သံတွဲမြို့ ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံရွာသား ၅၀ ကျော်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လူသားဒိုင်းကာအဖြစ် ဖမ်းဆီးထားသည်ဟု မဟုတ်မမှန် သတင်းတု၊ သတင်းအမှားများကို ရေးသားဖြန့်ဝေလျက်ရှိ
သံတွဲမြို့ ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံရွာသား ၅၀ ကျော်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လူသားဒိုင်းကာအဖြစ် ဖမ်းဆီးထားသည်ဟု မဟုတ်မမှန် သတင်းတု၊ သတင်းအမှားများကို ရေးသားဖြန့်ဝေလျက်ရှိ
Ministry of Information/ Naypyitaw / April 30, 2024
နေပြည်တော် ဧပြီ ၂၉
ရခိုင်ပြည်နယ် သံတွဲမြို့နယ်တွင် AA အကြမ်းဖက်သမားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ နှစ်ဖက်တိုက်ပွဲများ ပြင်းထန်လျက်ရှိရာ ဧပြီ ၂၈ ရက်က တိုက်ပွဲဖြစ်ပွားရာအနီးအနားရှိ ရွှေလှေကျေးရွာနှင့် ရေကောက်ကျေးရွာတို့မှ ဒေသခံရွာသား ၅၀ ထက်မနည်းကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လူသားဒိုင်းကာအဖြစ် ဖမ်းဆီးထားကြောင်း အထင်အမြင်လွဲမှားဖွယ် သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက်ပေါ်တွင် မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ တိုက်ပွဲဖြစ်ပွားရာအနီးအနားရှိ ကျေးရွာများမှဒေသခံရွာသားများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လူသားဒိုင်းကာအဖြစ် ဖမ်းဆီးထားသည်ဆိုသည့်သတင်းများမှာ မှန်ကန်မှုမရှိဘဲ ဝါဒဖြန့်ဝေမှုသာဖြစ်ကြောင်း၊ AA အကြမ်းဖက်သောင်းကျန်းသူများသည် လုံခြုံရေးတပ်ဖွဲ့ဝင်များအား တိုက်ခိုက်ရာတွင် ဒေသခံပြည်သူများနေထိုင်ရာ ကျေးရွာများအတွင်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဒေသခံပြည်သူများအား လူသားတံတိုင်းအဖြစ် အကာအကွယ်ယူတိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများ ကြောက်ရွံ့ထိတ်လန့်လာပြီး တည်ငြိမ်အေးချမ်းမှုမရှိစေရန်နှင့် အုပ်ချုပ်မှုယန္တရားများ ပျက်ပြားစေရန်အတွက် ဒေသခံပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ဥစ္စာများကို ထောက်ထားငဲ့ညှာမှုမရှိဘဲ ပြည်သူများနေထိုင်ရာမြို့၊ ရွာများအတွင်းသို့ လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အပြစ်ပုံချကာ ပြည်သူများအထင်အမြင်လွဲမှားစေရန် မဟုတ်မမှန်လုပ်ကြံရေးသား ဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 2761 items
၁၃၈၆ ခုနှစ်၊ ကဆုန်လပြည့်နေ့ ၊ မေ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 22, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက်၊ မေ ၂၁ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 21, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက်၊ မေ ၂၀ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ May 20, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်၊ မေ ၁၉ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 19, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ မေ ၁၈ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 18, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက်၊ မေ ၁၇ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 17, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက်၊ မေ ၁၆ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 16, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက်၊ မေ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 15, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက်၊ မေ ၁၄ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 14, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက်၊ မေ ၁၃ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ May 13, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download