ပြည်လုံးကျွတ်အဆင့် သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို နိုင်ငံတကာအကူအညီမပါရှိဘဲ မိမိတို့နိုင်ငံအင်အားဖြင့်သာ ဆောင်ရွက်နေခြင်းဖြစ်
ပြည်လုံးကျွတ်အဆင့် သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို နိုင်ငံတကာအကူအညီမပါရှိဘဲ မိမိတို့နိုင်ငံအင်အားဖြင့်သာ ဆောင်ရွက်နေခြင်းဖြစ်
Ministry of Information/ Naypyitaw / April 27, 2024
နေပြည်တော် ဧပြီ ၂၆
၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း အောင်မြင်ရေးအတွက် ဗဟိုသန်းခေါင်စာရင်းကော်မရှင် စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီခွဲက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ဗဟိုသန်းခေါင် စာရင်းကော်မရှင်ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသည့် ဝန်ကြီးဌာနအသီးသီးမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ ပြည်နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌများဖြစ်ကြသည့် တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်များက သက်ဆိုင်ရာဒေသများမှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
ရှေးဦးစွာ ဗဟိုသန်းခေါင်စာရင်း ကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးက လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ ပြည်လုံးကျွတ်အဆင့် ကောက်ယူမည်ဖြစ်ရာ အချိန်ကာလအားဖြင့် အလွန်နီးကပ်နေပြီဖြစ်ပါကြောင်း၊ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများနှင့် မူဝါဒများချမှတ်ရာတွင် အရေးကြီးသည့် လူမှုစီးပွားဆိုင်ရာအချက်အလက်များရရှိနိုင်မည့် တစ်ခုတည်းသော စီမံကိန်းလုပ်ငန်းဖြစ်ခြင်းကြောင့် အမျိုးသားတာဝန်တစ်ရပ်အနေဖြင့် အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။
သန်းခေါင်စာရင်း ကောက်ယူရာတွင် စာရင်းစစ်၊ စာရင်းကောက်များအဖြစ် ပညာရေးဝန်ထမ်းများက အဓိကပါဝင်မည်ဖြစ်ပြီး ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုရေး အဖွဲ့အစည်းများ၊ တက္ကသိုလ်ကျောင်းသား/ ကျောင်းသူများနှင့် စိတ်ပါဝင်စားသူ (Volunteers) များ ပါဝင်ဆောင်ရွက်ကြမည်ဖြစ်ပါကြောင်း၊ သန်းခေါင်စာရင်း သင်တန်းအဆင့်ဆင့်ကို လာမည့်ဩဂုတ်လနှင့် စက်တင်ဘာလတို့ တွင် ဖွင့်လှစ်သွားမည်ဖြစ်သဖြင့် စာရင်းကောက်ယူမည့် Mobile Tablet များအပါအဝင် လုပ်ငန်းအတွက် အသုံးပြုရန် လိုအပ်သည့် အထောက်အကူပြုပစ္စည်းများကို စာရင်းစစ်၊ စာရင်းကောက်များထံ အချိန်မီထုတ်ပေးနိုင်ရေးနှင့် အုပ်ချုပ်မှုနှင့် စီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များကို ကြီးကြပ်မှုကော်မတီများအနေဖြင့် ကြိုတင်ပြင်ဆင်စီမံဆောင်ရွက်ထားကြရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ သန်းခေါင်စာရင်းလုပ်ငန်းနှင့်ပတ်သက်၍ စမ်းသပ်သန်းခေါင်စာရင်းမှ ရရှိလာသည့် အတွေ့အကြုံများ၊ အားသာချက်၊ အားနည်းချက်များ ကိုအခြေခံ၍ ကောက်ကွက်ဖွဲ့စည်းခြင်း၊ သန်းခေါင်စာရင်းမေးခွန်းပုံစံ ပြင်ဆင်အတည်ပြုခြင်းတို့ကို သတ်မှတ်အချိန်ဇယားအတိုင်း အချိန်မီပြီးစီးရေးအတွက် မိမိတို့ဝန်ကြီးဌာနမှ ဆောင်ရွက်ပြီးဖြစ်ပါကြောင်း။
