စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ငွေတိုက်ဦးစီးဌာန ဌာနတွင်း အမှုထမ်းများ လုပ်ငန်းပိုင်းဆိုင်ရာ မွမ်းမံသင်တန်း အမှတ်စဉ်(၁) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပခြင်း


Ministry of Planning and Finance/ Treasury Department , Office No.(34), NayPyiTaw / July 22, 2024


ငွေတိုက်ဦးစီးဌာန၊ ဌာနတွင်း အမှုထမ်းများ လုပ်ငန်းပိုင်းဆိုင်ရာ မွမ်းမံသင်တန်း အမှတ်စဉ် (၁) သင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့၊ နံ နက် (၉:၃၀) အချိန်တွင် ရုံးအမှတ် (၃၄)၊ စုပေါင်းခန်းမကြီး၌ ကျင်းပပြုလုပ်ရာ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး တက်ရောက်အမှာစကား ပြောကြားပါသည်။

သင်တန်းဖွင့်ပွဲတွင် ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က အဖွင့်အမှာစကားပြောကြားရာ၌ ယနေ့ဖွင့်လှစ် သည့် သင်တန်းမှာ ငွေတိုက်ဦးစီးဌာနရှိ ဝန်ထမ်းများအား လုပ်ငန်းခွင်အရည်အချင်းတိုးတက်အောင် လေ့ကျင့်သင်ကြားပေးသည့် မွမ်းမံသင်တန်းဖြစ်ပြီး အခြေခံအဆောက်အအုံ လိုအပ်ချက်များ ပြည့်စုံမှုနှင့်အတူ သင်တန်း ဖွင့်လှစ်ခြင်းသည်လည်း အနှစ်သာရရှိပြီး အကျိုးရှိ ထိရောက်ကောင်းမွန်သည့် စနစ်ဖြစ်ကြောင်း၊ အချို့ဌာနများတွင် သင်တန်းများ ပုံမှန်ဖွင့်လှစ်လျက်ရှိသကဲ့သို့ အချို့ဌာနများတွင်လည်း လူသား အရင်းအမြစ် (Human Resource) ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိဌာနအစီအစဉ်များဖြင့် ဌာနတွင်း သင်တန်းများ ဖွင့်လှစ်လျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ သင်တန်းပုံစံမဟုတ်ဘဲ လေ့ကျင့်သင်ကြားမှု ပုံစံများဖြင့် လည်းဆောင်ရွက်လျက်ရှိကြကြောင်း၊ ယခုနောက်ပိုင်းတွင် သင်တန်းပုံစံ ပီပီပြင်ပြင် ဖြစ်အောင် လုပ်ဆောင်လာကြကြောင်း၊ အလေ့အကျင့်ကောင်း အစဉ်အလာကောင်းများဖြစ်၍ ဌာန အကြီးအမှူးများအနေဖြင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ပေးကြရန် တိုက်တွန်း ပြောကြားလိုကြောင်း၊ ယခင်ကာလများကို ပြန်ပြောင်းကြည့်ပါက ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်ထိ ကာလအတွင်း လေ့ကျင့်သင်ကြားမှုများနှင့် ပတ်သက်၍ သင်တန်းများ များစွာဖွင့်လှစ်ပေးခဲ့ကြောင်း၊  ပညာရပ်ပိုင်းနှင့်နည်းပညာပိုင်းတို့တွင် ကူညီသူများ၊ ပံ့ပိုးသူများရှိကြောင်း၊ အင်္ဂလိပ်စာစွမ်းရည် မြှင့်တင်ရေးအတွက် Public Finance Management (PFM) Project အောက်တွင် British Council နှင့်ချိတ်ဆက်၍ အင်္ဂလိပ်စာသင်တန်းများကို ဖွင့်လှစ်ခဲ့ခြင်း၊ ကွန်ပျူတာသင်တန်းများ ဖွင့်လှစ်ခြင်းဖြင့်  ဝန်ထမ်းများ၏ စွမ်းဆောင်ရည်တိုးတက်စေရန် လေ့ကျင့်ပေးခဲ့ကြောင်း၊ အဆိုပါအခြေခံများ ရရှိသည့် ဝန်ထမ်းများအနေဖြင့် လွန်ခဲ့သည့် ၁၀ နှစ်ကာလဖြစ်၍ ယခုအချိန်တွင် ကိုယ်ပိုင်အရည်အချင်းများ ရှိလာပြီဖြစ်ကြောင်း၊ ပညာရပ်ပိုင်းဆိုင်ရာ၊ ဘာသာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်ရန်အတွက် ကိုယ်တိုင်ကြိုးစားရန်လိုကြောင်း၊ ဝန်ကြီးဌာနတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်/ အထွေထွေ မန်နေဂျာအဆင့်မှအောက်အဆင့်အထိ ဝန်ထမ်းများအားလုံးတို့သည် ရုံးပိတ်ရက်နှင့် ရုံးချိန်ပြင်ပတွင် ဖွင့်လှစ်သည့် သင်တန်းများ၊ မဟာဘွဲ့သင်တန်းများ တက်ရောက်သင်ကြားလျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ ဌာနတိုင်းတွင် မဟာဘွဲ့ (MBA, MPA, …….) ရရှိသူ များစွာရှိလာသည်ကို တွေ့ရှိရပြီး ကြိုးစားမှုများကို အားပေးပါကြောင်း၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်က လုပ်ဆောင်ပေးသည်များရှိသကဲ့သို့ မိမိကိုယ်တိုင်သည်လည်း လေ့လာရန် လိုအပ်ကြောင်း၊ ပါရဂူဘွဲ့ သင်တန်းတက်ရောက်သူများရှိကြောင်း၊ မိမိကိုယ်တိုင်အတွက်သာမက မိမိဌာနနှင့် နိုင်ငံတော်အတွက်လည်း ဂုဏ်ယူစရာကောင်းကြောင်းနှင့် ပညာသင်ကြားပြီး ပြန်လည်​ရောက်ရှိပါက မိမိဌာနနှင့် နိုင်ငံတော်အတွက် အကျိုးပြုစေလိုကြောင်း၊ ပြည်ပပညာသင်မှ ပြန်လည်ရောက်ရှိလာသည့် ဝန်ထမ်းများက သင်ကြားခဲ့ရသည့်ပညာရပ်များ၊ အတွေ့အကြုံများအား ဌာနတွင် ပြန်လည်အသုံးချစေရန်နှင့် ဗဟုသုတများ မျှဝေသည့်အစီအစဉ်များလည်း ဆောင်ရွက်ပေးနေကြောင်း၊ မိမိနှင့်သက်ဆိုင်ရာလုပ်ငန်းပိုင်းတွင် ကျွမ်းကျင်မှုရှိရန်လိုအပ်ကြောင်း၊ စဉ်ဆက်မပြတ် ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း၊ ဌာနအကြီးအမှူးများအနေဖြင့် ဘာသာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်သည့် ဝန်ထမ်းများကို စနစ်တကျမွေးမြူထားပြီး ပြည်ပအစည်းအဝေး၊ဆွေးနွေးပွဲ၊ သင်တန်းများသို့ စေလွှတ်ရန်ဖြစ်ကြောင်း၊ ထိုသို့စေလွှတ်ရာတွင် သွားရောက်သည့် အကြောင်းအရာများကို အသေးစိတ်သိရှိပြီး အများနည်းတူ ဆွေးနွေးနိုင်စေလိုကြောင်း၊ မိမိတို့တောင်းဆိုပိုင်ခွင့်ရှိသည်များကို တိတိကျကျတောင်းဆိုနိုင်ပြီး သေချာစွာလေ့လာမှတ်သားစေလိုကြောင်း တိုက်တွန်းပြောကြားပါသည်။

