ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ဖြစ်ပေါ်နေသောအခြေအနေများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်


Ministry of Information/ Naypyitaw / July 27, 2024
image_latest


ဒီနေ့မှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်းအခြေအနေများနဲ့ ဖြစ်ပေါ်နေတဲ့အခြေအနေများကို ပြောပါမယ်။

MNDAA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ဟာ ဇူလိုင်လ ၃ ရက်နေ့မှာ လားရှိုးမြို့အနီးတစ်ဝိုက်ကို စတင်တိုက်ခိုက်ခဲ့ပါတယ်။ အလားတူပဲ TNLA အကြမ်းဖက်အဖွဲ့ဟာ နောင်ချို၊ ကျောက်မဲ၊ မိုးကုတ် မြို့တွေကို တိုက်ခိုက်ခဲ့တာတွေရှိပါတယ်။ ဒီလို တိုက်ခိုက်ခဲ့ရာမှာ စစ်ဘက်ဆိုင်ရာနေရာများထက် သာမန်ပြည်သူတွေနေတဲ့နေရာတွေကို ရှော့တိုက်ဒုံး၊ ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ဆောင်ရွက်ခဲ့ပါတယ်။ ပြည်သူတွေရဲ့ အသက်၊ အိုး၊ အိမ်၊ စည်းစိမ်တွေ ဆုံးရှုံးခဲ့ရပါတယ်။ ဘာသာရေးအဆောက်အအုံတွေ၊ လမ်းတံတားတွေ၊ ပြည်သူပိုင်ဆေးရုံဆေးခန်း၊ စာသင်ကျောင်းတွေ ထိခိုက်ပျက်စီးခဲ့ရပါတယ်။ လားရှိုးမြို့တစ်ခုတည်းမှာပဲ ကျွန်တော်တို့ စာရင်းကောက်လို့ရသမျှ ကလေးငယ် ၅ ဦး အပါအဝင် ပြည်သူ ၃၀ သေဆုံးပြီး ဒဏ်ရာရရှိသူ ၅၅ ဦးရှိခဲ့ပါတယ်။ ကျွန်တော်တို့ တိုင်းရင်းသားပြည်သူများဟာ မိမိတို့အနှစ်နှစ်အလလ၊ သားစဉ်မြေးဆက် ရှာဖွေစုဆောင်း တည်ဆောက်ခဲ့ရတဲ့ အိမ်တွေ၊ ဆိုင်တွေ၊ လုပ်ငန်းတွေ၊ ပိုင်ဆိုင်မှုတွေကို စွန့်ခွာထွက်ပြေးရပြီး တိုက်ပွဲရှောင်ခဲ့ရပါတယ်။ ယခုလက်ရှိအခြေအနေမှာ MNDAA, TNLA, AA အကြမ်းဖက်သောင်းကျန်းသူများနဲ့ သူတို့နဲ့ပူးပေါင်းနေတဲ့ PDF အကြမ်းဖက်များရဲ့ မြို့ရွာများကို ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် အဲဒီဒေသတွေကနေ နေရပ်စွန့်ခွာထွက်ပြေးပြီး ပြင်ဦးလွင်မြို့၊ တောင်ကြီးမြို့နဲ့ မန္တလေးမြို့အပါအဝင် အခြားမြို့ရွာတွေကို ရောက်ရှိခိုလှုံနေရသူ တိုင်းရင်းသားပြည်သူဦးရေ အမြောက်အမြားရှိနေပါတယ်။ သူတို့ကို နိုင်ငံတော်အစိုးရ၊ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများနဲ့ Volunteer လူမှုကူညီရေးအသင်းများ၊ ပုဂ္ဂလိကစေတနာရှင်ပြည်သူ များက ကူညီထောက်ပံ့ပေးနေတာကိုလည်း တွေ့ရပါတယ်။ သောင်းကျန်းသူများရဲ့ တိုက်ခိုက်မှုကြောင့် နေရပ်စွန့်ခွာလာရတဲ့ ပြည်သူများကို သွားလာရာလမ်းတစ်လျှောက်မှာ တတ်နိုင်သလောက် ကူညီစောင့်ရှောက်ပေးခဲ့တဲ့ စေတနာရှင်တိုင်းရင်းသား ပြည်သူများရဲ့ ကူညီလိုစိတ်၊ ဝိုင်းဝန်းလိုစိတ်နဲ့ မြန်မာဆိုတဲ့စိတ်ထားကို အထူးဂုဏ်ယူပါကြောင်း ပြောကြားလိုပါတယ်။ ဒီလိုပြည်ထောင်စုစိတ်၊ မြန်မာစိတ်ရှိတဲ့ ပြည်သူလူထုက လူသားချင်းစာနာ စိတ်နဲ့ဆောင်ရွက်နေချိန်မှာ ပြည်သူ့အသက်အိုးအိမ် စည်းစိမ်တွေကိုဖျက်ဆီးနေတဲ့ ဓားပြဆန်ဆန် အဖွဲ့အစည်းဖြစ်တဲ့ သောင်းကျန်းသူအဖွဲ့တွေကို အားပေး၊ အားမြှောက်လုပ်နေတဲ့၊ ပြည်ပကိုထွက် ပြေးတိမ်းရှောင်ပြီး ပြည်ပအားကိုး ပုဆိန်ရိုးလုပ်နေတဲ့သူတွေ၊ အဖွဲ့အစည်းတွေ၊ မီဒီယာတွေကိုလည်း စိတ်ပျက်ဖွယ်တွေ့ရပါတယ်။ ကျွန်တော်တို့တိုင်းရင်းသားပြည်သူလူထုရဲ့ သေကျေပျက်စီးမှု၊ အိုးအိမ် နေရာဖျက်ဆီးဆုံးရှုံးခံရမှု၊ ပြည်သူပိုင် လမ်း၊ တံတား၊ စာသင်ကျောင်း၊ ဆေးရုံ၊ ကိုးကွယ်ရာနေရာတွေ ဖြစ်တဲ့ ဘုရား၊ ကျောင်း၊ ဘာသာရေးအဆောက်အအုံတွေ ပျက်စီးရမှုတွေကို ဝမ်းသာအားရဖြစ်နေတဲ့ သူတွေဟာ သူတို့ရဲ့စိတ်ထဲမှာ ကျွန်တော်တို့နိုင်ငံ၊ ကျွန်တော်တို့လူမျိုး၊ ကျွန်တော်တို့ ပြည်သူလူထု အပေါ်မှာ ဘယ်လောက်ထိ ကောက်ကျစ်စဉ်းလဲတဲ့ စိတ်၊ ဖျက်လိုဖျက်ဆီးစိတ်ရှိတယ်ဆိုတာကို အထင်းသားပေါ်လွင်ပြသနေတာ ဖြစ်ပါတယ်။ ပြည်သူလူထုတစ်ရပ်လုံး ဝိုင်းဝန်းပူးပေါင်းပြီး ထိထိရောက်ရောက် ပြတ်သားစွာဆန့်ကျင်ကြရပါမယ်။

