၂ဝ၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာစုံဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအားဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ


Ministry of Information/ Naypyitaw / July 22, 2024
image_latest


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ပေးအပ်

နေပြည်တော် ဇူလိုင် ၂၂

၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာစုံဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန -၂ ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်၍ ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်သည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အတူ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဘာသာစုံဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများ၊ မိဘများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ကျောင်းသား၊ ကျောင်းသူများက “ဂုဏ်ထူးရှင်တို့ ဂုဏ်ပြုစို့” တေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများက ကြည့်ရှုအားပေးကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကားပြောကြားရာတွင် “ပညာ”ဆိုသည်မှာ အမှားအမှန်၊ အကောင်းအဆိုး၊ အကြောင်းအကျိုးကို ဝေဖန်ပိုင်းခြားနိုင်သည့် “အသိဉာဏ်” ရရှိစေကြောင်း၊ နိုင်ငံသားတိုင်း “အသိဉာဏ်ပညာ” ပြည့်စုံမှသာ နိုင်ငံ့အကျိုးသယ်ပိုးနိုင်သည့် “စစ်မှန်သည့် အင်အား” တစ်ရပ်ကို ထူထောင်နိုင်မည်ဖြစ်ကြောင်း။

စစ်မှန်စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရာတွင် အသိပညာ၊ အတတ်ပညာ၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်များနှင့် ပြည့်စုံသည့် လူ့စွမ်းအားအရင်းအမြစ်များကို မွေးထုတ်ပေးနိုင်သည့် ဘက်စုံပညာကဏ္ဍကို မြှင့်တင်နိုင်ရန် အဓိကထားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အစိုးရအနေဖြင့် ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက် (၉) ရပ်ထဲတွင် လူမှုရေးဦးတည်ချက်တစ်ရပ်အဖြစ် “တစ်နိုင်ငံလုံး အသိပညာ၊ အတတ်ပညာ မြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှု အထောက်အကူပြုပညာရှင်များ ထွန်းကားလာစေရေးအတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရေး” ကို ထည့်သွင်းချမှတ်ပြီး နိုင်ငံသားတိုင်း ပညာသင်ယူမှု အခွင့်အလမ်းများ သာတူညီမျှရရှိစေရန် ပညာရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း။

“ပညာရေးဖြင့် နိုင်ငံတော်တိုးတက်ရေး”ကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ဦးလည်မသုန် ထမ်းဆောင်ကြသည့်အတွက် တာဝန်ရှိသူများ၊ ပူးပေါင်းပါဝင် ဆောင်ရွက်ကြသူများ အားလုံးကို အသိအမှတ်ပြုကြောင်းကို ပြောကြားလိုကြောင်း။

ပြည်ထောင်စုကြီးတစ်ခုလုံး ဘက်စုံထောင့်စုံဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အစိုးရကဦးဆောင်ရမည် မှန်ပေသော်လည်း ပြည်သူလူထုတစ်ရပ်လုံး၏ “စုပေါင်းအား” ဖြင့်ဆောင်ရွက်မှသာ ဖွံ့ဖြိုးတိုးတက်မှုသည် ရေရှည်အားကောင်းမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံလူဦးရေ၏ သုံးပုံတစ်ပုံခန့်ဖြစ်သည့် ကျောင်းသားလူငယ်များ၏ အင်အားကို ပိုမိုအားထားရမည်ဖြစ်ကြောင်း။

