Latest News - 101951 items

ဒီဇင်ဘာခရစ္စမတ်ရုံးပိတ်ရက်ကာလအတွင်း ခရီးသွားပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ အဆင်ပြေစွာ ခရီးသွားလာနိုင်ရန်အတွက် အထူးရထားများ တိုးချဲ့ပြေးဆွဲမည်

Ministry of Information / Posted on December 24, 2025

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားသည် ရထားလမ်းပိုင်းများ ပိုမိုကောင်းမွန်လာခြင်း၊ အချက်ပြစနစ် ပိုမိုခေတ်မီလာခြင်းနှင့်အတူ ခေတ်မီစက်ခေါင်းနှင့် လူစီးတွဲများ အသုံးပြုလာနိုင်ခြင်းကြောင့် ရန်ကုန်-မန္တလေး အဓိကရထားလမ်းပိုင်း၌ ရထားအမြန်နှုန်းများ တိုးမြှင့်ပြီး ပြေးဆွဲချိန်လျှော့ချနိုင်ခဲ့သဖြင့် ရထားစီးခရီးသွားပြည်သူများ ပိုမိုစိတ်ချမ်းမြေ့စွာ သွားလာနိုင်ရန် ရန်ကုန်-နေပြည်တော်လမ်းပိုင်း၌ ခေတ်မီလေအေးပေးစက်ပါ DEMU တွဲဆိုင်းသစ်များဖြင့် လည်းကောင်း၊ ရန်ကုန်-ပြည်နှင့် ရန်ကုန်-မော်လမြိုင်လမ်းပိုင်းတို့တွင် လေအိတ်ရထားတွဲဆိုင်းများဖြင့်လည်းကောင်း နေ့စဉ်ပုံမှန်ပြေးဆွဲပေးလျက်ရှိရာ ခရီးသည်များ ကြိုက်နှစ်သက်ကြပြီး စီးနင်းမှုများပြားသဖြင့် ခရစ္စမတ်ရုံးပိတ်ရက်ကာလအတွင်း ခရီးသွားပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ အဆင်ပြေစွာ ခရီးသွားလာနိုင်စေရေးအတွက် ရန်ကုန်-နေပြည်တော်-ရန်ကုန်၊ ရန်ကုန်-ပြည်-ရန်ကုန်နှင့် ရန်ကုန်-မော်လမြိုင်-ရန်ကုန်ခရီးစဉ်များကို ပုံမှန်ရထားများအပြင် အထူးရထားများအား အောက်ပါနေ့ရက်များအတိုင်း တိုးချဲ့ပြေးဆွဲပေးသွားမည်ဖြစ်သည်။

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ငလျင်ကြောင့်ထိခိုက်ပျက်စီးခဲ့သည့် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်းနှင့် ရေကူးကန် ပြန်လည်ပြုပြင်ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

Ministry of Information / Posted on December 24, 2025

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးထိန်လင်း၊ ဦးဇင်မင်းထက်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်းနှင့် ရေကူးကန် ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုအခြေအနေကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

အင်အားပြင်း မန္တလေးငလျင်ကြီးဒဏ်ခံခဲ့ရသည့် နယ်မြေဒေသများ ပြန်လည်ထူထောင်ရေး ရန်ပုံငွေကြီးကြပ်မှုဗဟိုကော်မတီ (၄/၂၀၂၅) ကြိမ်မြောက် အစည်းအဝေး ကျင်းပ

Ministry of Information / Posted on December 24, 2025

အင်အားပြင်း မန္တလေးငလျင်ကြီး ဒဏ်ခံခဲ့ရသည့် နယ်မြေဒေသများ ပြန်လည်ထူထောင်ရေး ရန်ပုံငွေကြီးကြပ်မှုဗဟိုကော်မတီ (၄/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၌ ကျင်းပရာ ရန်ပုံငွေကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးတို့မှ အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ကိုဗစ်-၁၉ အထူးချေးငွေရန်ပုံငွေမှ လေကြောင်းပို့ဆောင်ရေးကဏ္ဍ၊ နေကြာသီးနှံနှင့် ဆီထွက်သီးနှံကဏ္ဍများသို့ အသီးသီးထုတ်ချေးခဲ့ပြီး အချို့မှာ ချေးငွေများ အပြေအကြေ ပြန်လည်ပေးဆပ်နိုင်ခဲ့

Ministry of Information / Posted on December 24, 2025

ကိုဗစ်-၁၉ အထူးချေးငွေဦးဆောင်ကော်မတီအစည်းအဝေး (၁/၂၀၂၅) ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ရုံးအမှတ် (၄၆) ရှိ ပြည်တွင်းအခွန်များဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ကိုဗစ်-၁၉ အထူးချေးငွေဦးဆောင်ကော်မတီဥက္ကဋ္ဌ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

နိုင်ငံတော်နှင့် ပြည်သူပူးပေါင်းစွမ်းအား အကြမ်းဖက်အဖျက်သမား ပျက်ပြား

Ministry of Information / Posted on December 24, 2025

မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသော တိုင်းရင်းသားပြည်သူအားလုံးအနေဖြင့် မပူပင်မကြောင့်ကြ အေးချမ်းစွာ နေထိုင်လုပ်ကိုင်စားသောက်လိုကြသည်။ ပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံတကာနှင့် တန်းတူရည်တူ ရပ်တည်နေထိုင်လိုကြသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိသောအခါ လွတ်လပ်ရေးနှင့်ထိုက်တန်သည့် ဖော်ပြခဲ့သော ပြည်သူများ၏ဆန္ဒအတိုင်း၊ နိုင်ငံတော်၏ မျှော်မှန်းထားချက်များနှင့်အညီ သန္နိဋ္ဌာန်ပြုခဲ့သည်။ အကောင်အထည်ဖော်မည်ဟု ဆုံးဖြတ်ခဲ့ကြသည်။