ဆက်လက်၍ နိုင်ငံတကာအစည်းအဝေးများကို အိမ်ရှင်နိုင်ငံအဖြစ် လက်ခံဆောင်ရွက်ပါက စနစ်တကျဆောင်ရွက်နိုင်ရန်နှင့် စွမ်းဆောင်ရည်ပြည့်ဝစွာဆောင်ရွက်နိုင်ရန် ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ကြောင်း မှာကြားပါသည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် ပြောင်းလဲလာသည့် ခေတ်စနစ်နှင့်အညီ ပြုပြင်ပြောင်းလဲရေးများကို စဉ်ဆက်မပြတ်ဆောင်ရွက်ခဲ့ကြောင်း၊ နိုင်ငံတကာအကူအညီများဖြင့် မြန်မာနိုင်ငံ၏ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုစနစ် (Public Financial Management) ပြုပြင်ပြောင်းလဲမှုများကိုလည်း ဆောင်ရွက်ခဲ့ကြောင်း၊ ငွေတိုက်ဦးစီးဌာနကို ၂၀၁၄ ခုနှစ်က စတင်ဖွဲ့စည်းတည်ထောင်ခဲ့ရာ ယခုဆိုလျှင် (၁၀) နှစ်ကာလ ရောက်ရှိပြီဖြစ်ကြောင်း၊ ငွေတိုက်ဦးစီးဌာနအနေဖြင့် ကြွေးမြီစီမံခန့်ခွဲခြင်း၊ ငွေကြေးစီမံခန့်ခွဲခြင်းနှင့် အစိုးရ၏စာရင်းများ ပေါင်းချုပ်အစီရင်ခံခြင်းတို့ကို ဆောင်ရွက်ရသည့်အတွက် အရေးကြီးသည့် ဌာနတစ်ခုဖြစ်ကြောင်း၊ နိုင်ငံတော် ကြွေးမြီများနှင့် စပ်လျဉ်း၍ ဆောင်ရွက်ရာတွင် နည်းပညာများအသုံးပြု၍  Data များကို စနစ်တကျ ဆောင်ရွက်လာနိုင်ပြီး ချေးငွေဆိုင်ရာအချက်အလက်များအား မြီ ရှင်နိုင်ငံအလိုက်၊ အဖွဲ့အစည်းအလိုက်၊ ဌာနအလိုက်စာရင်းများ ပြုစုထားရှိလာနိုင်ပြီဖြစ်ကြောင်း၊ ကိန်းဂဏန်းများသည် တိကျမှန်ကန်ရန် နှင့် ခိုင်မာမှုရှိရန်လိုအပ် ကြောင်း ၊ ငွေတိုက်ဦးစီးဌာနမှ ဝန်ထမ်းများအနေဖြင့်လည်း စနေ၊ တနင်္ဂနွေ အပါအဝင် အချိန်ပိုဆင်းပြီး လုပ်ငန်းများဆောင်ရွက်နေကြသည်ကို သိရှိကြောင်းနှင့် ဝန်ထမ်းများ အနေဖြင့် ပင်ပန်းသည်ဟု သဘောမထားဘဲ မိမိဌာန၏ လုပ်ငန်းတာဝန်များ၏ အရေးပါမှုကို သိရှိရန်လိုအပ်ကြောင်း မှာကြားပါသည်။