ယခင်နှစ်များက ယခုကဲ့သို့ထူးချွန်ကျောင်းသား၊ ကျောင်းသူများကို သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် ဦးစီးဌာနအဆင့်ထိသာ ဆုချီးမြှင့်ခဲ့ပြီး ယခုနှစ်တွင် တစ်နိုင်ငံလုံး ဘာသာစုံဂုဏ်ထူးရရှိသူအားလုံးကို “နိုင်ငံတော်အဆင့်” “ပထမအကြိမ်” ဂုဏ်ပြုချီးမြှင့်ခြင်းဖြစ်ကြောင်း၊ ယနေ့တွင် ဘာသာစုံဂုဏ်ထူးရှင် (၅၀၇)ဦးကို ရွှေစင်ငါးမူးသား ဒင်္ဂါးပြားများနှင့် ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ပေးမည် ဖြစ်ကြောင်း။ ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ၂၀၂၂ ခုနှစ်တွင် တွဲအလိုက် ရမှတ်အများဆုံး ရရှိခဲ့သည့် ကျောင်းသားများကို ဒေသန္တရဗဟုသုတများရရှိရန်၊ မိမိနိုင်ငံနှင့်လူမျိုးကို ချစ်မြတ်နိုးတန်ဖိုးထားတတ်စေရန် ပြည်တွင်းလေ့လာရေး ခရီးစဉ်သာမက နိုင်ငံတကာအတွေ့ အကြုံများရရှိစေရန် ပြည်ပလေ့လာရေးခရီးစဉ်များ ကိုပါစေလွှတ်ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းသည် မျိုးဆက်သစ်လူငယ်များကို စိတ်ခွန်အားများရရှိပြီး ပညာကိုအစဉ်တစိုက်ကြိုးစားလိုစိတ်များ ပိုမိုပေါ်ထွက်လာအောင် ဂုဏ်ပြုချီးမြှောက်ခြင်း ဖြစ်ကြောင်း။

ယခုနှစ်တွင်လည်း တက္ကသိုလ်ဝင်စာမေးပွဲဘာသာတွဲအလိုက် ရမှတ်အများဆုံးရရှိသူ ကျောင်းသား၊ ကျောင်းသူ(၃၀)ကို ပြည်ပနိုင်ငံများသို့လေ့လာရေးခရီး သွားရောက်နိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း။

ယနေ့ဆုချီးမြှင့်ပွဲအခမ်းအနားကို တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများသည် အခြေခံပညာကို ပြီးဆုံးပြီဖြစ်သဖြင့် အဆင့်မြင့်ပညာကို သင်ယူရတော့မည်ဖြစ်ကြောင်း၊ ထိုကဲ့သို့သင်ယူသည့်အခါတွင် မိမိတို့စိတ်ဝင်စားသည့် ပညာရပ်များ၊ ဝါသနာပါသည့် အသက်မွေးဝမ်းကျောင်းဘာသာရပ်များကို မှန်မှန်ကန်ကန် ရွေးချယ်တက်ရောက်ကြစေလိုကြောင်း၊ စာသင်ခန်းကရသည့်ပညာသည် သညာသိဖြစ်ပြီး သညာသိလောက်ဖြင့် ဘဝတွင်မလုံလောက်နိုင်သည့်အတွက် တော်နေရုံမျှနှင့်မပြီးစေဘဲ သညာသိကနေ ပညာသိဖြစ်လာအောင် မိမိအတွက်၊ မိသားစုအတွက်၊ လူ့အဖွဲ့အစည်းအတွက်၊ နိုင်ငံတော်အတွက် တန်ဖိုးမြင့် လူသားများ၊ ပညာရှင်များ၊ ပါရဂူများဖြစ်အောင် ဆက်လက်ကြိုးစား အားထုတ်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း။

“ပြည့်အင်အားဟာပြည်တွင်းမှာသာရှိသည်” ဆိုသည့်အတိုင်း နိုင်ငံ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်သည့်အခါတွင် ဝိဇ္ဇာနှင့်သိပ္ပံနယ်ပယ်(၂)ခုလုံးတွင် ကျွမ်းကျင်သည့် အသိပညာရှင်၊ အတတ်ပညာရှင်များ လိုအပ်ကြောင်း၊ ထို့ကြောင့် လူငယ်များအနေဖြင့် ဝိဇ္ဇာနှင့်သိပ္ပံဘာသာရပ် (၂)ခုလုံးကို တန်ဖိုးထားလေ့လာကြရန် တိုက်တွန်းလိုကြောင်း။

