ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ်(OWIC) ထုတ်ပေးမှု ဒုတိယဝန်ကြီး ကြည့်ရှု စစ်ဆေး
ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ်(OWIC) ထုတ်ပေးမှု ဒုတိယဝန်ကြီး ကြည့်ရှု စစ်ဆေး
Ministry of Labour/ ရန်ကုန်တိုင်းဒေသကြီး / May 26, 2023
ရန်ကုန် မေ ၂၅
အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် အလုပ်သမားညွှန်ကြားရေးဦးစီး ဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် လိုက်ပါလျက် ယနေ့ နေ့လယ်ပိုင်းတွင် ရွှေ့ပြောင်း အလုပ်သမားဌာနစု (မြောက်ဒဂုံ) ပင်လုံခန်းမနှင့် မရမ်းကုန်းမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီး အလုပ်သမားညွှန်ကြားရေးဦးစီးဌာနရုံးတွင် ပြည်ပအလုပ်အကိုင်အလုပ်သမား သက်သေခံကတ် (Overseas Worker Identification Card- OWIC) ထုတ်ပေးနေမှု အခြေအနေများကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့သည်။
ဒုတိယဝန်ကြီးက ဝန်ထမ်းများကို OWIC ထုတ်ပေးမှု အဆင်ပြေချောမွေ့စေရေး စနစ်တကျ စီမံဆောင်ရွက်ရန်နှင့် လာရောက်ထုတ်ယူသူများ စနစ်တကျရှိရေး အလေးထား ဆောင်ရွက်ရန်၊ ဦးစီးဌာနမှ ထုတ်ပြန်ကြေညာချက်များကို သိရှိမှတ်သားလိုက်နာဆောင်ရွက် နိုင်ရေး အသိပေးဆောင်ရွက်ရန်၊ စေတနာထား၍ အလေးထားဆောင်ရွက်ပေးရန် မှာကြားခဲ့ပြီး OWIC လာရောက် ထုတ်ယူသူများကို တွေ့ဆုံစဉ် ပြည်ပအလုပ်အကိုင်ရှာဖွေသူများအနေဖြင့် ပြည်ပသို့ စနစ်တကျ သွားရောက်လုပ်ကိုင်နိုင်ရေး၊ ပြည်ပအလုပ်အကိုင်အမျိုးအစားအလိုက် ရရှိခဲ့သော အတွေ့အကြုံနှင့် နည်းပညာများ၊ အတတ်ပညာများကို ပြည်တွင်း၌ စနစ်တကျ ပြန်လည်အသုံးချဆောင်ရွက်ရေး၊ ပြည်ပရောက် မြန်မာနိုင်ငံသား အလုပ်သမားများ၏ ရပိုင်ခွင့်နှင့် အခွင့်အရေးများ နစ်နာဆုံးရှုံးမှု မရှိစေရေးနှင့် ရသင့်ရထိုက်သည့် အခွင့်အရေးများ ရရှိခံစားနိုင်ရေး ကောင်းမွန်စွာ သိရှိနားလည်ရန်လိုကြောင်း၊ ပြည်ပတွင် လုပ်ကိုင်နေစဉ် အခက်အခဲရှိပါက ပြည်ပရှိ မြန်မာနိုင်ငံသံရုံးများနှင့် အလုပ်သမားသံအရာရှိများထံ ဆက်သွယ်ဆောင်ရွက်ရန်၊ မိမိ အစီအစဉ်ဖြင့် အလုပ်သွားရောက်လုပ်ကိုင်သူ အလွန်များပြားလာသဖြင့် OWIC ထုတ်ပေးရေး လုပ်ငန်းစဉ်ကို နောက်ထပ်တိုးချဲ့ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်ပသို့ သွားရောက် လုပ်ကိုင်လိုသူများကို OWIC ကတ် လျှောက်ထားထုတ်ယူရေး သတင်းစကား ဖြန့်ဝေပေးရန် မှာကြားခဲ့သည်။
OWIC ကတ်ကို သက်တမ်း ၅ နှစ်ဖြင့် ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်မည့်သူများကို စနစ်တကျ မှတ်ပုံတင်ထားရှိရေး၊ ပြည်ပနိုင်ငံသို့ သွားရောက်လုပ်ကိုင်နေသည့် အလုပ် သမားစာရင်းများ ရရှိရေး၊ အလုပ်သမားစေလွှတ်သည့် ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင် စင်ရအေဂျင်စီများမှ ဝင်ငွေခွန်များ၊ ကုန်သွယ်ခွန်များကို စနစ်တကျပေးဆောင်စေ၍ နိုင်ငံတော် အတွက် ဝင်ငွေများရရှိစေရေး၊ ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာလုပ် သားများ အကူအညီတောင်းခံလာပါက အချက် အလက်များကို စစ်ဆေး၍ ကူညီဆောင်ရွက်ပေးနိုင်ရေး၊ နိုင်ငံအလိုက် လုပ်သားထွက်ခွာမှု စာရင်းများမှတဆင့် လိုအပ်သည့် မူဝါဒများ ရေးဆွဲ ချမှတ်နိုင်ရေးအတွက် Data Server တွင် အချက်အလက်များ သိမ်းဆည်း၍ ထုတ်ပေးလျက် ရှိသည်။ ပြည်ပအလုပ် အကိုင်အကျိုးဆောင်လိုင်စင်ရ အေဂျင်စီအစီအစဉ်ဖြင့် စေလွှတ်သည့် အလုပ်သမားများအတွက် ရွှေ့ပြောင်းအလုပ်သမားဌာနစု (မြောက်ဒဂုံ) ပင်လုံခန်းမတွင် ထုတ်ယူနိုင်ပြီး မိမိအစီအစဉ် ဖြင့်သွားရောက်လုပ်ကိုင်မည့် ကျွမ်းကျင်အလုပ်သမားများ၊ ပြည်ပ နိုင်ငံများတွင် အလုပ်လုပ်ကိုင်လျက် ရှိရာမှ ခွင့်ပြန်လာသည့် အလုပ်သမားများနှင့် PJ Passport ကိုင်ဆောင်ထားပြီး အမြဲတမ်းနေထိုင်ခွင့် ပါမစ်ဖြင့် နေထိုင်လုပ်ကိုင်နေသူများအတွက် ရန်ကုန်တိုင်းဒေသကြီး အလုပ်သမားညွှန်ကြားရေးဦးစီးဌာနရုံးတွင် သတ်မှတ်ချက်နှင့်အညီ စိစစ်ခွင့်ပြု ထုတ်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
Newspaper - 2273 items

၁၃၈၅ ခုနှစ်၊ နယုန်လဆန်း ၁၃ရက်၊ မေ ၃၁ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 31, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၅ ခုနှစ်၊ နယုန်လဆန်း ၁၂ ရက်၊ မေ ၃၀ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 30, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၅ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက်၊ မေ ၂၉ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ May 30, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၅ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက်၊ မေ ၂၈ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 30, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၅ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက်၊ မေ ၂၈ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 30, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၅ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက်၊ မေ ၂၈ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 30, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၅ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက်၊ မေ ၂၈ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 30, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၅ ခုနှစ်၊ နယုန်လဆန်း ၉ ရက်၊ မေ ၂၇ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 30, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၅ ခုနှစ်၊ နယုန်လဆန်း ၈ ရက်၊ မေ ၂၆ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 30, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၅ ခုနှစ်၊ နယုန်လဆန်း ၇ ရက်၊ မေ ၂၅ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 25, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download