မနေ့က MNDAA အကြမ်းဖက်အဖွဲ့က လားရှိုးမြို့ကို သိမ်းပိုက်နိုင်ပြီဆိုပြီး ကြေညာခဲ့တာ တွေ့ရပါတယ်။ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးက အဲဒီသတင်းနဲ့ ပတ်သက်ပြီး ဒီသတင်းဟာ မဟုတ်မှန်ကြောင်းနဲ့ မဟုတ်မမှန်လုပ်ကြံဝါဒဖြန့်မှုသာဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီးဖြစ်ပါတယ်။ ဒီ MNDAA အကြမ်းဖက်အဖွဲ့ရဲ့ ကြေညာချက်ထွက်ပြီး အချိန်အနည်းငယ်အတွင်းမှာပဲ BPLA ဆိုတဲ့ ဗမာသစ္စာဖောက်လောက်ကောင်အဖွဲ့ကလည်း သံယောင်လိုက်ပေးတာတွေ၊ ခေါင်းဆောင်လုပ်တဲ့သူကလည်း မီဒီယာများကို ပြောကြားပေးတာတွေ၊ ထုံးစံအတိုင်းပဲ ပြည်ဖျက်မီဒီယာတွေ၊ ပြည်ပအားကိုး ပုဆိန်ရိုးတွေက အုတ်အော်သောင်းတင်း ဝါဒဖြန့်တာတွေကို ဆောင်ရွက်ခဲ့ကြပါတယ်။ ပိုပြီးထူးခြားတာက တရုတ်ဘာသာစကားနဲ့ TikTok, Wechat စာမျက်နှာတွေမှာ ဝါဒဖြန့်မှုတွေကို အရေအတွက်များစွာ လုပ်ဆောင်ခဲ့ကြောင်း တွေ့ရပါတယ်။ ဒီအဖျက်သမားတွေ ဘာကိုရည်ရွယ်တာလဲ၊ ဒီမဟုတ်မမှန်သတင်းကို အရှိန်အဟုန်နဲ့ ဘာလို့ဖြန့်သလဲဆိုတာ ကျွန်တော်တို့ပြည်သူလူထု၊ လုံခြုံရေးအဖွဲ့အစည်းများအားလုံး သိဖို့ လိုအပ်ပါတယ်။

MNDAA, TNLA နဲ့ PDF အကြမ်းဖက်အဖွဲ့တွေဟာ ဒီဇူလိုင်လအတွင်းမှာ လားရှိုး၊ နောင်ချို၊ ကျောက်မဲ၊ သီပေါဒေသတစ်ဝိုက်တိုက်ပွဲတွေမှာ သေဆုံး၊ ဒဏ်ရာရ၊ ပျောက်ဆုံး၊ ထွက်ပြေးသူတွေ တော်တော်များခဲ့ပါတယ်။ ဒါ့ကြောင့် စစ်ဘေးရှောင်ပြည်သူတွေ၊ သူတို့ မတရားသိမ်းပိုက်ခဲ့တဲ့ရွာတွေက ကလေးသူငယ်တွေ၊ သက်ကြီးရွယ်အိုများအပါအဝင် တိုင်းရင်းသား ပြည်သူလူထုကို မတရားဖမ်းဆီးပြီး တိုက်ပွဲဝင်ခိုင်းခဲ့ပါတယ်။ သေကျေပျက်စီးမှု ထပ်မံရှိခဲ့ပါတယ်။ ဒါကြောင့် သူတို့ရဲ့အခြေအနေမှန်ကို ဖုံးကွယ်ဖို့၊ သူတို့ရဲ့ စိတ်ဓာတ်ရေးရာထိခိုက်နေမှုကို ဖုံးကွယ်ဖို့ ဆောင်ရွက်ရခြင်းဖြစ်ပါတယ်။ ဒီနေရာမှာ ထပ်မံအသိပေးလိုတာကတော့ ဒီ MNDAA , TNLA နဲ့ အခြားအကြမ်းဖက်ဓားပြအဖွဲ့မှာ မတရားစုဆောင်းခံထားရတဲ့ ပြည်သူလူထုအနေနဲ့ ဘေးကင်းရာကို ထွက်ပြေးလာရောက်နိုင်ပါတယ်။ ကျွန်တော်တို့ တပ်မတော်နဲ့လုံခြုံရေးအဖွဲ့အစည်းများက သူတို့ရဲ့ အသက်အန္တရာယ်နဲ့လုံခြုံရေးကို ခိုင်ခိုင်မာမာအာမခံပါတယ်။