ငွေတိုက်ဦးစီးဌာန သင်တန်းသား၊ သင်တန်းသူများအား ညွှန်ကြားရေးမှူးချုပ်အပါအဝင် သင်တန်းနည်းပြများသည် နိုင်ငံတကာအတွေ့အကြုံရှိသူများဖြစ်ပြီး ပညာပြည့် ဝသူများဖြစ်၍  သေချာစွာ လေ့လာကြရန်မှာကြားလိုကြောင်း၊ ရာထူးအဆင့်လိုက် Back up ထားရှိရန်နှင့် လက်ဆင့်ကမ်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းကို ပီပီပြင်ပြင်ဖြစ်အောင် စနစ်တကျလေ့လာသင်ယူကြရန်၊စည်းစည်းလုံးလုံးညီညီညွတ်ညွတ် နေထိုင်ကြရန်၊ လုပ်သင့်လုပ်ထိုက်သည်များကို ဆောင်ရွက်ကြရန်နှင့် လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်ကြရန် မှာကြားလိုကြောင်း၊ အားနည်းချက်များကို ပြင်ဆင်ပြီး အားသာချက်များကို အသုံးချရန် လိုအပ်ကြောင်း၊ ပြည်ပပညာသင်လျှောက်ထားရာတွင် ဝန်ထမ်းဖြစ်သည့်အတွက် အခွင့်အလမ်း ပိုမိုရှိသဖြင့် ကြိုးစားကြစေလိုကြောင်း၊ ယခုတိုက်တွန်းမှာကြားချက်များသည် ဌာနအားလုံးတွင် ဖွင့်လှစ်သည့် သင်တန်းများအားလုံးကို ခြုံငုံ၍ သိသင့်သိထိုက်သည်များကို ပြောကြားခြင်း ဖြစ်ကြောင်းဝန်ထမ်းအားလုံးသည် သင်ယူလိုစိတ်၊ ကြိုးစားမှု၊ ရိုးသားမှုရှိရမည်ဖြစ်ကြောင်း၊ ရိုးသားမှုဆိုသည့် စကားလုံးသည် အရမ်းကောင်းမွန်သည့်စကားလုံးဖြစ်ပြီး ဝန်ထမ်းဘဝတစ်လျှောက် အရေးကြီးကြောင်း၊ လူတစ်ယောက်၏ ဂုဏ်သိက္ခာသည် ရိုးသားမှုပေါ်မူတည်ကြောင်း၊ ဝန်ထမ်းအားလုံးကို အရည်အသွေးများ ပို၍တိုးတက်အောင်လုပ်ဆောင်ကြရန်နှင့် နိုင်ငံ တော်အတွက် အကျိုးပြုရန် မှာကြားလိုကြောင်း၊ ပြောကြားပါသည်။

အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သင်တန်းသား၊ သင်တန်းသူများ စုစုပေါင်း (၇၃)ဦး တက်ရောက်ကြပါသည်။

 

Newspaper - 2867 items

၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၂ ရက် ၊ ဇူလိုင် ၂၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ July 22, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁ ရက် ၊ ဇူလိုင် ၂၁ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ July 21, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်နေ့၊ ဇူလိုင် ၂၀ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ July 20, 2024

Publication Date: 2024

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါဆိုလဆန်း ၁၄ ရက် ၊ ဇူလိုင် ၁၉ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ July 19, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါဆိုလဆန်း ၁၃ ရက် ၊ ဇူလိုင် ၁၈ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ July 18, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါဆိုလဆန်း ၁၂ ရက် ၊ ဇူလိုင် ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ July 17, 2024

Publication Date: 2024

Page: 32 page

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါဆိုလဆန်း ၁၁ ရက် ၊ ဇူလိုင် ၁၆ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ July 16, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါဆိုလဆန်း ၁၀ ရက် ၊ ဇူလိုင် ၁၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ July 15, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါဆိုလဆန်း ၉ ရက် ၊ ဇူလိုင် ၁၄ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ July 14, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါဆိုလဆန်း ၈ ရက် ၊ ဇူလိုင် ၁၃ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ July 13, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download