အွန်လိုင်းလောင်းကစားမှုနှင့် ငွေကြေးလိမ်လည်မှုဆိုင်ရာ ဖမ်းဆီးရမိခဲ့မှုအခြေအနေ၊ AA သောင်းကျန်းသူများမှ မဟုတ်မမှန်သတင်းများ ထုတ်လွှင့်နေမှုများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်


Ministry of Information/ Naypyitaw / February 24, 2024
image_latest


ကျွန်တော်တို့နိုင်ငံအနေနဲ့ Online လောင်းကစားမှုတွေ၊ ငွေကြေးလိမ်လည်မှုများနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ပြင်းပြင်းထန်ထန် တိုက်ဖျက်နှိမ်နင်းလျက်ရှိပါတယ်။ ဒီတာချီလိတ်မှာဆိုရင် ဒီနေ့မနက် ၅ နာရီလောက်မှာ တာချီလိတ်၊ ဆန်ဆိုင်း (က) ရပ်ကွက်မှာရှိတဲ့နေရာမှာ ကျွန်တော်တို့ Online လောင်းကစားတွေ၊ Online ငွေကြေးလိမ်လည်မှုတွေ ပြုလုပ်နေတယ်ဆိုတဲ့ သတင်းရရှိတဲ့အတွက် တာချီလိတ်မြို့ ဆန်ဆိုင်း (က) ရပ်ကွက် တိုးနယားလမ်းမှာရှိတဲ့ ကျော်သိန်း (ခေါ်) ခွန်မောင်ညို ပိုင်ဆိုင်တဲ့ ခြံဝင်းမှာ ဝင်ရောက် စစ်ဆေးရှာဖွေခဲ့ပါတယ်။ အဲဒီမှာ ထိုင်းနိုင်ငံသူ၊ နိုင်ငံသား ၁၄၈ ဦး ကျား ၇၅ ဦး၊ မ ၇၃ ဦး ပေါင်း ၁၄၈ ဦး၊ တရုတ်နိုင်ငံသား အမျိုးသား ၁ ဦး၊ မြန်မာနိုင်ငံသား အမျိုးသား ၁၇၃ ဦး၊ မ ၃၆၇ ဦး စုစုပေါင်း ၅၄၀ ဦးပေါ့။ အားလုံး ထိုင်း၊ တရုတ်၊ မြန်မာ အားလုံးပေါင်း ၆၈၉ ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။ အဲဒီမှာ သူတို့အသုံးပြုတဲ့ မော်တော်ယာဉ် ရှစ်စီး၊ မော်တော်ဆိုင်ကယ် အစီး ၁၂၀၊ Online ဂိမ်း လုပ်ဆောင်ရာမှာ အသုံးပြုတဲ့ Desktop computer များကိုလည်း ဖမ်းဆီးရမိခဲ့ပါတယ်။ ဒီနေရာမှာ နှစ်ဧကခန့်၊ နှစ်ဧကလောက် ကျယ်ဝန်းတဲ့ခြံဝင်း ထဲမှာ နှစ်ထပ်ဆောင် သုံးဆောင်၊ ဆောက်လုပ်ဆဲ အလူမီနီယံတွေနဲ့ လုပ်ဆောင်နေတဲ့ဟာဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံတော်အစိုးရအနေနဲ့ ကျွန်တော်တို့ မြန်မာပြည်သူတွေကော၊ တခြား အိမ်နီးချင်း နိုင်ငံတွေကော ထိခိုက်စေတဲ့ Online လောင်းကစားမှု၊ Online ငွေရေးကြေးရေး လိမ်လည်မှုတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အိမ်နီးချင်းနိုင်ငံများနဲ့ တက်ကြွစွာပူးပေါင်း ဆောင်ရွက်လျက်ရှိပါတယ်။ အမြစ်ပြတ်ချေမှုန်းသွားမှာဖြစ်ပါတယ်လို့ ပြောလိုပါတယ်။

သက်ဆိုင်ရာကို ရဲရဲဝံ့ဝံ့ဖော်ထုတ်အသိပေး