လားရှိုးနဲ့ဆက်စပ်ဒေသတွေကို အကြမ်းဖက်တွေ တိုက်ခိုက်တဲ့အခါ ဒေသခံပြည်သူလူထု အပါအဝင် မြန်မာတစ်နိုင်ငံလုံးက ပြည်သူတွေ၊ တရုတ်နိုင်ငံသားတွေကအစ ၎င်းတို့ရဲ့ ဓားပြဆန်ဆန်လုပ်ရပ်ကို ဝိုင်းဝန်းကန့်ကွက်ခဲ့ပါတယ်။ ဒါ့ကြောင့် ပြည်သူလူထုထိတ်လန့်ကြောက်ရွံ့အောင် ပြည်သူတွေနေတဲ့ ရပ်ကွက်တွေ၊ အိမ်တွေပေါ်တည့်တည့်ရှော့တိုက်ဒုံး၊ လက်နက်ကြီးတွေနဲ့ပစ်ခတ်ပြီး ပြည်သူတွေထွက်ပြေးအောင် ခြောက်လှန့်လုပ်ဆောင်ခဲ့ပါတယ်။ အရပ်သားဟန်ဆောင်ပြီး ပြည်သူ တွေရဲ့နေရာတွေကို ဝင်ရောက်ခဲ့ပါတယ်။ ပြည်သူလူထုရဲ့ ဝိုင်းဝန်းဆန့်ကျင်မှု၊ ကျွန်တော်တို့တိုင်းရင်း သားပြည်သူလူထုရဲ့စည်းရုံးမှု၊ ထင်မြင်ချက်တွေကိုဖြိုခွဲဖို့ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။

ဒါ့အပြင် သူတို့နောက်ကွယ်က ထောက်ပံ့နေတဲ့ ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းတွေဆီကနေ သူတို့ အသက်ဆက်နိုင်ဖို့၊ လိုအပ်ချက်တွေ ပိုမိုရရှိနိုင်ဖို့ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။

ဒီနေ့မှာလည်း လားရှိုးမြို့အချို့နေရာတွေမှာ အရပ်ဝတ်တွေနဲ့ ဝင်ရောက်နေရာယူ၊ ပြီးမှ ယူနီဖောင်းလဲပြီး လမ်းလျှောက်ပြတာတွေ၊ အလံလွှင့်ပြတာတွေ၊ လားရှိုးမြို့ပေါ် အချို့နေရာတွေမှာ မော်တော်ယာဉ်နဲ့ လျှောက်သွားပြီး ဓာတ်ပုံရိုက်၊ ဗီဒီယိုရိုက်ပြီး ဝါဒဖြန့်တာတွေ ဆောင်ရွက်နေတာ တွေကို တွေ့ရမှာဖြစ်တယ်။

ဒါတွေကို ကျွန်တော်တို့ တိုင်းရင်းသားပြည်သူလူထု၊ ဒီဒေသမှာ ပြည်သူ့အသက်အိုးအိမ်စည်းစိမ်နဲ့ နိုင်ငံတော်အတွက် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်နေတဲ့ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအားလုံးက သိရှိဖို့လိုအပ်ပါတယ်။

MNDAA, TNLA အကြမ်းဖက်ဓားပြအဖွဲ့တွေဟာ အကြောင်းအမျိုးမျိုးပြပြီး ဒေသခံ တိုင်းရင်းသားပြည်သူလူထုရဲ့ ပိုင်ဆိုင်မှုတွေ၊ အသက်အိုးအိမ်စည်းစိမ်တွေကို တိုက်ခိုက်နေတာ ဖြစ်ပါတယ်။ သူတို့မတရားကျူးကျော်ထားတဲ့ နယ်မြေတွေမှာ လူမျိုးရေးခွဲခြားဆက်ဆံတာတွေ၊ မတရားသိမ်းပိုက်တာတွေ၊ အတင်းအဓမ္မစစ်သား စုဆောင်းအသေခံခိုင်းတာတွေ လုပ်ဆောင်လျက် ရှိပါတယ်။ သူတို့အချင်းချင်းတောင် နယ်မြေလုနေတာကို တွေ့ရမှာဖြစ်ပါတယ်။ သူတို့ မတရားကျူးကျော်ထားတဲ့ ဘယ်နယ်မြေတွေမှာ ဒေသခံပြည်သူလူထုရဲ့ လူမှုစီးပွားဘဝတိုးတက်နေသလဲ၊ လုံခြုံနေသလဲဆိုတာကို မေးခွန်းထုတ်ချင်ပါတယ်။ တိုင်းရင်းသားပြည်သူလူထုအပေါ် လက်နက်အားကိုးနဲ့အနိုင်ယူနေတဲ့ ဓားပြအဖွဲ့အစည်းတွေသာ ဖြစ်ပါတယ်။

