News
Latest News - 109114 items
Ministry of Information / Posted on June 01, 2026
မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသည့် အိမ်နီးချင်းနိုင်ငံများဖြစ်သည်။ ရှေးရှေးကာလကတည်းက နှစ်နိုင်ငံပြည်သူများအကြား ဆက်သွယ်ကူးသန်း ရောင်းဝယ်သွားလာမှုများရှိခဲ့သည်။ မျက်မှောက်ကာလတွင်လည်း နှစ်နိုင်ငံခေါင်းဆောင်များ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ စဉ်ဆက်မပြတ် ထိတွေ့လုပ်ကိုင်လျက်ရှိသည်။ ယဉ်ကျေးမှုနှင့် နှစ်နိုင်ငံဆက်ဆံရေးအခြေအနေအရ တူညီသည့် အစဉ်အလာကောင်းများရှိသည့်အပြင် အိန္ဒိယမျိုးနွယ်စုဝင် အမြောက်အမြားသည် မြန်မာနိုင်ငံတွင် အေးချမ်းစွာဖြင့် ချစ်ကြည်ရင်းနှီးစွာ နေထိုင်လုပ်ကိုင်လျက်ရှိသည်။
Ministry of Information / Posted on June 01, 2026
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြည်ပနိုင်ငံခြားတိုင်းပြည်များနှင့် ချစ်ကြည်ရေးအသင်း (CPAFFC) က ဦးဆောင်ကျင်းပသော အာဆီယံ-တရုတ်ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌများ (၅) ကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲကို မေ ၂၅ ရက်မှ ၂၈ ရက်အထိ တရုတ်နိုင်ငံ အန်းဟွေးပြည်နယ် HUAXIAN မြို့၌ ကျင်းပရာ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း (ဗဟို) ဥက္ကဋ္ဌ ဦးတင်ဦးနှင့်အဖွဲ့ တက်ရောက်သည်။
Ministry of Information / Posted on June 01, 2026
ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး ထွန်းအောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဘယ်လာရုစ်သမ္မတနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဗစ်တာ ဂနေဒီယာဗိချ် ခရမ်နင် (Lt General Viktar Ganediavich Khrenin) ၏ နှစ်နိုင်ငံကာကွယ်ရေးဝန်ကြီးဌာနများအကြား စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်များဆောင်ရွက်ရန် ဖိတ်ကြားချက်အရ မေ ၂၅ ရက်မှ ၃၀ ရက်အထိ ဘယ်လာရုစ်နိုင်ငံ မင့်စ်မြို့သို့ သွားရောက်ခဲ့သည်။
Ministry of Information / Posted on June 01, 2026
အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်၊ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ လုံခြုံရေးကောင်စီအတွင်းရေးမှူး မစ္စတာ ဆာဂေးရွှိုင်းဂူ (Sergei Shoigu) ၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့တွင် ကျင်းပပြုလုပ်သော ပထမအကြိမ် နိုင်ငံတကာလုံခြုံရေးဖိုရမ်နှင့် အဆိုပါကာလအတွင်း တစ်ဆက်တည်း ကျင်းပသည့် ဆဋ္ဌမအကြိမ် အာဆီယံ - ရုရှား လုံခြုံရေးဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ်များဆွေးနွေးပွဲ၊ (၁၄) ကြိမ်မြောက် နိုင်ငံတကာလုံခြုံရေးကိစ္စရပ်များဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးများသို့ တက်ရောက်ရန် မေ ၂၅ ရက်မှ ၃၁ ရက်အထိ မော်စကိုမြို့သို့ သွားရောက်ခဲ့သည်။
Ministry of Information / Posted on June 01, 2026
၂၀၂၆-၂၀၂၇ ပညာသင်နှစ်အစ ယနေ့တွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်၍ ကျောင်းသူ ကျောင်းသားတို့ ကျောင်းတက်ကြရပြီ ဖြစ်သည်။ ပြီးခဲ့သည့် မေလ ၂၅ ရက်မှ ၃၁ ရက်နေ့အထိ ကျောင်းအပ်နှံရေး သီတင်းပတ်အတွင်း ကျောင်းအပ်နှံမှုများကို လက်ခံခဲ့ပြီး ကျောင်းဖွင့်ချိန်ရောက်သည့်တိုင် ဆက်လက်၍လည်း လက်ခံပေးလျက်ရှိသည်။ အခြေခံပညာအတန်းများအားလုံးတွင် ကျောင်းအပ်နှံခြင်းအတွက် မည်သည့်အဖိုးအခကြေးငွေမျှ ပေးသွင်းရန်မလို။ အားလုံးအခမဲ့ဖြစ်ပြီး ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ၊ စာအုပ်နှင့် စာရေးကိရိယာများ၊ ကျောင်းဝတ်စုံများ စသည်တို့ကိုပင် ထောက်ပံ့ပေးလျက်ရှိကာ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံရေး၊ တန်းစဉ်မှန်မှန်ကူးပြောင်းကြရေးကသာ အဓိကဖြစ်သည်။
Ministry of Information / Posted on May 31, 2026
