News
Latest News - 95280 items
Ministry of Hotel & Tourism / Posted on August 08, 2025

Ministry of Information / Posted on August 08, 2025
ဆော်ဒီအာရေဗျနိုင်ငံ Riyadh မြို့တွင် ဇူလိုင် ၂၅ ရက်မှ သြဂုတ် ၃ ရက်အထိ ကျင်းပခဲ့သည့် 2025 E-sports World Cup ပြိုင်ပွဲတွင် ကမ္ဘာ့ချန်ပီယံဆုရရှိခဲ့သည့် မြန်မာနိုင်ငံမှ Yangon Galacticos အသင်းသည် ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ရာ နိုင်ငံ့ဂုဏ်ဆောင်အောင်ပွဲရ အားကစားသမားများအား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ E - Sports အဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ကျောင်းသား ကျောင်းသူများနှင့် ပြည်သူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ သောင်းသောင်းဖြဖြ ကြိုဆိုကြသည်။

Ministry of Information / Posted on August 08, 2025
နိုင်ငံတော်က အားကစားကဏ္ဍကို အရှိန်အဟုန်မပျက် အားပေးထောက်ပံ့မှုနှင့်အတူ လူငယ်များစွမ်းအားဖြင့် နိုင်ငံ့ဂုဏ်ကို မြှင့်တင်ဖော်ဆောင်လျက်ရှိရာ မြန်မာနိုင်ငံမှ Yangon Galacticos (YG) အသင်းသည် E-sports World Cup ပြိုင်ပွဲတွင် ဥရောပနှင့်အာရှနိုင်ငံများမှ ပရော်ဖက်ရှင်နယ်ကစားသမားများကို ကျော်ဖြတ်၍ ကမ္ဘာ့ချန်ပီယံဆု ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့ရာ အသင်း၏ ဂုဏ်ယူဝမ်းမြောက်ဖွယ် ရင်တွင်းပီတိစကားသံများကို စုစည်းဖော်ပြလိုက်ပါသည်။

Ministry of Information / Posted on August 08, 2025
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (United Nations Children’s Fund - UNICEF) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr.Yasumasa Kimura အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

Ministry of Information / Posted on August 08, 2025
မြန်မာ-အီဂျစ် နှစ်နိုင်ငံအကြား လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးခြင်းကို ယမန်နေ့က ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ ဆွေးနွေးပွဲသို့ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ အီဂျစ်အာရပ်သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mrs. Aya Saad Mohamed Abdelkarim က ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကိုယ်စား စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန္တာကြည် ဦးဆောင်၍ စိုက်ပျိုးရေးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် ငါးလုပ်ငန်းဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

Ministry of Information / Posted on August 08, 2025
၂၀၂၅ ခုနှစ် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ ဗဟိုအဆင့်အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

Ministry of Information / Posted on August 08, 2025
ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့၌ အကြမ်းဖက်သောင်းကျန်းသူများ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် တစ်နှစ်နီးပါးပိတ်ထားခဲ့ရသည့် အခြေခံပညာကျောင်းများအား ၂၀၂၅ ခုနှစ် ဇူလိုင် ၂၅ ရက်မှစ၍ ပြန်လည်ဖွင့်လှစ်ပြီး ကျောင်းသား ကျောင်းသူများအား စာပေပညာရပ်များကို သင်ကြားပေးလျက်ရှိသည့်အပြင် ကျောင်းအပ်လက်ခံခြင်းကိုလည်း ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။

Ministry of Information / Posted on August 08, 2025
ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ ခရီးသွားဆွဲဆောင်ရာနေရာများသို့ ဧည့်သည်များ ပိုမိုလာရောက်လည်ပတ်ရေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒဏ္ခိဏသီရိမြို့နယ် ဟိုတယ်ဇုန်(၁) ရာဇသင်္ဂဟလမ်းမကြီးရှိ ဟိုတယ်များမှ ငလျင်ဒဏ်သင့် ဟိုတယ်အဆောက်အအုံ၊ အခန်းများနှင့် ခန်းမများ ပြင်ဆင်ဆောင်ရွက်နေမှု၊ ပြင်ဆင်ပြီး ဟိုတယ်များ၌ ဧည့်သည်များ လက်ခံဝန်ဆောင်မှုပေးနေမှုနှင့် ဟိုတယ်အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

Ministry of Information / Posted on August 08, 2025
ရန်ကုန်စားအုန်းဆီသိုလှောင်ကန်မှ နေပြည်တော်ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်များသို့ စားအုန်းဆီသယ်ယူဖြန့်ဖြူးရာတွင် သတ်မှတ်အရည်အသွေး၊ အရေအတွက်နှင့် သတ်မှတ်ကာလအတွင်း ရောက်ရှိရန်နှင့် စားသုံးဆီဖြန့်ဖြူးရေးလုပ်ငန်းစဉ်အပေါ် ကြီးကြပ်ထိန်းကျောင်းနိုင်ရန် ရည်ရွယ်၍ “Digital Platform အသုံးပြုစားသုံးဆီဖြန့်ဖြူးမှုစနစ် မိတ်ဆက်ခြင်းအခမ်းအနား” ကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော် ရုံးအမှတ် ‒ ၃ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ ကျင်းပသည်။

Ministry of Information / Posted on August 08, 2025
လက်ဆွဲကောက်စိုက်စက်အပါအဝင် လယ်ယာသုံးစက်ကိရိယာများ အရည်အသွေးမီ ထုတ်လုပ်နိုင်ရေးနှင့် ထုတ်လုပ်ရေးလုပ်ငန်းများ တိုးတက်ကောင်းမွန်စေရေးဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် စက်မှုဝန်ကြီးဌာန ရုံးအမှတ် (၃၀) အစည်းအဝေးခန်းမ၌ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် ဆက်စပ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
Newspaper - 3248 items

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်နေ့ ၊ သြဂုတ် ၈ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ August 08, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၄ ရက် ၊ သြဂုတ် ၇ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ August 07, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၃ ရက် ၊ သြဂုတ် ၆ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၂ ရက် ၊ သြဂုတ် ၅ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၁ ရက် ၊ သြဂုတ် ၄ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၀ ရက် ၊ သြဂုတ် ၃ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၉ ရက် ၊ သြဂုတ် ၂ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၈ ရက် ၊ သြဂုတ် ၁ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ August 01, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၇ ရက် ၊ ဇူလိုင် ၃၁ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ July 31, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download