Latest News - 108558 items

နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေးဗဟိုကော်မတီ အစည်းအဝေးကျင်းပ

Ministry of Information / Posted on May 20, 2026

နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေးဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေးဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့် ဗဟိုကော်မတီဝင်များ တက်ရောက်ကြသည်။

ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း မကွေးတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများ လိုက်လံကြည့်ရှုစစ်ဆေး

Ministry of Information / Posted on May 20, 2026

အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းသည် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းတွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

တပ်မတော်စစ်ကြောင်းများက KNU၊ KNLA နှင့် PDF အမည်ခံ ကိုယ်ကျိုးရှာအကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များ ယာယီစိုးမိုးထားသော မောတောင်မြို့အား အလုံးစုံပြန်လည်သိမ်းပိုက်ထိန်းချုပ် 

Ministry of Information / Posted on May 20, 2026

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်း တည်ရှိသည့် မောတောင်မြို့သည် မြန်မာနိုင်ငံအောက်ပိုင်းရှိ အရှေ့ဘက်အကျဆုံးမြို့ဖြစ်ပြီး ထိုင်းနိုင်ငံနှင့် ထိစပ်လျက်ရှိသော မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်ရေးစခန်းရှိသည့် နယ်စပ်မြို့ဖြစ်သည်။ မြန်မာနိုင်ငံမှ ရေထွက်ပစ္စည်းများနှင့် ဒေသထွက်ကုန်များကို ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချရာ၌ မြိတ်-မောတောင်မှ ထိုင်းနိုင်ငံသို့ တင်ပို့ပါက အချိန် ၇ နာရီခန့်သာကြာသည့် အနီးဆုံးလမ်းကြောင်းဖြစ်ပြီး မောတောင်မြို့မှာ စီးပွားရေးအရအရေးပါသည့် နယ်စပ်မြို့တစ်မြို့လည်း ဖြစ်သည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ရန်ကုန်တိုင်းဒေသကြီးရှိ ဝန်ထမ်းများနှင့် တွေ့ဆုံ

Ministry of Information / Posted on May 20, 2026

စက်မှုနှင့်အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းသည် ရန်ကုန်တိုင်းဒေသကြီးအတွင်း တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများနှင့် ယနေ့နံနက်ပိုင်းတွင် ဆေးဝါးစက်ရုံ(အင်းစိန်)၌ တွေ့ဆုံသည်။

ပြည်ပခရီးသွားများ မြန်မာနိုင်ငံ၏ခရီးသွားဒေသများကို ပိုမိုသိရှိလည်ပတ်နိုင်စေရန် အပြည်ပြည်ဆိုင်ရာခရီးသွားပြပွဲ ကျင်းပမည်

Ministry of Information / Posted on May 20, 2026

လာမည့်ခရီးသွားရာသီ၌ ပြည်ပနိုင်ငံများမှခရီးသွားများ မြန်မာ့အလှနှင့်ယဉ်ကျေးမှုဒေသများကို ပိုမိုသိရှိလည်ပတ်နိုင်စေရန်နှင့် မြန်မာ့ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့လာစေရန် အပြည်ပြည်ဆိုင်ရာခရီးသွားပြပွဲကို ဇွန်လဒုတိယပတ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ သိရသည်။

အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၁၀)နှင့် တန်းမြင့်လေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၉) သင်တန်းစခန်းအလိုက် ပြိုင်ပွဲများ ဆက်လက်ကျင်းပပြုလုပ်

Ministry of Information / Posted on May 20, 2026

အခြေခံလေကြောင်းလူငယ် သင်တန်းအမှတ်စဉ်(၁၀)နှင့် တန်းမြင့်လေကြောင်းလူငယ် သင်တန်းအမှတ်စဉ်(၉) သင်တန်းသားများသည် ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ ဒုတိယနေ့အဖြစ် သင်တန်းစခန်းအလိုက် ပြိုင်ပွဲများ ဆက်လက်ကျင်းပပြုလုပ်ခဲ့ကြသည်။

အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသား ၂၁ ဦး မြန်မာ - ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ထပ်မံလွှဲပြောင်းပေးအပ်