မိမိတို့နိုင်ငံသည် ရိုးရာယဉ်ကျေးမှုအမွေအနှစ်ကို တန်ဖိုးထားထိန်းသိမ်းသည့် နိုင်ငံဖြစ်ကြောင်း၊ အမျိုးဘာသာ၊ သာသနာ၊ ပညာစောင့်ရှောက်ရေးသည် နိုင်ငံ့အရေးဖြစ်သည့်အတွက် နိုင်ငံသားတိုင်းတွင် တာဝန်ရှိကြောင်း။

ဆုရကျောင်းသား၊ ကျောင်းသူများအပါအဝင် လူငယ်အားလုံးအနေဖြင့် “အတ္တနှင့်ပရ” မျှတအောင် ပြုမူကျင့်ကြံနေထိုင်ကြရန် လိုအပ်ကြောင်း၊ မိမိကိုယ်ကိုယ် ကောင်းအောင်ကြိုးစားပြီး ပြည်သူ့အကျိုးပြု၊ တိုင်းပြည်အကျိုးပြုလုပ်ငန်းများတွင် တစ်တပ်တစ်အား ပါဝင်လိုသည့် စိတ်ကောင်းစေတနာရှိရန် လိုအပ်ကြောင်း။

ကျောင်းသားလူငယ်များသည် အသိပညာနှင့် အတတ်ပညာကို ဟန်ချက်ညီညီ ထိန်းညှိပြီး မိမိတို့၏ ရည်မှန်းထားသည့်ပန်းတိုင်ကို အရောက်သွားရန်လိုကြောင်း၊ “အလိမ္မာစာမှာရှိ” ဆိုသည့် ဆိုရိုးစကားအတိုင်း စာအုပ်စာပေများ ဖတ်ရန်လိုကြောင်း၊ ပတ်ဝန်းကျင်တွင် ဖြစ်ပျက်နေသည့် အကြောင်းအရာများကို မှန်မှန်ကန်ကန်လေ့လာ သုံးသပ်ပြီးအသိအမြင် မှန်ကန်စွာဖြင့် လုပ်ကိုင်ဆောင်ရွက်မှုများ မှန်ကန်ကြရန်၊ အမှားအယွင်းမလုပ်မိကြရန် လိုကြောင်း။

မျက်မှောက်ကာလသည် ဒစ်ဂျစ်တယ်နည်းပညာဖြင့် အရာရာကို ဖန်တီးနိုင်နေပြီဆိုသည်ကို သတိပြုရမည်ဖြစ်ကြောင်း၊ ဒစ်ဂျစ်တယ်နည်းပညာကို မျက်ခြည်မပြတ် လေ့လာကြရမည်ဖြစ်ကြောင်း၊ သို့မှသာမိမိတို့နိုင်ငံသည် ကမ္ဘာနှင့်ရင်ပေါင်တန်းနိုင်ပြီး နောက်ကျမကျန်ရစ်မည် ဖြစ်ကြောင်း။

လူငယ်များအနေဖြင့် ဘဝတွင်အောင်မြင်တိုးတက်ရန်အတွက် စည်းကမ်းရှိရန်၊ ဥပဒေများကို လေးစားလိုက်နာတတ်ရန်လည်းလိုကြောင်း၊ နိုင်ငံတော်က ချမှတ်ထားသည့် စည်းကမ်းများ၊ ဥပဒေများကို လေးစားလိုက်နာမှသာ အပြစ်အနာအဆာကင်းပြီး တန်ဖိုးရှိသည့် နိုင်ငံ့သားကောင်းများအဖြစ် နိုင်ငံကိုအကျိုးပြုနိုင်မည်ဖြစ်ကြောင်း။