ရာသီတုပ်ကွေးကူးစက်မှုမှ ကြိုတင်ကာကွယ်ဆင်ခြင်နေထိုင်

Ministry of Information / Posted on December 24, 2025

ဆောင်းရာသီ အပူချိန်ကျဆင်းပြီး အေးမြသည့်ကာလတွင် ကူးစက်ဖြစ်ပွားတတ်သည့် ရာသီတုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူလူထုသိရှိလိုက်နာဆောင်ရွက်နိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၂၂ ရက်တွင် သတင်းထုတ်ပြန်ကြေညာထားသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဒီဇင်ဘာ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သော ကမ္ဘာလုံးဆိုင်ရာ ရာသီတုပ်ကွေးရောဂါဖြစ်ပွားမှုအစီရင်ခံစာတွင်ပါရှိသည့် ရာသီတုပ်ကွေးရောဂါပိုး Influenza A (H3N2) Subclade K နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံတွင် မတွေ့ရှိသေးကြောင်းနှင့် တွေ့ရှိလာလျှင်လည်း အထူးစိုးရိမ်ရန်မလိုကြောင်း အဆိုပါသတင်းထုတ်ပြန်ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။

လူငယ်ငြိမ်းချမ်းရေးဖိုရမ်အား ငြိမ်းချမ်းရေးကို စိတ်ဝင်စားသည့်လူငယ်များ စုပေါင်းပါဝင်ဆွေးနွေးသည့်ပုံစံမျိုးဖြင့် ဆောင်ရွက်သွားမည်

Ministry of Information / Posted on December 24, 2025

လူငယ်ငြိမ်းချမ်းရေးဖိုရမ်ကျင်းပရေးဦးစီးကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် M Gallery ဟိုတယ်၌ ကျင်းပရာ လူငယ်ငြိမ်းချမ်းရေးဖိုရမ်ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ကော်မတီဝင်များ၊ ဦးစီးကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လူမှုရေးရာဝန်ကြီးများက Video Conferencing ဖြင့် တက်ရောက်ကြသည်။

လျှောက်ထားချက်များ စစ်ဆေးဆောင်ရွက်ရာတွင် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ကြပြီး မူပိုင်ခွင့်ပိုင်ရှင်များအတွက် တိကျသောစစ်ဆေးမှုရလဒ်များနှင့် စိတ်ကျေနပ်စေမည့် ဝန်ဆောင်မှုများပေးနိုင်ရန် ကြိုးစား

Ministry of Information / Posted on December 24, 2025

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မူပိုင်ခွင့်ဦးစီးဌာန၏ (၅) နှစ်ပြည့် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၃) ညီလာခံခန်းမ၌ ကျင်းပသည်။

ဝါးခယ်မမြို့ရှိ ဒေါ် ပိုက်မိဘိုးဘွားရိပ်သာနှင့် မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ရုံးများ၌ နိုင်ငံသားစိစစ်ရေးကတ်ကိုင်ဆောင်မဲပေးနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိ

Ministry of Information / Posted on December 24, 2025

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့ရှိ ဒေါ် ပိုက်မိဘိုးဘွားရိပ်သာသို့ သွားရောက်၍ ရိပ်သာမှ တာဝန်ရှိသူများ၊ ဘိုးဘွားများနှင့် တွေ့ဆုံသည်။

KK Park နယ်မြေအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် အသုံးပြုသည့် တရားမဝင်အဆောက်အအုံ ၄၉၁ လုံးကို စနစ်တကျဖြိုချဖျက်ဆီးပြီးစီး၊ မြဝတီမြို့နှင့် အနီးတစ်ဝိုက်ရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် အဆောက်အအုံများအား ချိပ်ပိတ်သိမ်းဆည်း

Ministry of Information / Posted on December 23, 2025

မြန်မာနိုင်ငံအစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ အများဆုံး အခြေချလုပ်ကိုင်လျက်ရှိကြသည့် ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိတရားမဝင် အဆောက်အအုံများအတွင်း ဝင်ရောက်ရှင်းလင်းခြင်း၊ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းစဉ်များတွင် အသုံးပြုခဲ့သည့် သိမ်းဆည်းရမိပစ္စည်းများနှင့် တရားမဝင် အဆောက်အအုံများအား စနစ်တကျဖြိုချဖျက်ဆီးခြင်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဒေသတွင်း တာဝန်ရှိသူများအပါအဝင် အဖွဲ့စုံပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်လျက်ရှိသည်။

Newspaper - 3389 items

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၆ ရက် ၊ ဒီဇင်ဘာ ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ December 24, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၅ ရက် ၊ ဒီဇင်ဘာ ၂၃ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ December 23, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၄ ရက် ၊ ဒီဇင်ဘာ ၂၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ December 22, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၃ ရက် ၊ ဒီဇင်ဘာ ၂၁ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ December 21, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၂ ရက် ၊ ဒီဇင်ဘာ ၂၀ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ December 20, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁ ရက် ၊ ဒီဇင်ဘာ ၁၉ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ December 19, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လကွယ်နေ့ ၊ ဒီဇင်ဘာ ၁၈ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ December 18, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၃ ရက်၊ ဒီဇင်ဘာ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ December 17, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၂ ရက်၊ ဒီဇင်ဘာ ၁၆ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ December 16, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၁ ရက်၊ ဒီဇင်ဘာ ၁၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ December 15, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download