အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့အနေဖြင့် လုပ်ငန်းလုပ်ဆောင်ရာတွင် ပြည့်စုံမှန်ကန်စွာဖြင့် အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားရမည်
အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့အနေဖြင့် လုပ်ငန်းလုပ်ဆောင်ရာတွင် ပြည့်စုံမှန်ကန်စွာဖြင့် အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားရမည်
Ministry of Information/ Naypyitaw / April 24, 2024
နေပြည်တော် ဧပြီ ၂၃
အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့၏ (၁/၂၀၂၄)အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ရုံးအမှတ်(၃၄) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ အဖွဲ့ဝင်များဖြစ်ကြသော စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဥပဒေရေးရာဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ မြန်မာနိုင်ငံဘဏ်များအသင်း၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာ့အာမခံလုပ်ငန်းနှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌက ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ကို စတင်ဖွဲ့စည်းပြီးချိန်မှစ၍ ချေးငွေများ မြန်ဆန်စွာထုတ်ချေးနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ချေးငွေထုတ်ချေးခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းအား MSME လုပ်ငန်းကော်မတီ၏ အတည်ပြုချက်ဖြင့် ၂၀၂၃ ခုနှစ် ဩဂုတ် ၁၄ ရက်က ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း၊ MSME လုပ်ငန်းရှင်များမှ ချေးငွေလျှောက်ထားလိုပါက တင်ပြရမည့် လျှောက်လွှာပုံစံနှင့် ချေးငွေစိစစ်ရေးအဖွဲ့များက စိစစ်ရမည့်အချက်များအား MSME အေဂျင်စီမှတစ်ဆင့် တိုင်းဒေသ ကြီး/ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရတိုင်း/ဒေသအေဂျင်စီများသို့ ဖြန့်ဝေပေးခဲ့ပြီး ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁ ရက်တွင်လည်း အသိပေးရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြောင်း၊ MSME လုပ်ငန်းရှင်များအနေဖြင့် ချေးငွေများ စတင်လျှောက်ထားနိုင်ကြောင်း အသိပေးကြေညာချက်ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၀ ရက်တွင် နိုင်ငံပိုင်သတင်းစာများ၊ MSME Web Portal နှင့် MOPF Website များတွင် ကြေညာခဲ့ပါကြောင်း၊ ဒေသဆိုင်ရာ အေဂျင်စီများကလည်း ချေးငွေစိစစ်ရေးအဖွဲ့များဖွဲ့စည်းထားပြီး MSME လုပ်ငန်းရှင်များ၏ ချေးငွေအမှုတွဲများကို စိစစ်လျက်ရှိကြောင်း၊ ဆက်လက်၍ ၂၀၂၄ ခုနှစ် မတ် ၃၁ ရက်တွင် ကြေးမုံသတင်းစာနှင့် ဧပြီ ၁ ရက်တွင် မြန်မာ့အလင်းသတင်းစာတို့၌ ထပ်မံကြေညာခဲ့ကြောင်း၊ MSME လုပ်ငန်းများအတွက် လိုအပ်သော ရင်းနှီးမြှုပ်နှံမှုငွေကြေးများရရှိစေရန် ချေးငွေသတ်မှတ်ချက်နှင့် ဖြေလျှော့ပေးနိုင်မည့် ကိစ္စရပ်များကို အကြီးအကဲများ၏ လမ်းညွှန်မှုနှင့်အညီ ဆောင်ရွက်ပေးနိုင်ပါက MSME များအတွက်လိုအပ်သည့် ချေးငွေများလွယ်ကူစွာရရှိပြီး နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်စေရေးအတွက် အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း ဆွေးနွေးမှာကြားသည်။
ဆက်လက်၍ ရန်ပုံငွေစီမံ ခန့်ခွဲမှုအဖွဲ့အတွင်းရေးမှူးက ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့၏ (၂/၂၀၂၃) အစည်းအဝေးဆုံးဖြတ်ချက်များနှင့် MSME ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ၏ (၁/၂၀၂၄) အစည်းအဝေးဆုံးဖြတ်ချက်များမှ ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့နှင့် သက်ဆိုင်သည့်အချက်များကို ရှင်းလင်းတင်ပြခြင်းနှင့် ချေးငွေဆိုင်ရာလုပ်ငန်းအဖွဲ့မှ ချေးငွေထုတ်ချေးခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းပါ အာမခံပစ္စည်းသတ်မှတ်ချက်နှင့် ၎င်းတို့အပေါ် ဖြေလျှော့မှုများ ဆောင်ရွက်ပေးနိုင်မည့် နည်းလမ်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြခဲ့ကြပြီး လယ်ယာမြေလုပ်ကိုင်ခွင့် လက်မှတ်ပုံစံ(၇)ကို အာမခံအဖြစ် ရယူနိုင်ရေးကိစ္စ၊ ချေးငွေကို ငွေကြေးအစား စက်ပစ္စည်းဝယ်ယူပေးခြင်းဆိုင်ရာကိစ္စ၊ Participating Financial Institutions (PFIs) ဘဏ်များ ဖိတ်ခေါ်ရေးကိစ္စနှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အား PFI ဘဏ်အဖြစ် လက်ခံဆောင်ရွက်နိုင်ရေးကိစ္စများအတွက် အဖွဲ့ဝင်များက ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးဆုံးဖြတ်
ထို့နောက် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေစီမံခန့်ခွဲမှု အဖွဲ့ဥက္ကဋ္ဌက ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့အနေဖြင့် လုပ်ငန်းလုပ်ဆောင်ရာတွင် ပြည့်စုံမှန်ကန်စွာဖြင့် အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ချေးငွေ စည်းမျဉ်းစည်းကမ်း သတ်မှတ်ခြင်းနှင့် ရန်ပုံငွေသုံးစွဲခြင်းဆိုင်ရာစည်းမျဉ်းစည်းကမ်းများ သတ်မှတ်ရာတွင် လက်ရှိတည်ဆဲဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ လုပ်ဆောင်ရန်လိုအပ်သကဲ့သို့ ဗဟိုကော်မတီနှင့်လုပ်ငန်း ကော်မတီတို့၏ လမ်းညွှန်မှုများကို မူဝါဒပိုင်းဆိုင်ရာအချက်များအဖြစ် လိုက်နာဆောင်ရွက်သွား ကြရန်လိုကြောင်းပြောကြားပြီး အစည်းအဝေးတွင် တင်ပြဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကာ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 2745 items
၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက်၊ မေ ၅ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 05, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက်၊ မေ ၄ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 04, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက်၊ မေ ၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 02, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက်၊ မေ ၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 02, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက်၊ မေ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 01, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက်၊ ဧပြီ ၂၉ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ April 29, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက်၊ ဧပြီ ၂၈ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ April 28, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက်၊ ဧပြီ ၂၇ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ April 27, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၃ ရက်၊ ဧပြီ ၂၆ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ April 26, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက်၊ ဧပြီ ၂၅ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ April 25, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download