ထို့ပြင် CAPI စနစ် ပြင်ဆင်တည်ဆောက်ခြင်း၊ စာရင်းစစ်၊ စာရင်းကောက်လက်စွဲစာစောင်များ၊ သင်တန်းလမ်းညွှန်စာစောင်များ ပြုစုခြင်းတို့ကိုလည်း အချိန်မီပြီးစီးရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ သန်းခေါင်စာရင်းကောက်ယူရေး အသေးစိတ်လုပ်ငန်းအစီအစဉ်များကို နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီများမှတစ်ဆင့် ကော်မတီအဆင့်ဆင့်သို့ အချိန်နှင့်တစ်ပြေးညီ ထပ်ဆင့်ညွှန်ကြားဆောင်ရွက်ကြရန်လည်း လိုအပ်ပါကြောင်း၊ သန်းခေါင်စာရင်းကောက်ယူရာတွင် နည်းပညာလိုအပ်ချက်များ၊ ဆိုက်ဘာလုံခြုံရေးနှင့် အခြားသောနယ်မြေဒေသလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ယခုပြည်လုံးကျွတ်အဆင့် သန်းခေါင် စာရင်းကောက်ယူခြင်းလုပ်ငန်းကို နိုင်ငံတကာအကူအညီမပါရှိဘဲ မိမိတို့နိုင်ငံအင်အားဖြင့်သာ ဆောင်ရွက်နေခြင်းဖြစ်သည့်အတွက် အားလုံးက အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူကာ နိုင်ငံတော်အစိုးရ၏ မှတ်တိုင်တစ်ခု စိုက်ထူမှတ်ကျောက်တင်နိုင်ရေးအတွက် တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။
ထို့နောက် ဗဟိုသန်းခေါင်စာရင်းကော်မရှင်အတွင်းရေးမှူး (၁) လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဌေးလှိုင်က ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေ များကိုလည်းကောင်း၊ နေပြည်တော် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကိုလည်းကောင်း၊ တက်ရောက်လာကြသည့် ဗဟိုသန်းခေါင်စာရင်းကော်မရှင်အဖွဲ့ဝင်များ၊ ကိုယ်စားလှယ်များက သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း အောင်မြင်ရေးအတွက် လုပ်ငန်းကဏ္ဍအလိုက် အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း ရှင်းလင်းဆွေးနွေးတင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်များက တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု၊ စာရင်းစစ်၊ စာရင်း ကောက်များဖွဲ့စည်းမှု၊ သင်တန်းများဖွင့်လှစ်နိုင်ရေးနှင့် ပြည်သူ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်သွားမည့်အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြဆွေးနွေးကြပြီး သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းနှင့်ပတ်သက်၍ ရုပ်မြင်သံကြား Channel များတွင် ထုတ်လွှင့်မည့် ပြည်သူလူထုအသိပညာပေး TV Spot များကို ပြသသည်။
ထို့နောက် ရှင်းလင်းဆွေးနွေးတင်ပြချက်များအပေါ် ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က လိုအပ်သည်များကို ညှိနှိုင်းဆွေးနွေးဖြည့်စွက်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 2749 items
၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၂ ရက် ၊ မေ ၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 09, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁ ရက် ၊ မေ ၈ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 08, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ခူးလကွယ်နေ့ ၊ မေ ၇ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 07, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက်၊ မေ ၆ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ May 06, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက်၊ မေ ၅ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 05, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက်၊ မေ ၄ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 04, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက်၊ မေ ၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 02, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက်၊ မေ ၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 02, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက်၊ မေ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 01, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက်၊ ဧပြီ ၂၉ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ April 29, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download