ဆုရကျောင်းသား၊ ကျောင်းသူများကို မှာကြားလိုသည်မှာ ယခုကဲ့သို့ အောင်မြင်မှုများကို ဘဝတစ်လျှောက်လုံး ဆက်လက်ထိန်းသိမ်းကြရန်၊ အသိပညာ၊ အတတ်ပညာနှင့် ဘဝကိုတည်ဆောက်ကြရန်၊ အမှားအမှန်၊ အဆိုးအကောင်းကို ခွဲခြားသိမြင်နိုင်စွမ်းနှင့် စွမ်းဆောင်ရည်မြင့်မားပြီး စိတ်ဓာတ်စည်းကမ်းကောင်းမွန်သည့် နိုင်ငံ့သားကောင်းရတနာများ ဖြစ်အောင်ကြိုးစားကြရန်၊ အသက်ရှင်နေသမျှကာလပတ်လုံးကို စဉ်ဆက်မပြတ် လေ့လာသင်ယူပြီး ရင့်ကျက်ပြည့်ဝသူများ ဖြစ်အောင်ကြိုးစားကြရန်၊ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများတွင် ပူးပေါင်း ပါဝင်ဆောင်ရွက်ကြရန် မှာကြားလိုကြောင်းဖြင့်ပြောကြားသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဘာသာစုံဂုဏ်ထူးရှင်၊ သိပ္ပံဘာသာတွဲ တစ်နိုင်ငံလုံးအမှတ်အများဆုံး ကျောင်းသား၊ ကျောင်းသူ ၁၁ ဦးအား တစ်ဦးချင်း ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ဘာသာစုံဂုဏ်ထူးရှင် ကျောင်းသား၊ ကျောင်းသူ ၁၀ ဦးအား တစ်ဦးချင်းဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် ကောင်စီတွဲဖက်အတွင်းရေးမှူးက ဘာသာစုံဂုဏ်ထူးရှင် ကျောင်းသား၊ ကျောင်းသူ ၁၀ ဦးကို တစ်ဦးချင်းဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ပြီး ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများက ဘာသာစုံဂုဏ်ထူးရှင် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။

ထို့နောက် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာစုံဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများကိုယ်စား ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။

ယင်းနောက် ကျောင်းသား၊ ကျောင်းသူများက “လူချွန်လူကောင်း” တေးသရုပ်ဖော်တင်ဆက်မှုဖြင့် လည်းကောင်း၊ “မြန်မာ့ကျောင်း” တေးသီချင်းကိုသီဆို၍ လည်းကောင်း ဖျော်ဖြေတင်ဆက်ကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများက ကြည့်ရှုအားပေးကြသည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တစ်နိုင်ငံလုံးအမှတ်အများဆုံး ကျောင်းသား၊ ကျောင်းသူ ၃၁ ဦးနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အခမ်းအနားတက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာစုံဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများနှင့်အတူ ဂုဏ်ပြုနေ့လယ်စာကိုအတူတကွ သုံးဆောင်ခဲ့ကြကြောင်း သတင်းရရှိသည်။

Newspaper - 2867 items

၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၂ ရက် ၊ ဇူလိုင် ၂၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ July 22, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁ ရက် ၊ ဇူလိုင် ၂၁ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ July 21, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်နေ့၊ ဇူလိုင် ၂၀ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ July 20, 2024

Publication Date: 2024

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါဆိုလဆန်း ၁၄ ရက် ၊ ဇူလိုင် ၁၉ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ July 19, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါဆိုလဆန်း ၁၃ ရက် ၊ ဇူလိုင် ၁၈ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ July 18, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါဆိုလဆန်း ၁၂ ရက် ၊ ဇူလိုင် ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ July 17, 2024

Publication Date: 2024

Page: 32 page

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါဆိုလဆန်း ၁၁ ရက် ၊ ဇူလိုင် ၁၆ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ July 16, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါဆိုလဆန်း ၁၀ ရက် ၊ ဇူလိုင် ၁၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ July 15, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါဆိုလဆန်း ၉ ရက် ၊ ဇူလိုင် ၁၄ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ July 14, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါဆိုလဆန်း ၈ ရက် ၊ ဇူလိုင် ၁၃ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ July 13, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download