဘောဂများကို လှည့်လည်ကြည့်ရှုသည်။
ထို့နောက် တောင်ဒဂုံမြို့နယ်ရှိ Great Myanmar ကြိမ်အချောထည်လုပ်ငန်းသို့ သွားရောက်ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများ၏ ကုန်ကြမ်းရရှိမှု၊ ကုန်ချောထုတ်လုပ်မှု၊ ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချမှုနှင့် လုပ်ငန်းလိုအပ်ချက်များနှင့် စပ်လျဉ်း၍ တင်ပြမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ပဲခူးတိုင်းဒေသကြီးပဲခူးမြို့နယ် စလူကြိုးဝိုင်း ဝါးကတုတ် ပျိုးဥယျာဉ်ရှိ သီးနှံသစ်တော ရောနှောစိုက်ခင်း သရုပ်ပြကွက်အတွင်း ပျဉ်းကတိုး၊ မန်ဂျန်ရှား၊ ယမနေ၊ ပိတောက်၊ မဟော်ဂနီသစ်မျိုးများနှင့် သရက်၊ ဒန့်သလွန်၊ ပိန္နဲ၊ ကော်ဖီသီးနှံများ ရောနှောစိုက်ပျိုးထားမှုနှင့် ပျားမွေးမြူခြင်း သရုပ်ပြဆောင်ရွက်ထားမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ လုပ်ငန်းဆိုင်ရာ တင်ပြချက်များပေါ် လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3157 items

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက်၊ မေ ၉ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 09, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်၊ မေ ၈ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 08, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ မေ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 07, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက်၊ မေ ၆ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက်၊ မေ ၅ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက်၊ မေ ၄ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက်၊ မေ ၃ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက်၊ မေ ၂ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 02, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက်၊ မေ ၁ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ April 30, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download