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နှင့် PDF နိုင်ငံတော်အစိုးရအနေဖြင့် အမည်ခံအကြမ်းဖက်သောင်းကျန်းသူများ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ဒေသတွင်းလူမှုစီးပွားဘဝများ ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်ခဲ့သည့် မြို့၊ ရွာများ၌ အစိုးရအုပ်ချုပ်မှုယန္တရားများ ပြန်လည်လည်ပတ်နိုင်ရေးနှင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးများ ဆောင်ရွက်နိုင်ရန်အတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အစဉ်တစိုက်ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ တပ်မတော်အနေဖြင့် ပြည်သူလူထုအေးချမ်းစွာ နေထိုင်နိုင်ရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် မြို့နယ်၊ ကျေးရွာ၊ ဒေသအချို့တို့၌ အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter- Terrorism Operation) များကို ဆောင်ရွက်ကာ ပြည်သူလူထုအတွက် အရေးပါသည့် ဆက်သွယ်ရေးလမ်းကြောင်းများအနက် တစ်ခုဖြစ်သော မန္တလေး-မတ္တရာ-သပိတ်ကျင်း- တကောင်း-ထီးချိုင့်-ကသာ-အင်းတော်-မော်လူး-နန့်စီးအောင်-မိုးညှင်း-မိုးကောင်း-မြစ်ကြီးနားဆက်သွယ်ရေး လမ်းကြောင်းတစ်လျှောက်အား အပြည့်အဝပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး လမ်းကြောင်းတစ်လျှောက်ရှိ မြို့၊ ရွာများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းသုံးပစ္စည်းများနှင့် ဌာနဆိုင်ရာဝန်ထမ်းများကို မန္တလေးမြို့မှတစ်ဆင့် မြစ်ကြီးနားမြို့သို့ ပထမအကြိမ်အဖြစ် မေလ ၁၂ ရက်တွင် ပို့ဆောင်ပေးခဲ့ပြီးဖြစ်သည်။
Ministry of Information / Posted on May 31, 2026
နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို အခြေချလုပ်ကိုင်ခဲ့ကြသည့် ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိ တရားမဝင် အဆောက်အအုံများအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများ လုပ်ကိုင်ခြင်းမရှိစေရေး ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များဖြင့် ဝင်ရောက်ရှင်းလင်း၍ လုပ်ငန်းလုပ်ဆောင်ရာတွင် အသုံးပြုခဲ့သည့် သိမ်းဆည်းရမိပစ္စည်းများအား စနစ်တကျဖျက်ဆီးခြင်းနှင့် တရားမဝင် အဆောက်အအုံများအား အသုံးပြု၍ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ထပ်မံကျူးလွန်ခြင်း မပြုနိုင်စေရေးတို့အတွက် အပြီးတိုင်ဖြိုချဖျက်ဆီးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိ တရားမဝင် ၄ ထပ် လူနေအဆောက်အအုံ ၃ လုံးအား ထပ်မံ၍ စနစ်တကျ ဖြိုချဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။
Ministry of Information / Posted on May 31, 2026
အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ခရီးစဉ်တွင် အဖွဲ့ဝင်အဖြစ်လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ)နှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် Greater Noida မြို့ရှိ NETRA (NTPC Energy Technology Research Alliance) သို့ သွားရောက်လေ့လာကြသည်။
Ministry of Information / Posted on May 31, 2026
မြန်မာ-အိန္ဒိယ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ရှိ Taj Mahal ဟိုတယ်၌ ကျင်းပပြုလုပ်ရာ အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
Kayin State Government / Posted on May 31, 2026
မြန်မာ့ရိုးရာလက်ဝှေ့အခြေခံသင်တန်းဆင်း ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး တက်ရောက်အားပေးချီးမြှင့်
Newspaper - 3543 items
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၂ ရက် ၊ ဇွန် ၁ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ June 01, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၁ ရက် ၊ မေ ၃၁ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ June 01, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်နေ့ ၊ မေ ၃၀ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 29, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၄ ရက် ၊ မေ ၂၉ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 28, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၃ ရက် ၊ မေ ၂၈ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 27, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၂ ရက် ၊ မေ ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 27, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက် ၊ မေ ၂၆ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 26, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက် ၊ မေ ၂၅ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ May 24, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၉ ရက် ၊ မေ ၂၄ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 24, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၈ ရက် ၊ မေ ၂၃ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 23, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