ကျွန်တော်တို့တပ်မတော်ဟာ မြန်မာ့လွတ်လပ်ရေးနဲ့အတူပေါ်ပေါက်လာတဲ့ တပ်မတော်ဖြစ်ပါတယ်။ မြန်မာ့လွတ်လပ်ရေးကို တိုင်းရင်းသား ပြည်သူလူထုနဲ့အတူ လက်တွဲပြီး အသက်၊ သွေး၊ ချွေးများစွာ ပေးဆပ်ရယူခဲ့ရပါတယ်။ လွတ်လပ်ပြီး မြန်မာနိုင်ငံမှာ သောင်းကျန်းသူအဖွဲ့မျိုးစုံ သူပုန်ထမှုကြောင့် ရန်ကုန်အစိုးရလို့အခေါ်ခံရတဲ့ကာလမျိုးမှာ တာဝန်သိတိုင်းရင်းသားပြည်သူလူထုနဲ့ ပူးပေါင်းပြီး နိုင်ငံ့လွတ်လပ်ရေးနဲ့ မြန်မာပြည်သူလူထုရဲ့ အချုပ်အခြာအာဏာကို ထိန်းသိမ်းကာကွယ်ခဲ့ရပါတယ်။ တပ်မတော်မှာ စစ်တိုင်းဒေသကြီး ၁၄ ခုရှိတဲ့အနက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ဟာ အစဉ်အလာကြီးမားတဲ့ စစ်တိုင်းကြီးဖြစ်ပါတယ်။ ပြည်ပကူမင်တန်ကျူးကျော်စစ်ကို ရိုက်ချိုးခဲ့ပါတယ်။ ဗကပတွေရဲ့ကျူးကျော်စစ်တွေကို အကြိမ်ကြိမ်ရိုက်ချိုးခဲ့ပါတယ်။ ဒေသခံတိုင်းရင်းသား ပြည်သူလူထုကို ဓားပြသာသာစစ်ဘုရင်၊ ဘိန်းဘုရင်တွေရဲ့ ဖိနှိပ်မှုအောက်က လွတ်မြောက်အောင် စွမ်းဆောင်ပေးခဲ့တဲ့ စစ်တိုင်းကြီးတစ်ခု ဖြစ်ခဲ့ပါတယ်။

