News
Latest News - 99950 items
Ministry of Information / Posted on November 16, 2025
မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးထိန်လင်းနှင့် ဦးဇင်မင်းထက်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ တာဝန်ရှိသူတို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဒီဇင်ဘာ ၉ ရက်မှ ၂၀ ရက်အထိ ထိုင်းနိုင်ငံ ဗန်ကောက်ချွန်ဘူရီနှင့် ဆုန်ခလာမြို့များတွင် ကျင်းပမည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် နေပြည်တော်တွင် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် ပီတန်း၊ အလေးမနှင့် ဂျူဒိုအားကစားသမားများ၏ လေ့ကျင့်နေမှုများကို လိုက်လံကြည့်ရှုအားပေးသည်။
Ministry of Information / Posted on November 16, 2025
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ယမန်နေ့က ကွန်ပျူတာတက္ကသိုလ် (မြစ်ကြီးနား) နှင့် အစိုးရနည်းပညာအထက်တန်းကျောင်း(မြစ်ကြီးနား)တို့သို့ ရောက်ရှိပြီး သက်ဆိုင်ရာကျောင်းရှိ သင်ကြားရေး ဆရာ ဆရာမများ၊ စီမံဝန်ထမ်းများနှင့် တွေ့ဆုံကာ ဆရာ ဆရာမများအနေဖြင့် ပြည်နယ်အတွက် အထောက်အပံ့ဖြစ်စေမည့် လုပ်ငန်းကိစ္စများအပါအဝင် ကျောင်းသား ကျောင်းသူများအား ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာများတွင် ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ဗလငါးတန်နှင့် ပြည့်စုံသည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်နိုင်အောင် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်ရန် မှာကြားသည်။
Ministry of Information / Posted on November 16, 2025
သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာနများက တာဝန်ယူဖွင့်လှစ်သည့် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များ မကြာမီတွင် ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်ရာ ကျောင်းသား၊ ကျောင်းသူများသည် ရွေးကောက်ပွဲစတင်ကျင်းပမည့် ၂၈ - ၁၂ - ၂၀၂၅ ရက်နေ့တွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များ၌ ကျောင်းတက် ရောက်နေကြရမည်ဖြစ်ပါသည်။
Ministry of Information / Posted on November 16, 2025
လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ သုတေသနဖွံ့ဖြိုးရေးနှင့်နည်းပညာပြန့်ပွားရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် နိုဝင်ဘာ ၁၂ ရက် နံနက်ပိုင်းက ပြင်ဦးလွင်မြို့ရှိ နည်းပညာမြှင့်တင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန မော်တော်ယာဉ်နည်းပညာသုတေသနဌာန၌ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး နိုင်ငံ့ EV ကဏ္ဍဖွံ့ဖြိုးရေးဆိုင်ရာ သုတေသနနှင့် နည်းပညာပြန့်ပွားရေး၊ နည်းပညာစွမ်းရည်မြင့်မား ရေး ဆောင်ရွက်ရန် ပြောကြားသည်။
Ministry of Information / Posted on November 16, 2025
လေဘာပါတီ ဥက္ကဋ္ဌ ဦးမြင့်သန်းက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်စသည်တို့ကို နိုဝင်ဘာ ၁၅ ရက် ညပိုင်းတွင် ရေဒီယိုနှင့်ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။
Ministry of Information / Posted on November 16, 2025
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့၏ ဖိတ်ကြားချက်အရ (၉) ကြိမ်မြောက် အာဆီယံ-တရုတ် ပိုးမွှားရောဂါကင်းစင်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စိုက်ပျိုးရေးဝန်ကြီးများအစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်သည်။
Ministry of Information / Posted on November 16, 2025
ခေတ်သစ်ပြည်သူ့ပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး-၁ ဦးအောင်မျိုးက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်စသည်တို့ကို နိုဝင်ဘာ ၁၅ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။
Ministry of Information / Posted on November 16, 2025
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ စက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီရုံးသို့ ရောက်ရှိပြီး အစည်းအဝေးခန်းမ၌ စက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စက်မှုလုပ်ငန်းရှင်များ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံသည်။
Ministry of Information / Posted on November 16, 2025
နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့ရှိ Shangri-La Hotel ၌ နိုဝင်ဘာ ၁၂ ရက်မှ ၁၃ ရက်အထိ ကျင်းပသည့် ၂၀၂၅ ကိုရီးယား-အာဆီယံမူဝါဒဖလှယ်ရေးအသိုက်အဝန်း၊ နိုင်ငံတကာအစိုးရမူဝါဒဆိုင်ရာဆွေးနွေးပွဲသို့ အဓိက ဧည့်သည်တော်အဖြစ် တက်ရောက်၍ ဆွေးနွေးပွဲ၏ ဖွင့်ပွဲအခမ်းအနား၌ ဂုဏ်ပြုအမှာစကား ပြောကြားသည်။
Ministry of Information / Posted on November 16, 2025
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရန်အတွက် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်နေမှုတွင် မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို) အစီအစဉ်ဖြင့် အသိပညာပေးနှိုးဆော်ရေး ရွေးကောက်ပွဲလှုံ့ဆော်တေး ရိုက်ကူးနေမှုကို ကြည့်ရှုအားပေးသည်။
Newspaper - 3351 items
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၂ ရက်၊ နိုဝင်ဘာ ၁၆ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ November 16, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၁ ရက်၊ နိုဝင်ဘာ ၁၅ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ November 15, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်၊ နိုဝင်ဘာ ၁၄ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ November 14, 2025
Publication Date: 2025
Page: 32 pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၉ ရက်၊ နိုဝင်ဘာ ၁၃ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ November 13, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊ နိုဝင်ဘာ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ November 12, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊ နိုဝင်ဘာ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ November 12, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၇ ရက်၊ နိုဝင်ဘာ ၁၁ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ November 11, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၆ ရက်၊ နိုဝင်ဘာ ၁၀ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ November 10, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၅ ရက်၊ နိုဝင်ဘာ ၉ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ November 09, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၄ ရက်၊ နိုဝင်ဘာ ၈ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ November 08, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