Ministry of Information / Posted on May 20, 2026

ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ် မြဝတီ - ရွှေကုက္ကိုလ်နယ်မြေတွင် တရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ဖိလစ်ပိုင်နိုင်ငံသား ငါးဦး၊ ဘူရွန်ဒီနိုင်ငံသားငါးဦး၊ ကင်ညာနိုင်ငံသားငါးဦး၊ ယူဂန်ဒါနိုင်ငံသားသုံးဦးနှင့် သီရိလင်္ကာနိုင်ငံသားသုံးဦး စုစုပေါင်း ပြည်ပနိုင်ငံသား ၂၁ ဦးတို့အား မြန်မာ - ထိုင်း အမှတ်(၂)ချစ်ကြည်ရေး တံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထပ်မံလွှဲပြောင်းပေးသည်။

တရုတ်ဘာသာစကားပြော HSK-1 နှင့် HSK-3 သင်တန်း ဖွင့်ပွဲကျင်းပ 

Ministry of Information / Posted on May 20, 2026

ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏ ကြီးကြပ်စီစဉ်မှုဖြင့် ဖွင့်လှစ်သော တရုတ်ဘာသာစကားပြော HSK-1 နှင့် HSK - 3 သင်တန်းများဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က အမှာစကားပြောကြားရာ၌ တရုတ်ဘာသာစကား သင်တန်းဖွင့်လှစ်ခဲ့ခြင်းမှာ ယခုအကြိမ်နှင့်ဆိုလျှင် (၃)ကြိမ်မြောက် ဖွင့်လှစ်ခြင်းဖြစ်ကာ အွန်လိုင်းနှင့် In Person စနစ်နှစ်မျိုးဖြင့် ထိရောက်စွာ သင်ကြားပို့ချပေးသွားမည်ဖြစ်ပါကြောင်း၊ ယခင်အကြိမ်များထက် ထူးခြားချက်အနေဖြင့် ယခုသင်တန်းတွင် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း လုံခြုံရေးရဲတပ်ဖွဲ့ဝင် (Tourist Police) များပါ တက်ရောက်ကြခြင်းကြောင့် သင်တန်းဖွင့်လှစ်ရခြင်းသည် ပိုမိုအနှစ်သာရရှိပြီး ကောင်းမွန်လေးနက်သည့် အသွင်သဏ္ဌာန်ကို ဆောင်ကြဉ်းပေးလျက်ရှိပါကြောင်း ပြောကြားသည်။

ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် ဆင်သေရေလွှဲဆည်အသစ် တည်ဆောက်ခြင်းလုပ်ငန်း ကြည့်ရှုစစ်ဆေး

Ministry of Information / Posted on May 20, 2026

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ယမန်နေ့က နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ် သရက်ကွင်းကျေးရွာအနီး ဆင်သေရေလွှဲဆည်အသစ် တည်ဆောက်နေသည့် လုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေးသည်။

ဒုတိယဝန်ကြီး ဦးသိုက်စိုး ကျိုင်းတုံမြို့နယ် ဒေသထွက် အုတ်ကြွပ်အမိုးပြားစက် စတင်လည်ပတ်မှု ကြည့်ရှုစစ်ဆေး

Ministry of Information / Posted on May 20, 2026

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသိုက်စိုးသည် ယမန်နေ့က ရှမ်းပြည်နယ် (အရှေ့ပိုင်း)ကျိုင်းတုံမြို့နယ် ဝမ်ဟကျေးရွာ၌ ဒေသထွက်အုတ်ကြွပ်အမိုးပြား ထုတ်လုပ်မှုဆိုင်ရာ သမဝါယမအသင်းသား အုတ်ကြွပ်ထုတ်လုပ်သူများ၊ ကျေးရွာသူ ကျေးရွာသားများ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

Newspaper - 3531 items

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၅ ရက် ၊ မေ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 20, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၄ ရက် ၊ မေ ၁၉ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 19, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၃ ရက် ၊ မေ ၁၈ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 17, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၂ ရက် ၊ မေ ၁၇ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 17, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁ ရက် ၊ မေ ၁၆ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 16, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လကွယ်နေ့ ၊ မေ ၁၅ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 15, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၄ ရက်၊ မေ ၁၄ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 14, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၃ ရက်၊ မေ ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၂ ရက်၊ မေ ၁၂ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 12, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၁ ရက်၊ မေ ၁၁ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 11, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download