ဥပဒေအရာရှိ အဆင့်-၄ (အစမ်းခန့်)များ လုပ်ငန်းခွင်ဝင်သင်တန်း အမှတ်စဉ် ၁/၂၀၂၃ သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
ဥပဒေအရာရှိ အဆင့်-၄ (အစမ်းခန့်)များ လုပ်ငန်းခွင်ဝင်သင်တန်း အမှတ်စဉ် ၁/၂၀၂၃ သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
Ministry of Information/ Naypyitaw / June 01, 2023

နေပြည်တော် မေ ၃၁
ဥပဒေအရာရှိ အဆင့်-၄ (အစမ်းခန့်)များ လုပ်ငန်းခွင်ဝင်သင်တန်း အမှတ်စဉ် ၁/၂၀၂၃ သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဥပဒေရေးရာဝန်ကြီးဌာန မြေညီထပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
သင်တန်းဆင်းပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက သင်တန်းတွင်ရုံးလုပ်ငန်းဆိုင်ရာကိစ္စများ၊ ဘတ်ဂျက်နှင့် ငွေစာရင်းဆိုင်ရာကိစ္စများ၊ တရားစွဲနှင့် အမှုလိုက်ဆိုင်ရာကိစ္စများ၊ ဥပဒေရေးရာဝန်ကြီးဌာနက အကောင်အထည်ဖော်ဆောင်လျက်ရှိသည့် မဟာဗျူဟာစီမံကိန်းများ၊ ဥပဒေအရာရှိကျင့်ဝတ်များ၊ မျှတသောတရားစီရင်ရေးဆိုင်ရာ စံနှုန်းများအကြောင်းကို အတွေ့အကြုံရင့်ကျက်သည့် ဆရာဆရာမများကိုယ်တိုင် ပြည့်ပြည့်စုံစုံ သင်ကြားပို့ချပေးခဲ့သည့်အပြင် ပြင်ပပညာရှင်များ၊ မှုခင်းရဲတပ်ဖွဲ့နှင့် မှုခင်းဆရာဝန်ကြီးတို့ကို ဖိတ်ခေါ်၍ ပို့ချပေးခဲ့ခြင်းတို့ကြောင့် ဥပဒေအရာရှိအဖြစ် နိုင်ငံတော်ကိုယ်စား အမှုလိုက်ပါ ဆောင်ရွက်မည့်သူများအတွက် တန်ဖိုးမဖြတ်နိုင်သော အသိပညာဗဟုသုတများ ပေးလိုက်နိုင်ပါကြောင်း၊ သရုပ်ပြတရားခွင်ကို အမှုလိုက်အတွေ့အကြုံများစွာရှိသော ဥပဒေအရာရှိများက သရုပ်ပြလေ့ကျင့်ပေးခဲ့ပါကြောင်း၊ ယခုသင်တန်းက သင်ကြားပို့ချပေးလိုက်သည့် အသိပညာဗဟုသုတများကို မိမိတို့လုပ်ငန်းခွင်တွင် လက်တွေ့ကျင့်သုံးလိုက်နာ ဆောင်ရွက်ခြင်းဖြင့် အရည်အသွေးပြည့်ဝပြီး တာဝန်ကိုကျေပွန်စွာ ဆောင်ရွက်နိုင်သော ဥပဒေအရာရှိကောင်းများ ဖြစ်လာကြလိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ သင်တန်းကသင်ကြားပို့ချပေးလိုက်သည့် ပညာများကိုအခြေခံကာ မိမိတို့ကိုယ်တိုင် စဉ်ဆက်မပြတ်လေ့လာသင်ယူပြီး ပေးအပ်သည့်တာဝန်ကို တာဝန်ကျရာဒေသအသီးသီးတွင် ကျေကျေပွန်ပွန်ထမ်းဆောင်ရင်း ဥပဒေရေးရာဝန်ကြီးဌာနနှင့် နိုင်ငံတော်၏ဂုဏ်ကို ထိန်းသိမ်းစောင့်ရှောက်သွားမည့် ဥပဒေအရာရှိများ ဖြစ်ကြပါစေကြောင်း ပြောကြားသည်။
သင်တန်းဆင်းပွဲအခမ်းအနားသို့ တာဝန်ရှိသူများ၊ သင်တန်းဆရာဆရာမများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 2445 items

၁၃၈၅ ခုနှစ်၊ တော်သလင်းလဆန်း ၇ ရက်၊ စက်တင်ဘာ ၂၁ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ September 21, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၅ ခုနှစ်၊ တော်သလင်းလဆန်း ၆ ရက်၊ စက်တင်ဘာ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ September 20, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၅ ခုနှစ်၊ တော်သလင်းလဆန်း ၅ ရက်၊ စက်တင်ဘာ ၁၉ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ September 19, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၅ ခုနှစ်၊ တော်သလင်းလဆန်း ၄ ရက်၊ စက်တင်ဘာ ၁၈ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ September 18, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၅ ခုနှစ်၊ တော်သလင်းလဆန်း ၃ ရက်၊ စက်တင်ဘာ ၁၇ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ September 18, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၅ ခုနှစ်၊ တော်သလင်းလဆန်း ၂ ရက်၊ စက်တင်ဘာ ၁၆ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ September 16, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၅ ခုနှစ်၊ တော်သလင်းလဆန်း ၁ ရက်၊ စက်တင်ဘာ ၁၅ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ September 15, 2023
Publication Date: 2023
Page: 32
Language: မြန်မာ
Download
၁၃၈၅ ခုနှစ်၊ ဝါခေါင်လကွယ်နေ့၊ စက်တင်ဘာ ၁၄ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ September 14, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၅ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၃ ရက်၊ စက်တင်ဘာ ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ September 13, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၅ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၂ ရက်၊ စက်တင်ဘာ ၁၂ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ September 12, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download