ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဧရာဝတီတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ၏ ဦးဆောင်ကြီးကြပ်မှုဖြင့်ဖွင့်လှစ်သည့် နွေရာသီအဆင့်မြင့် အားကစားသင်တန်းများဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဧရာဝတီတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ၏ ဦးဆောင်ကြီးကြပ်မှုဖြင့်ဖွင့်လှစ်သည့် နွေရာသီအဆင့်မြင့် အားကစားသင်တန်းများဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
Ayeyarwaddy Region Government/ ပုသိမ် / April 24, 2024
ဧရာဝတီတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ၏ ဦးဆောင်ကြီးကြပ်မှုဖြင့်ဖွင့်လှစ်သည့် နွေရာသီအဆင့်မြင့် အားကစားသင်တန်းများဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းအားကစားခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများနှင့် သင်တန်းသား အားကစားသမားများတက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင်“ နွေရာသီ ကျောင်းပိတ်ရက်ကာလအတွင်း လူငယ်များအားလပ်ချိန်ကို အကျိုးရှိစွာအသုံးချနိုင်ရေး၊ အသိပညာဗဟုသုတများ၊ တိုင်းပြည်နှင့်လူမျိုးကို ချစ်သည့်စိတ်များ တိုးပွားလာစေရေးတို့ အတွက် လူငယ်နှင့်ပတ်သက်သည့် သင်တန်းများ၊ လှုပ်ရှားမှုကို သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်များ အလိုက်စနစ်တကျ အရှိန်အဟုန်တိုးမြှင့် ဆောင်ရွက်လျက်ရှိရာ ဧရာဝတီ တိုင်းဒေသကြီး အတွင်း၌လည်း သင်္ကြန်ကာလမတိုင်မီက တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာနက ကြီးမှူးပြီး အားကစားနည်း(၁၀)မျိုးဖြင့် သင်တန်းသား၊ သင်တန်းသူ ပေါင်း(၂၄၈)ဦးဖြင့်အခြေခံသင်တန်းများ ဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးကို ဦးတည်ဆောင်ရွက်နေသကဲ့သို့ အားကစားနည်းအလိုက် စနစ်တကျတတ်သိနားလည် လေ့ကျင့်လိုက်စားနိုင်ရေးအတွက် ယခုလိုနွေရာသီအဆင့်မြင့် အားကစားသင်တန်းများကို ထပ်မံဖွင့်လှစ်ပေးခြင်းဖြစ်ပါကြောင်း၊ မြန်မာ့အားကစားကို နိုင်ငံတကာအဆင့်မှီတက်လှမ်းနိုင်ရန် ရည်ရွယ်ပြီးရေတို၊ ရေရှည်စီမံကိန်းများချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိရာတွင် မျိုးဆက်သစ် လူငယ်များ စုဆောင်းရရှိရေး သည် အဓိကအရေးကြီးဆုံးဖြစ်ပါကြောင်း၊ လူငယ်သွေးသစ်အားကစားသမားများကို အခြားနိုင်ငံများနည်းတူ ခေတ်မီအားကစားပစ္စည်းများနှင့် လေ့ကျင့်နိုင်ရန် အားကစားကွင်း အားကစားရုံများ ပြည့်စုံစေရေးအတွက် နိုင်ငံတော်အစိုးရအနေဖြင့် အလေးထားစီစဉ်ဆောင်ရွက် ပေးလျက်လည်းရှိပါကြောင်း၊ “ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး နှင့် ပညာရည်မြင့်မားရေး” ဆိုသည့် ရည်ရွယ်ချက်ကို အောင်မြင်စေရန် လူတစ်စုအားကစားမှ လူထုလူတန်းစား တစ်ရပ်လုံးပါဝင်သည့် အားကစားဖြစ်လာအောင် အဖက်ဖက်မှ ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာတွင် နိုင်ငံတော်၏ အနာဂတ်မျှော်မှန်းချက်များ ဖြစ်မြောက်လာအောင် ယခုသင်တန်းကို တက်ရောက်ကြသည့် သင်တန်းသား/သင်တန်းသူများ၊ အားကစားသမား များနှင့် မိဘပြည်သူများအားလုံးက ကြိုးစားဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြား လိုပါကြောင်း၊ ယခုဖွင့်လှစ်သည့်ဧရာဝတီတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ၏ ဦးဆောင ်ကြီးကြပ်လမ်းညွှန်မှုဖြင့် ဖွင့်လှစ်သည့် နွေရာသီအဆင့်မြင့်သင်တန်း၌ အားကစားနည်း(၁၀)မျိုး ဖြစ်သည့် ဘောလုံး၊ တိုက်ကွမ်ဒို၊ ရိုးရာခြင်း၊ မြန်မာသိုင်း၊ တင်းနစ်၊ ရေကူး၊ ကြက်တောင်၊ စက်ဘီး၊ အေရိုးဗစ်နဲ့ / Physical Fittness Dance သင်တန်းများကို သင်ကြားပေးသွားမည် ဖြစ်သည့်အတွက် သင်တန်းသား/ သင်တန်းသူများအနေဖြင့် သင်တန်းများကို ပြီးမြောက် အောင်မြင်အောင်တက်ရောက်ရန်နှင့် မိမိတို့၏ အားကစားအဆင့် အတန်းတိုးတက်လာအောင် အထူးကြိုးစားတက်ရောက်ကြစေလိုကြောင်း” တိုက်တွန်းအမှာစကားများ ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များသည် တိုက်ကွမ်ဒို သင်တန်းသားများမှ သရုပ်ပြသခြင်း၊ မြန်မာ့လက်ရွေးစင်ခြင်းလုံးအားကစားမယ် မှုံနံ့သာ နှင့်အဖွဲ့မှ သရုပ်ပြသခြင်း၊ မြန်မာ့သိုင်း(လက်သိုင်း) သရုပ်ပြသခြင်းနှင့် Roler စက်ဘီးစီး ပြသခြင်းတို့ကို ကြည့်ရှုအားပေးခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီမှ ဦးဆောင်ကြီးကြပ်၍ နွေရာသီ ကျောင်းပိတ်ရက်ကာလအတွင်း တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်များတွင် လူငယ်များ အားလပ် ချိန်ကို အကျိုးရှိစွာအသုံးချနိုင်ရေးအတွက် ကျောင်းသားလူငယ် သင်တန်းသား၊ သင်တန်းသူ (၃၇၄၇)ဦးအား အားကစားနည်းအလိုက် အခြေခံအားကစားနည်း သင်တန်းများ ဖွင့်လှစ် သင်ကြားပေးခဲ့ပြီး ယခုဖွင့်လှစ်သည့် နွေရာသီအဆင့်မြင့် အားကစားသင်တန်းဖွင့်ပွဲတွင် သင်တန်းသား၊ သင်တန်းသူ(၂၀၇)ဦး တက်ရောက်လျှက်ရှိကာ ဆက်လက်၍လည်း မြို့နယ်များတွင် အားကစားနည်းများအလိုက် အဆင့်မြင့်သင်တန်းများ ဖွင့်လှစ်ပို့ချပေးသွားမည် ဖြစ်ပါသည်။
Newspaper - 2745 items
၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက်၊ မေ ၅ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 05, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက်၊ မေ ၄ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 04, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက်၊ မေ ၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 02, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက်၊ မေ ၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 02, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက်၊ မေ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 01, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက်၊ ဧပြီ ၂၉ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ April 29, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက်၊ ဧပြီ ၂၈ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ April 28, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက်၊ ဧပြီ ၂၇ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ April 27, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၃ ရက်၊ ဧပြီ ၂၆ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ April 26, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက်၊ ဧပြီ ၂၅ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ April 25, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download