လူ့အခွင့်အရေးဆိုင်ရာ စာအုပ်များ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ


Myanmar National Human Rights Commission/ Yangon / September 19, 2023


   လူ့အခွင့်အရေးဆိုင်ရာ ရှားပါးစာအုပ်၊ စာတမ်းများ ပေးအပ်လှူဒါန်းပွဲကို ၁၂-၉-၂၀၂၃ ရက်နေ့၊ နေ့လယ် ၁၄း၀၀ နာရီအချိန်တွင် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံး ၊ Conference Room ၌ ကျင်းပရာတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်၊ ကော်မရှင်အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံး အရာထမ်း၊ အမှုထမ်းများ တက်‌ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ၂၀၁၁ ခုနှစ်မှ ၂၀၁၉ ခုနှစ်ထိ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည့် ဦးဝင်းမြက လူ့အခွင့်အရေးဆိုင်ရာ ရှားပါးစာအုပ်စာတမ်း ၃၃၁ အုပ်ကို ပေးအပ်လှူဒါန်းခဲ့ရာ ကော်မရှင်ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်က လက်ခံရယူခဲ့ပါသည်။

   အခမ်းအနားတွင် ရှေးဦးစွာ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ယခင်ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြက စာအုပ်၊ စာတမ်းများ လှူဒါန်းရခြင်းနှင့်စပ်လျဥ်း၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် စာအုပ်များ ပေးအပ်လှူဒါန်းမှုအတွက် “မှတ်တမ်းတင်ဂုဏ်ပြုလွှာ” ကို ကော်မရှင်ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်က ပေးအပ်ရာ အလှူရှင်က လက်ခံရယူခဲ့ပါသည်။ ယင်းနောက် လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် ပညာပေးရေးဌာန တာဝန်ခံ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာသန်းမြင့်က ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး နေ့လယ် ၁၄း၄၀ နာရီ အချိန်တွင် အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

  အဆိုပါ အခမ်းအနား၌ လှူဒါန်းခဲ့သည့် လူ့အခွင့်အရေးဆိုင်ရာ စာအုပ်များတွင် ကုလသမဂ္ဂ အပါအဝင် ပြည်တွင်း/ပြည်ပမှ မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ထုတ်ဝေထားသည့် ဘာသာရပ်ဆိုင်ရာ စာအုပ်များ၊ စာတမ်းများ၊ အစီရင်ခံစာများ၊ ဥပဒေများ၊ သတင်းအချက်အလက် စုစည်းဖော်ပြထားသည့် စာစောင်များ၊ အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများ၏အခန်းကဏ္ဍနှင့် လုပ်ငန်းဆောင်တာများဆိုင်ရာ စာအုပ်များ၊ လူ့အခွင့်အရေးဆိုင်ရာ မဂ္ဂဇင်းဂျာနယ်များ စသည့် လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် ကာကွယ်ရေးဆိုင်ရာ စာအုပ်စာတမ်းများ ပါဝင်ကြောင်း သိရှိရပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Newspaper - 2448 items

၁၃၈၅ ခုနှစ်၊ တော်သလင်းလဆန်း ၁၀ ရက်၊ စက်တင်ဘာ ၂၄ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ September 24, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တော်သလင်းလဆန်း ၉ ရက်၊ စက်တင်ဘာ ၂၃ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ September 23, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တော်သလင်းလဆန်း ၈ ရက်၊ စက်တင်ဘာ ၂၂ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ September 22, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တော်သလင်းလဆန်း ၇ ရက်၊ စက်တင်ဘာ ၂၁ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ September 21, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တော်သလင်းလဆန်း ၆ ရက်၊ စက်တင်ဘာ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ September 20, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တော်သလင်းလဆန်း ၅ ရက်၊ စက်တင်ဘာ ၁၉ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ September 19, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တော်သလင်းလဆန်း ၄ ရက်၊ စက်တင်ဘာ ၁၈ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ September 18, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တော်သလင်းလဆန်း ၃ ရက်၊ စက်တင်ဘာ ၁၇ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ September 18, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တော်သလင်းလဆန်း ၂ ရက်၊ စက်တင်ဘာ ၁၆ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ September 16, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တော်သလင်းလဆန်း ၁ ရက်၊ စက်တင်ဘာ ၁၅ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ September 15, 2023

Publication Date: 2023

Page: 32

Language: မြန်မာ

Download