၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှု အစီရင်ခံစာ တင်ပြခြင်းနှင့် စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ (၁/၂၀၂၄-၂၀၂၅) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှု အစီရင်ခံစာ တင်ပြခြင်းနှင့် စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ (၁/၂၀၂၄-၂၀၂၅) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Ministry of Industry/ Ministerial Office / May 08, 2024
နေပြည်တော်၊ မေ (၂)
၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှုအစီရင်ခံစာတင်ပြခြင်းနှင့် စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ (၁/၂၀၂၄-၂၀၂၅) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ရုံးအမှတ်(၃၀)၊ စက်မှုဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ စက်ပစ္စည်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ဝန်ကြီးဌာနအသီးသီးမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်သည်။
ရှေးဦးစွာ စက်ပစ္စည်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက စက်ပစ္စည်းကြီးကြပ်မှုကော်မတီအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဇွန်လ(၁)ရက်နေ့မှစ၍ ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁၂)ကြိမ် ကျင်းပပြုလုပ်ခဲ့ပြီး ယခုအစည်းအဝေးသည် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် ပထမဆုံးအကြိမ် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း၊ စက်ပစ္စည်းကြီးကြပ်မှုကော်မတီက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ရန်ပုံငွေလွှဲပြောင်းအမှုတွဲ (၂၇၇)စောင်နှင့် စီမံကိန်းတန်ဖိုးပြောင်းအမှုတွဲ (၃)စောင်၊ စုစုပေါင်းအမှုတွဲ (၂၈၀) စောင်ကို စိစစ်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ယနေ့အစည်းအဝေးတွင် စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် လုပ်ငန်းဆောင်ရွက်မှုနှစ်ချုပ် အစီရင်ခံစာအား မှတ်တမ်းတင်နိုင်ရန်နှင့် လိုအပ်ချက်များကို အကြံပြုဆွေးနွေးဆောင်ရွက်နိုင်ရန်ဖြစ်ကြောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုအဆင့်အဖွဲ့အစည်း၊ ဝန်ကြီးဌာနများ၏ ငွေလုံးငွေရင်းအသုံးစရိတ် (ဆောက်လုပ်ရေး၊ စက်ပစ္စည်း၊ အခြား) ကဏ္ဍအနက် စက်ပစ္စည်းအသုံးစရိတ်သည် ကျပ်သန်း (၂,၃၈၁,၁၃၂.၇၈) ပါဝင်သဖြင့် ရာခိုင်နှုန်း (၄၀.၉၇)ရှိကြောင်း၊ ထို့ပြင် “ငွေလုံးငွေရင်းအသုံးစရိတ်(စက်ပစ္စည်း)အတွက် ရန်ပုံငွေလျာထားခြင်း၊ စက်ပစ္စည်းဝယ်ယူခြင်းနှင့် ရန်ပုံငွေလွှဲပြောင်းခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းဆိုင်ရာ ညွှန်ကြားချက်” ကို ဥပဒေရေးရာဝန်ကြီးဌာန၏ သဘောထားရရှိပြီးဖြစ်သည့်အတွက် ညွှန်ကြားချက်ထုတ်ပြန် နိုင်ရေး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ တင်ပြထားပြီးဖြစ်ကြောင်း၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနအနေဖြင့် စီမံကိန်းတန်ဖိုးပြောင်းလဲမှု အမှုတွဲ(၃)စောင် တင်ပြထားပါသဖြင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် (၄/၂၀၂၃)ပါ ညွှန်ကြားချက်များနှင့်အညီ လိုအပ်သည့် အထောက်အထားစာရွက်စာတမ်းများကို ကော်မတီသို့တင်ပြရန် အကြောင်းကြားပြီးဖြစ်၍ အမှုတွဲအမြန်ပြီးပြတ်နိုင်ရေး သက်ဆိုင်ရာဌာနက ဆောင်ရွက်ပေးရန်လိုကြောင်း၊ စက်ပစ္စည်းစီမံခန့်ခွဲမှု လုပ်ထုံးလုပ်နည်းပြုစုနိုင်ရေးအတွက် စက်ပစ္စည်း ကြီးကြပ်မှုနှင့် စံချိန်စံညွှန်သတ်မှတ်ရေးစာစောင်နှင့် စက်မှုဝန်ကြီးဌာန၏ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရန်လုပ်ငန်းလမ်းညွှန် (မူကြမ်း) (Project Executing And Implementation Guidelines - Draft) တို့ကို ဖြန့်ဝေထားပြီးဖြစ်သည့်အတွက် အကြံပြုချက်များကို ကော်မတီသို့ ပေးပို့သွားရမည်ဖြစ်ကြောင်း၊ စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ မူဝါဒလုပ်ငန်းတာဝန်များနှင့်အညီ လုပ်ငန်းများ ပိုမိုထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး အဖွဲ့ဝင်များမှ ကြိုးပမ်းဆောင်ရွက်ပေးကြရန်နှင့် ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြရန် ပြောကြားသည်။
ထို့နောက် ကော်မတီအတွင်းရေးမှူးက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ကော်မတီ၏ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှု နှစ်ပတ်လည်အစီရင်ခံစာအား ရှင်းလင်းတင်ပြခြင်း၊ ကော်မတီ၏ နောက်ခံသမိုင်းအကျဉ်း၊ စက်ပစ္စည်းကြီးကြပ်မှုကော်မတီ အဆင့်ဆင့် ပြောင်းလဲဖွဲ့စည်းခဲ့မှု၊ လက်ရှိဖွဲ့စည်းထားရှိမှု၊ မူဝါဒနှင့်လုပ်ငန်းတာဝန်၊ ငွေလုံးငွေရင်း အသုံးစရိတ် (စက်ပစ္စည်း) လျာထားခြင်း၊ ရန်ပုံငွေလွှဲပြောင်းသုံးစွဲခွင့်တင်ပြခြင်းနှင့် စီမံကိန်းတန်ဖိုးပြောင်းလဲခြင်းများအပေါ် စိစစ်ဆောင်ရွက်ခဲ့မှု အခြေအနေတို့ကို ရှင်းလင်းတင်ပြရာ ကော်မတီအဖွဲ့ဝင်များက ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဝိုင်းဝန်းအကြံပြုဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြား၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)
Newspaper - 2759 items
၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက်၊ မေ ၂၀ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ May 20, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်၊ မေ ၁၉ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 19, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ မေ ၁၈ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 18, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက်၊ မေ ၁၇ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 17, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက်၊ မေ ၁၆ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 16, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက်၊ မေ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 15, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက်၊ မေ ၁၄ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 14, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက်၊ မေ ၁၃ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ May 13, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက်၊ မေ ၁၂ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 12, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၃ ရက် ၊ မေ ၁၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 10, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download