အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် အမျိုးသားအဆင့် အလုပ်အကိုင် ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြု လက်မှတ်ပေးအပ်ပွဲအခမ်းအနား တက်ရောက်ခြင်းနှင့် အလုပ်သမားဆေးရုံကြီး(တာမွေ)၌ အာမခံအလုပ်သမားများ ကျန်းမာရေးစောင့်ရှောက်ပေးနေမှု လုပ်ငန်းစဉ်များအား ကြည့်ရှုစစ်ဆေး


Ministry of Labour/ ရုံးအမှတ် (၅၁) / July 22, 2024


နေပြည်တော် ဇူလိုင် ၂၂

မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှုစံ သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) ၏ အမျိုးသား အဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ် ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်း ကျောင်း(ရန်ကင်း)၌ ကျင်းပခဲ့ရာ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးနှင့် အသိအမှတ်ပြုရေး ကော်မတီ (ACC) နှင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုလေ့ကျင့်ရေးကော်မတီဝင်များ၊ UMFCCI၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်၊ မြန်မာနိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းချုပ် တို့မှ တာဝန်ရှိသူများ၊ NSSA ၏ အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ် ပြုလက်မှတ်ရယူမည့် ကျွမ်းကျင်လုပ်သားများ၊ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးဌာန တာဝန်ခံ များ၊ စစ်ဆေးရေးမှူးများနှင့် စစ်ဆေးအကဲ ဖြတ်သူများ စုစုပေါင်း (၁၂၀) ဦးခန့် တက်ရောက် ခဲ့ကြသည်။

လက်ရှိတွင် NSSA အနေဖြင့် အလုပ်အကိုင်အမျိုးအစား (၇၀) မျိုးအတွက် လိုအပ်လျက်ရှိ သော ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရေး ကျွမ်းကျင်မှုစံ (၉၂) ခုကို အသစ်ရေးဆွဲရေးနှင့် ပြန်လည်သုံးသပ်ပြင်ဆင်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး အတည်ပြု ပြဋ္ဌာန်းနိုင်ခဲ့ကြောင်း၊ NSSA အနေဖြင့် လုပ်သားများ၏ ကျွမ်းကျင်မှုများ တစ်ပြေးညီဖြစ်စေရေး နိုင်ငံအဆင့်သာမက အာဆီယံစံနှုန်းများနှင့်အညီ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

အခမ်းအနားတွင် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်များ အသီးသီးပေး အပ်ချီးမြှင့်ခဲ့သည်။

ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးနှင့် အသိအမှတ်ပြုရေးလုပ်ငန်းစဉ် ဆောင်ရွက်ပြီးစီးမှု အနေဖြင့် ၂၀၁၄ ခုနှစ်မှ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်နေ့ထိ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေး ဌာန (၂၆၇) ခု၊ စစ်ဆေးအကဲဖြတ်သူ (၈၅၇) ဦး၊ စစ်ဆေးရေးမှူး (၁၀၂) ဦးကို အသိအမှတ်ပြုခဲ့ပြီး အလုပ်အကိုင် (၅၂) မျိုးတွင် ဖြေဆိုသူ (၂၉,၂၀၃) ဦး ဖြေဆိုခဲ့မှုအနက် (၂၆,၇၉၀) ဦးကို ကျွမ်းကျင် လုပ်သားများအဖြစ် အသိအမှတ်ပြုခဲ့ပြီးဖြစ်ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်း ကျောင်း (ရန်ကင်း) ၌ ဂဟေဆက်သင်တန်း အမှတ်စဉ် (၃/ ၂၀၂၄) ဖွင့်လှစ်ပို့ချနေမှုအား ကြည့်ရှုစစ်ဆေးရာ သင်တန်းကျောင်းတာဝန်ခံက ကျွမ်းကျင်မှုသင်တန်းများ ဖွင့်လှစ်ပို့ချမှုနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံတွင် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးကို ဦးစားပေးလုပ်ငန်းစဉ်အနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ လူငယ်များအတွက် ကျွမ်းကျင်လုပ်သားများအဖြစ် သက်ဆိုင်ရာလုပ်ငန်းကဏ္ဍများတွင် ပါဝင်လုပ်ကိုင်ဆောင်ရွက်နိုင် စေရန် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ လူငယ်လူရွယ်များအတွက် အသက်မွေးဝမ်းကျောင်းပညာသင်ယူမှု အခွင့်အလမ်း များ တိုးတက်ရရှိစေရန်နှင့် သင့်တော်ကောင်းမွန်သော အလုပ်အကိုင်များရရှိစေရန် တိုင်းဒေသကြီး အစိုးရနှင့်ပူးပေါင်းပြီး သင်တန်းများ တိုးချဲ့ဖွင့်လှစ်သွားရန်လိုကြောင်း မှာကြားခဲ့ပြီး သင်တန်း ကျောင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် တာမွေမြို့နယ်ရှိ အလုပ်သမား ဆေးရုံကြီးသို့ သွားရောက်၍ အာမခံအလုပ်သမားများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှု များနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ဝယ်ယူခဲ့သည့် ရွေ့လျားဆေးကုသယာဉ်အတွင်း ကျန်းမာ ရေးဆိုင်ရာ စက်ပစ္စည်းကိရိယာများ တပ်ဆင်ဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ် ဆေးခဲ့ပြီး ကျောက်ကပ်တုသွေးသန့်စင်ခန်းတွင် လူနာများအား စက် ၄ လုံးဖြင့် ကုသပေးနေမှု အခြေအနေများအား ကြည့်ရှု၍ ကျောက်ကပ်ဆေးကြောသည့်လူနာများကို အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ပြီးနောက် အဆိုပါဆေးရုံကြီးရှိ အဆင့်မြှင့်တင်ပြုပြင်မွမ်းမံထားသော ပြင်ပ လူနာဌာနတွင် လာရောက်ကုသသည့် အာမခံအလုပ်သမားများအား လှည့်လည်ကြည့်ရှုအားပေး ခဲ့ပါသည်။ အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီးအတွင်း အကျုံးဝင်အာမခံအလုပ်သမားပေါင်း (၉၀၉,၉၅၆) ဦးအတွက် လူမှုဖူလုံရေးဆေးခန်း(၁၃)ခန်း၊ Fee for Service Payment စာချုပ်ဆေးခန်း(၃၉)ခန်း၊ Capitation Payment စာချုပ်ဆေးခန်း (၅)ခန်းနှင့် Specialist OG OPD ပြသနိုင်သော ဆေးခန်း (၃၂)ခန်း၊ မီးဖွားခြင်းဆိုင်ရာ ဝန်ဆောင်မှု ဆောင်ရွက်လျက်ရှိသော စာချုပ်ဆေးရုံ၊ ဆေးခန်း(၁၁) ခန်းဖြင့် ဝန်ဆောင်မှုဆောင်ရွက်လျက်ရှိပြီး ၂၀၂၃ ခုနှစ် ဇူလိုင်လမှ မှ ၂၀၂၄ ခုနှစ် ဇွန်လအထိ လူနာဦးရေ (၆၉,၆၃၁) ဦးအား ဆေးဖိုးငွေကျပ် သန်းပေါင်း (၄,၃၁၉.၆၃၉) ပေးအမ်းခဲ့ပါကြောင်း သတင်းရရှိပါသည်။

Newspaper - 2867 items

၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၂ ရက် ၊ ဇူလိုင် ၂၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ July 22, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁ ရက် ၊ ဇူလိုင် ၂၁ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ July 21, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်နေ့၊ ဇူလိုင် ၂၀ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ July 20, 2024

Publication Date: 2024

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါဆိုလဆန်း ၁၄ ရက် ၊ ဇူလိုင် ၁၉ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ July 19, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါဆိုလဆန်း ၁၃ ရက် ၊ ဇူလိုင် ၁၈ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ July 18, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါဆိုလဆန်း ၁၂ ရက် ၊ ဇူလိုင် ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ July 17, 2024

Publication Date: 2024

Page: 32 page

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါဆိုလဆန်း ၁၁ ရက် ၊ ဇူလိုင် ၁၆ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ July 16, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါဆိုလဆန်း ၁၀ ရက် ၊ ဇူလိုင် ၁၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ July 15, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါဆိုလဆန်း ၉ ရက် ၊ ဇူလိုင် ၁၄ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ July 14, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါဆိုလဆန်း ၈ ရက် ၊ ဇူလိုင် ၁၃ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ July 13, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download