ဒီနေ့ဒီအချိန်အခါမှာ အခြေအနေ၊ အချိန်အခါတွေအရ ဓားပြသာသာစစ်ဘုရင်ဝါဒဟာ ဖုံးကွယ်မှုအမျိုးမျိုး၊ ဝါဒဖြန့်မှုအမျိုးမျိုး၊ လူမျိုးရေးမှိုင်းအမျိုးမျိုးနဲ့ ခေါင်းထောင်ထလာတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒီနိုင်ငံ၊ ဒီပြည်သူလူထုအပေါ်မှာ အဖျက်စိတ်ဓာတ်ရှိတဲ့၊ သစ္စာမဲ့တဲ့ လောက်ကောင်များနဲ့ အဖွဲ့အစည်းများရဲ့ ယုတ်မာသောပူးပေါင်းကြံစည်မှု၊ ဓားပြသာသာ စစ်ဘုရင်ဝါဒကို ပံ့ပိုးနေမှုတွေကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ ဒီကိစ္စတွေဟာ အဆုံးသတ်ခါနီး၊ ငြိမ်းခါနီးမီးလိုဖြစ်နေပါပြီ။ ငြိမ်းခါနီးမီးထတောက်အောင် မဟုတ်မမှန်ဝါဒဖြန့် ဆောင်ရွက်နေတာ၊ ပြည်သူလူထုအပေါ်မှာဖိနှိပ်ပြီး စစ်သားစုဆောင်း တိုက်ပွဲဝင်ခိုင်းနေတာတွေ တွေ့ရမှာဖြစ်ပါတယ်။ ဒါတွေကို ကျွန်တော်တို့သတိရှိဖို့လိုအပ်ပါတယ်။ အားလုံးကဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ မြို့ရွာတွေထဲကို အရပ်သားအယောင်ဆောင်ပြီး စိမ့်ဝင်လာတဲ့ အကြမ်းဖက်တွေ၊ လောက်ကောင်တွေကို တိုင်းရင်းသားပြည်သူလူထု၊ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ လက်တွဲညီညီ သုတ်သင်ရှင်းလင်းရမှာ ဖြစ်ပါတယ်။ နိုင်ငံတစ်ဝန်း စွန့်စွန့်စားစားတိုက်ပွဲဝင်နေတဲ့ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ တိုင်းရင်းသားအဖွဲ့အစည်းများနဲ့ တိုင်းရင်းသားပြည်သူလူထုများကို နိုင်ငံတော်နဲ့ပြည်သူလူထုက အလေးထား၊ တန်ဖိုးထား ဂုဏ်ယူလျက်ရှိကြောင်း ဂုဏ်ယူစွာပြောကြားလိုပါတယ်။ တိုင်းရင်းသားပြည်သူလူထုကိုကာကွယ်သော ကာကွယ်စစ်သည် မုချအောင်မြင်ရမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရှိနေသရွေ့ တပ်မတော်ရှိပါမယ်။ တပ်မတော်ရှိနေသရွေ့ မြန်မာနိုင်ငံ တည်တံ့ခိုင်မြဲ ရပါမယ်။ ပြည်သူလူထုရဲ့ပိုင်ဆိုင်မှု၊ အသက်အိုးအိမ်စည်းစိမ်နဲ့ လူမှုစီးပွားဘဝလုံခြုံစေရပါမယ်။ တိုင်းရင်းသားပြည်သူလူထု တစ်ရပ်လုံးကလည်း ဝိုင်းဝန်းပြီး လက်တွဲညီညီဆောင်ရွက်ရင်း “အမိမြေ သာယာစေဖို့ ငါတို့မြေကို ငါတို့ကာကွယ်ကြပါစို့ ” ခင်ဗျား။

အားလုံးကိုကျေးဇူးတင်ပါတယ်။

Newspaper - 2872 items

၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၇ ရက်၊ ဇူလိုင် ၂၇ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ July 27, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၆ ရက်၊ ဇူလိုင် ၂၆ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ July 26, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၅ ရက်၊ ဇူလိုင် ၂၅ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ July 25, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၄ ရက်၊ ဇူလိုင် ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ July 24, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၃ ရက်၊ ဇူလိုင် ၂၃ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ July 24, 2024

Publication Date: 2024

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၂ ရက် ၊ ဇူလိုင် ၂၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ July 22, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁ ရက် ၊ ဇူလိုင် ၂၁ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ July 21, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်နေ့၊ ဇူလိုင် ၂၀ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ July 20, 2024

Publication Date: 2024

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါဆိုလဆန်း ၁၄ ရက် ၊ ဇူလိုင် ၁၉ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ July 19, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါဆိုလဆန်း ၁၃ ရက် ၊ ဇူလိုင် ၁၈ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ July 18, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download