News
Latest News - 103137 items
Ministry of Information / Posted on January 15, 2026
ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေးသည် ယနေ့နံနက်ပိုင်းတွင် ဟုမ္မလင်းမြို့ တပ်နယ်ခန်းမ၌ ဟုမ္မလင်းတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကား ပြောကြားသည်။
Ministry of Information / Posted on January 15, 2026
လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ ကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၁) (MICC-I) ၌ သုံးရက်တာ ကျင်းပလျက်ရှိပြီး ဖိုရမ်အတွင်း လူငယ်များ၏ စုပေါင်းဆွေးနွေးမှုများမှ ရရှိလာမည့်အမြင်သဘော ထားများ၊ အကြံပြုချက်များကို အနာဂတ်နိုင်ငံရေးအခင်းအကျင်းတွင် ထည့်သွင်းဆောင်ရွက်သွား နိုင်ရန်ရည်ရွယ်သည်။
Ministry of Information / Posted on January 15, 2026
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနကကျင်းပသည့် (၇၈) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေး အာဂုံ/ ရေးဖြေစာမေးပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်မှ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၂ ရက်အထိ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ ဆဋ္ဌသင်္ဂါယနာ မဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပလျက်ရှိသည်။
Ministry of Information / Posted on January 15, 2026
မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများ ပမာဏအများဆုံးသိမ်းဆည်းရမိမှုနှင့် အွန်လိုင်းလိမ်လည် လောင်းကစားမှုပြုလုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများ ဖော်ထုတ်သိမ်းဆည်းရမိမှုတို့နှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို ယနေ့နံနက်ပိုင်းက ပြင်ဦးလွင်မြို့၌ ကျင်းပသည်။
Ayeyarwaddy Region Government / Posted on January 15, 2026
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ညနေပိုင်းက ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ ထန်းကျွန်းဆိပ်သာအုပ်စုအတွင်းရှိ အမှတ်(၁၈)မြောင်း အပိုင်း(၂)တူးဖော်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ရေကြည်မြို့နယ်၊ ထန်းကျွန်းဆိပ်သာအုပ်စုအတွင်းရှိ အမှတ်(၁၈)မြောင်း အပိုင်း(၂)တူးဖော်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေး
Ministry of Information / Posted on January 15, 2026
ပြည်ထောင်စုမြန်မာနိုင်ငံတော် နယ်ချဲ့လက်အောက်သို့ ကျရောက်ခဲ့ပြီးနောက် တိုင်းရင်းသားပြည်သူအားလုံး စည်းလုံးညီညွတ်မှုအင်အားနှင့် စွန့်လွှတ်စွန့်စား ရင်းနှီးပေးဆပ်မှုများစွာဖြင့် လွတ်လပ်ရေးကို ပြန်လည်ရယူနိုင်ခဲ့သည်။ လွတ်လပ် ရေးရပြီး အချုပ်အခြာအာဏာပိုင်ဆိုင်သည့် နိုင်ငံဖြစ်လာခဲ့သော်လည်း စည်းလုံး ညီညွတ်မှုနှင့် တည်ငြိမ်အေးချမ်းမှုအားနည်းခဲ့သောကြောင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုနှေးကွေးပြီး အခက်အခဲများစွာဖြင့် သံသရာလည်နေသည်ကို သတိပြုမိ ကြရမည်ဖြစ်သည်။
Ministry of Information / Posted on January 15, 2026
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ဒုတိယဝန်ကြီး ဦးသိုက်စိုး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲ ပိုင်းတွင် လယ်ဝေးမြို့နယ် ဂွေ့ကြီးကျေးရွာ၌ ဂွေ့ကြီး စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်း၊ ဝဲကြီး စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်း၊ ရွှေဝါခိုင်လယ်ယာနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်း၊ ရွှေမူ လယ်ယာနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်း၊ ကူသပိတ် စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမ အသင်း၊ သစ်စိမ့်ပင် စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမ အသင်းတို့မှ အသင်းသားတောင်သူများ၊ အသင်းအမှုဆောင်များနှင့် တွေ့ဆုံသည်။
Ministry of Information / Posted on January 15, 2026
ယနေ့ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့သည် ကယားပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားအားလုံး အထွတ်အမြတ်ထားရာ နေ့ထူးနေ့မြတ်ဖြစ်သည့် ကယားပြည်နယ်နေ့ဖြစ်ပါသည်။ ယခုကဲ့သို့ နေ့ထူးနေမြတ် အခါသမယတွင် ကယားတိုင်းရင်းသားများနှင့် ပြည်ထောင်စု ဖွား မိဘပြည်သူ ညီအစ်ကို မောင်နှမများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် နှုတ်ခွန်းဆက်သအပ်ပါသည်။
Ministry of Information / Posted on January 15, 2026
ပြီးခဲ့သည့် ဇန်နဝါရီ ၉ ရက်၊ ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် ရှမ်းပြည်နယ် သီပေါမြို့နယ်နှင့် မိုင်းရယ်မြို့နယ်တို့အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုပြုလုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြု သည့် ပစ္စည်းကိရိယာများကို ဖော်ထုတ်သိမ်းဆည်းရမိခဲ့သည်။ အဆိုပါသတင်း၏ နောက်ဆက်တွဲသတင်းအရ အဆိုပါ မူးယစ်ဆေးဝါးထုတ်လုပ်သည့်လုပ်ငန်းများမှာ ပမာဏကြီးမားသည့် လုပ်ငန်းများဖြစ်ပြီး သမိုင်းစဉ်တစ်လျှောက် အများဆုံးသိမ်းဆည်း ရမိခြင်းဖြစ်ကြောင်းနှင့် ဇန်နဝါရီ ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် မိုင်းရယ်မြို့နယ်အတွင်း နေရာသုံးနေရာမှ ဖော်ထုတ်သိမ်းဆည်းရမိခဲ့သည့် မူးယစ်ဆေးဝါးချက်လုပ်သည့်နေရာများမှာ မြန်မာနိုင်ငံအတွင်း မူးယစ်ဆေးဝါးထုတ်လုပ်သည့် ပင်ရင်းနေရာများဖြစ်သည်ကို စိစစ်တွေ့ရှိခဲ့ရသည်။
Newspaper - 3411 items
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၃ ရက် ၊ ဇန်နဝါရီ ၁၅ ရက်၊ ကြာသပတေးနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၂ ရက် ၊ ဇန်နဝါရီ ၁၄ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၁ ရက် ၊ ဇန်နဝါရီ ၁၃ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၀ ရက် ၊ ဇန်နဝါရီ ၁၂ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၉ ရက် ၊ ဇန်နဝါရီ ၁၁ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၈ ရက် ၊ ဇန်နဝါရီ ၁၀ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၇ ရက် ၊ ဇန်နဝါရီ ၉ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ January 09, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက် ၊ ဇန်နဝါရီ ၈ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ January 07, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက် ၊ ဇန်နဝါရီ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။