နောက်တစ်ခုကတော့ ကျွန်တော်တို့ ပြည်သူလူထုအားလုံး သတိထားဖို့ပဲဖြစ်ပါတယ်။ ဒီလိုပဲ Online ငွေကြေးလိမ်လည်မှု၊ သူကတော့ချေးငွေလုပ်ငန်း လုပ်ဆောင်တယ်ဆိုပြီး Online ငွေကြေး လိမ်လည်မှု၊ ဒါပြီးရင် Online ကနေပြီးတော့ ငွေကြေးအမြတ်ထုတ် ခြိမ်းခြောက်နေတဲ့ အဖွဲ့တစ်ဖွဲ့ကိုလည်း ကျွန်တော်တို့ ဖမ်းဆီးရမိခဲ့ပါတယ်။ ဒီအဖွဲ့ကတော့ ကျွန်တော်တို့ ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ် ကမ်းနားလမ်းမှာ ကုမ္ပဏီရုံးခန်းဖွင့်လှစ်ပြီး ဆောင်ရွက်နေတဲ့ အဖွဲ့ဖြစ်ပါတယ်။ ဦးဆောင်သူကတော့ တရုတ်နိုင်ငံသား မစ္စတာ ယူလင်ဖန်း ဖြစ်ပါတယ်။ သူကတော့ အခုချိန်မှာ ကမ္ဘောဒီးယားဘက်ကို ဇန်နဝါရီလကတည်းက ထွက်ပြေးတိမ်းရှောင်သွားတယ်ဆိုတာ သိရပါတယ်။ ဒီအကြမ်းဖျင်း အခြေအနေကို ပြောပြ ရမယ်ဆိုရင်တော့ ဒီ Online လိမ်လည်မှုမှာပါဝင်တဲ့ တရားခံ ၁၃ ဦး ဆက်စပ်ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပါတယ်။ အဲဒီအဖွဲ့အစည်းက စုစုပေါင်း ၉၁ ဦး လောက်နဲ့ ဖွဲ့စည်းထားတဲ့ Online ချေးငွေလုပ်ငန်းကို အကြောင်းပြပြီး လိမ်လည်နေတဲ့အဖွဲ့ဖြစ်ပါတယ်။ သူတို့အနေနဲ့ အကြမ်းဖျင်း လုပ်ပုံကိုင်ပုံတွေနဲ့ လူတွေကို လိုက်လံစည်းရုံးတယ်။ ငွေချေးပေးမယ်ဆိုပြီးတော့ ငွေချေးပေးတယ်။ တခြားလုပ်ငန်းတွေနဲ့ မြူဆွယ်တယ်။ ပြီးရင် ဒီလူဆီကနေပြီးတော့ ပစ်မှတ်လူဆီကနေမှ ငွေ‌ရေးကြေးရေးနဲ့ပတ်သက်တဲ့ အကောင့်တွေ၊ သူနဲ့ ပတ်သက်တဲ့ ဒီဟာနဲ့ပတ်သက်ပြီး ရရှိအောင်လို့ ဒီဖုန်းထဲမှာ သူတို့ရဲ့ application တွေကို Install လုပ်ခိုင်းတယ်၊ application တွေကို သွင်းခိုင်းတယ်၊ သွင်းလိုက်တဲ့အချိန်မှာ သူရဲ့ Contact List တွေ၊ ဖုန်းထဲမှာရှိနေတဲ့ သူနဲ့ဆက်သွယ်နေတဲ့ ဖုန်းနံပါတ်တွေတို့၊ အချက်အလက်တွေတို့ အကုန်လုံးရယူသွားပါတယ်။ ရယူသွားပြီး သူကငွေချေးတဲ့ပုံစံမျိုး လုပ်တယ်။ ငွေချေးတဲ့ပုံစံမျိုး လုပ်တယ်၊ ပြန်တောင်းတယ်။ ပြီးရင် သူ့ကိုငွေချေးထားတယ်ဆိုပြီး ငွေ ဘယ်လောက်ပေးဆိုပြီး ငွေညှစ်ပါတယ်။ ငွေညှစ်ပြီးတော့ ဒီသူတွေဟာ ငွေတောင်းလို့ အဲဒီလူက မပေးဘူးဆိုရင် သူ့ရဲ့ရရှိသွားတဲ့ Contact List ဖုန်းနံပါတ်တွေ၊ သူ့ရဲ့ဆက်သွယ်လို့ရတဲ့လူရဲ့ ဖုန်းနံပါတ်တွေကို အကုန်လိုက်ဆက်ပြီးတော့ အရှက် ခွဲတာတွေ၊ ခြိမ်းခြောက်တာတွေ ဆဲဆိုတာတွေ၊ အဆက်မပြတ် ဖုန်းဆက်ပြီး ခြိမ်းခြောက်တာတွေ လုပ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့က ဒီနစ်နာသူများရဲ့ ပြောကြားချက်၊ ဖော်ထုတ်ချက်အရ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ အခုလောလောဆယ်မှာ တရားခံ ၁၃ ဦး ဖမ်းဆီးရမိပြီးဖြစ်တယ်။ ကျန်တဲ့တရားခံတွေကိုလည်း ကျွန်တော်တို့ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိပါတယ်။ ဒီနေရာမှာ ပြည်သူလူထုကို အသိပေးချင်တာက ယခင်ကလည်း ကျွန်တော်ပြောခဲ့ပြီးဖြစ်ပါတယ်။ ဒီ Online လိမ်လည်မှုဆိုတာသည် ဒါလောက်ကိုင်ဘက်မှာ ဖြစ်ခဲ့တယ်ဆိုတာ ကျွန်တော်ပြောခဲ့ပြီးဖြစ်တယ်။ တရုတ်နိုင်ငံက မြန်မာနိုင်ငံကို လိမ်လည် တာလည်း မဟုတ်ဘူး။ မြန်မာနိုင်ငံက တရုတ်နိုင်ငံကို လိမ်လည်တာလည်းမဟုတ်ဘူး။ ဒီတရုတ်နိုင်ငံထဲမှာ လိမ်လည်ပြီး ရာဇဝတ်မှုကျူးလွန်ပြီး ပြည်ပြေးဖြစ်နေတဲ့သူတွေက နှစ်နိုင်ငံက သူတွေ အားလုံးကို၊ နှစ်နိုင်ငံက ပြည်သူလူထုနှစ်ရပ်လုံးကို လိမ်လည်တာဖြစ်ပါတယ်။ ဒီဟာတွေနဲ့ပတ်သက်ပြီး နစ်နာတဲ့ပြည်သူလူထု နစ်နာတဲ့ကိစ္စတွေ ရှိပါလိမ့်မယ်။ ဒါတွေကို ရဲရဲဝံ့ဝံ့ ဖော်ထုတ်တိုင်ကြားဖို့ လိုပါတယ်။ ကျွန်တော်ထပ်ပြီး အသိပေးလိုတာကတော့ ဒီလိုအဖြစ်အပျက်မျိုးတွေကို သက်ဆိုင်ရာကို ရဲရဲဝံ့ဝံ့ဖော်ထုတ် အသိပေးဖို့လိုပါတယ်။ ဒါတွေဟာ ကျွန်တော်တို့ပြည်သူလူထုရဲ့ ချွေးနှဲစာ၊ ကျွန်တော်တို့ ပြည်သူလူထုရဲ့ လုပ်အားနဲ့ရရှိထားတဲ့ ငွေတွေကို သက်သက်အမြတ်ထုတ် ကုပ်သွေးစုပ်တာဖြစ်ပါတယ်။ ဒါတွေကို ကျွန်တော်တို့က တိုက်ဖျက်သွားမှာ ဖြစ်ပါတယ်။

မူးယစ်ဆေးဝါးများကို AA အဖွဲ့အနေနဲ့ ရခိုင်ပြည်နယ်ထဲအထိ သွင်းယူ

နောက်တစ်ခုကတော့ ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ AA သောင်းကျန်းသူတွေရဲ့ကိစ္စနဲ့ပတ်သက်ပြီး ပြောလိုပါတယ်။ AA သောင်းကျန်းသူတွေအနေနဲ့ အခုရက်ပိုင်းအတွင်းမှာ မွတ်စလင်အသိုင်းအဝိုင်းနဲ့ပတ်သက်ပြီးတော့ ထူးထူးခြားခြား ပြောဆိုနေတာတွေ၊ ထုတ်လွှင့်နေတာတွေကို တွေ့ရပါတယ်။ ပထမဦးဆုံးအနေနဲ့ မောင်တောဒေသမှာရှိတဲ့ ဒေသလုံခြုံရေးတာဝန်ယူထားတဲ့ နယ်စပ်ဒေသကာကွယ်ရေးရဲတွေ၊ ရဲစခန်းတွေကို သူတို့တိုက်ခိုက်ခဲ့တယ်။ တိုက်ခိုက်ခဲ့တဲ့နေရာမှာ တချို့ရဲစခန်းတွေက ဆုတ်ခွာပေးလိုက်ရတယ်။ ဆုတ်ခွာပေးလိုက်တာနဲ့ AA အနေနဲ့ သတင်းတစ်ခု ထုတ်လွှင့်ခဲ့ပါတယ်။ အဲဒီသတင်းက ဘာလဲဆိုတော့ နယ်ခြားစောင့်ရဲတွေအနေနဲ့ ARSA အကြမ်းဖက်သောင်းကျန်းသူတွေကို လက်နက်တွေရောင်းချခဲ့တယ်ဆိုတဲ့ သတင်းမျိုးကို မဟုတ်မမှန်ထုတ်လွှင့် ခဲ့တာရှိပါတယ်။ အမှန်တော့ ဒီ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့နဲ့ ARSA ဘင်္ဂါလီသောင်းကျန်းသူ အဖွဲ့တွေက အရင်ကတည်းက အဆက်အသွယ်ရှိပြီးဖြစ်ပါတယ်။ သူတို့ရဲ့အဓိက အဆက်အသွယ်ကတော့ မူးယစ်ဆေးဝါးလုပ်ငန်းပဲ ဖြစ်တယ်။ စိတ်ကြွရူးသွပ်ဆေးပြားများ၊ WY ဆေးပြားများ၊ ICE မူးယစ်ဆေးဝါးများကို AA အဖွဲ့အနေနဲ့ ရခိုင်ပြည်နယ်ထဲအထိ သွင်းယူလာတာဖြစ်ပါတယ်။ ဒီဟာတွေက ဘယ်ကနေထွက်တယ်၊ ဘယ်နေရာ ကနေသွားတယ်ဆိုတာ အထောက်အထားအပြည့်အစုံနဲ့ AA က အဖွဲ့ဝင်တွေ၊ အရာရှိကြီးများကိုယ်တိုင် သူတို့ပြောနေတဲ့ AA ရဲ့ စစ်ဘက်သူတို့ခေါင်းဆောင်လို့ ပြောနေတဲ့သူများကိုယ်တိုင် ပါဝင်ပတ်သက်တာဖြစ်ပါတယ်။ အကြိမ်ကြိမ်လည်း ဖမ်းဆီးရမိပြီး ဖြစ်ပါတယ်။ သက်သေအထောက်အထားနဲ့လည်း ကျွန်တော်တို့ ထုတ်ပြန်ပြီးဖြစ်တယ်။ ဒီဟာတွေကို အဓိက ပင်လယ်ထွက်ပေါက်ကနေ ပို့တာရှိတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ပို့တာရှိတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာလည်း မကြာခဏ ဖမ်းဆီးရမိတာ ရှိတယ်။ နယ်စပ်အထိ AA အဖွဲ့က တာဝန်ယူပြီး ဟိုဘက်မှာ ARSA အဖွဲ့နဲ့ ချိတ်ပြီး လွှဲပြောင်းပြီးဆောင်ရွက်တာဖြစ်ပါတယ်။ ဒီနေရာမှာ ရဲစခန်းတွေက ဆုံးရှုံးခဲ့ရတဲ့လက်နက်တွေကို ARSA အဖွဲ့ကို ထောက်ပံ့ပြီးတော့ သူတို့ထောက်ပံ့တယ်ဆိုတာ မဖြစ်အောင်၊ ပြီးရင် စောင့်ကြည့်နေတဲ့ ရခိုင်ပြည်သူ လူထုကို ထင်ယောင်ထင်မှားဖြစ်အောင် လုပ်ဆောင်ခြင်းဖြစ်ပါတယ်။ နောက်တစ်ခုက ဒီရက်ပိုင်းအတွင်း မှာပဲ AA အနေနဲ့ တပ်မတော်က ရခိုင်မှာရှိတဲ့ အဓိကကတော့ ဘူးသီးတောင် - မောင်တောမှာရှိတဲ့ မွတ်စလင်တွေကို စစ်သားစုဆောင်းနေတယ်ဆိုပြီး ကောလာဟလတွေ ဆက်တိုက်ထုတ်လွှင့်နေတာရှိပါတယ်။ ဘူးသီးတောင်- မောင်တောမှာရှိတဲ့ မည်သည့်မွတ်စလင်အသိုင်းအဝိုင်းကိုမဆို၊ မည်သည့်မွတ်စလင်ကျေးရွာကိုမဆို မေးမြန်းလို့ရပါတယ်။ စစ်သားစုဆောင်းခြင်းမရှိပါဘူး။ ဒီဒေသတွေမှာ မွတ်စလင်ရွာတွေနဲ့ တပ်မတော်တပ်ရင်း/ တပ်ဖွဲ့တွေက အတူယှဉ်တွဲနေထိုင်လာတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်ပါတယ်။ ဒါတွေကို ဒီနေ့မှာဆိုရင် ဘူးသီးတောင်-မောင်တောဘက်မှာ AA အနေနဲ့ မွတ်စလင်ကျေးရွာတွေက ကိုယ်စားလှယ်တွေခေါ်ပြီး အစည်းအဝေးလုပ်ခဲ့ပါတယ်။ ဒီအစည်းအဝေးမှာ သူတို့အနေနဲ့ ဒီအဖွဲ့တွေကို တပ်မတော်နဲ့ မပူးပေါင်းဖို့၊ AA နဲ့ပူးပေါင်းဖို့၊ AA တပ်ထဲမှာဝင်ပါဖို့ ခြိမ်းခြောက်ပြောဆိုခဲ့တာရှိပါ တယ်။ အခွင့်အရေးတွေ ပေးသွားမယ်ဆိုပြီး ပြောဆို ခဲ့တာလည်းရှိပါတယ်။ သူတို့ပြောဆိုခဲ့တဲ့ အထောက်အထားတွေအားလုံးလည်း ရှိပါတယ်။ နောက်တစ်ခုကတော့ ဘူးသီးတောင်မြို့နယ်ရဲ့ မောင်တောဘက် အထွက်မှာရှိတဲ့ လက်ဝဲတက်ပုဇွန်ချောင်း မွတ်စလင်ကျေးရွာတွေကို ဒီနေ့နံနက်မှာ AA အကြမ်းဖက်သောင်းကျန်းသူများက တပ်မတော်ကို သတင်းပေးတယ်ဆိုပြီး မီးရှို့ဖျက်ဆီးတာရှိပါတယ်။ အနည်းဆုံး အိမ်ခြေ ၇၀၀ လောက်အထိ ဆုံးရှုံးခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး တပ်မတော်အနေနဲ့ကတော့ ဘူးသီးတောင်မြို့မှာရှိတဲ့ မွတ်စလင်လူမှုကူညီရေးအသင်းနဲ့ ပူးပေါင်းပြီး ပြန်လည်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။ ။

Newspaper - 2753 items

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက်၊ မေ ၁၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 14, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက်၊ မေ ၁၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 13, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက်၊ မေ ၁၂ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 12, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၃ ရက် ၊ မေ ၁၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 10, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၂ ရက် ၊ မေ ၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 09, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁ ရက် ၊ မေ ၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 08, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလကွယ်နေ့ ၊ မေ ၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 07, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက်၊ မေ ၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 06, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက်၊ မေ ၅ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 05, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက်၊ မေ ၄ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 04, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download