ကချင်ပြည်နယ်အတွင်း မြန်မာဘေးအန္တရာယ်တုံ့ပြန်ရေးအဖွဲ့သင်တန်းဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ


Ministry of Information/ Naypyitaw / January 19, 2022
image_latest


မြစ်ကြီးနား   ဇန်နဝါရီ   ၁၈

ကချင်ပြည်နယ်အတွင်း မြန်မာဘေးအန္တရာယ် တုံ့ပြန်ရေးအဖွဲ့သင်တန်းဖွင့်လှစ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ရှိ မလိခခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်လူမှုရေးဝန်ကြီး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် များ၊ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်နယ်ကြက်ခြေနီအသင်းနှင့် ပြည်နယ်အတွင်းရှိ အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ပြောကြား

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အာဆီယံအရေးပေါ်တုံ့ပြန်ရေးနှင့် ဆန်းစစ်လေ့လာရေးအဖွဲ့ (ASEAN-ERAT) သင်ရိုးညွှန်းတမ်းကို အခြေခံ၍ မြန်မာနိုင်ငံ၏ပထဝီအနေအထား၊ မူဝါဒ၊ လုပ်ထုံးလုပ်နည်းများနှင့်ကိုက်ညီသည့် သင်ရိုးညွှန်းတမ်းရေးဆွဲပြီး မြန်မာဘေးအန္တရာယ် တုံ့ပြန်ရေးအဖွဲ့ သင်တန်းသားများကို လေ့ကျင့်မွေးထုတ်ပေးခြင်းဖြစ်ပြီး သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ ဆောင်ရွက်သည့်အခါတွင် လည်းပြည်နယ်ဘက်မှ သင်တန်းသား ကိုယ်စားလှယ်များ ပါဝင်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မြန်မာဘေးအန္တရာယ် တုံ့ပြန်ရေး အဖွဲ့သင်တန်းတွင် ပါဝင်တက်ရောက်မည့် သင်တန်းသားများအနေဖြင့် မိမိတို့ဆောင်ရွက်ဆဲဖြစ်သည့် ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင် ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ပေးနိုင်ပြီး အများအကျိုးကို ပိုမိုသယ်ပိုးပေးနိုင်မည်ဖြစ်သည့်အတွက် တက်ရောက်လာသည့် အဖွဲ့အစည်း အသီးသီးမှ ကိုယ်စားလှယ်များကို စေလွှတ်ပါဝင်တက်ရောက်နိုင်ရေး ဆောင်ရွက်ပေးရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

ဆွေးနွေး

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အမှာစကား ပြောကြားသည်။ ဆက်လက်၍ အမြဲတမ်း အတွင်းဝန်နှင့် ဘာသာရပ်ဆိုင်ရာ ညွှန်ကြားရေးမှူး၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက ကချင်ပြည်နယ်အတွက် မြန်မာဘေးအန္တရာယ် တုံ့ပြန်ရေးအဖွဲ့သင်တန်း ကျင်းပနိုင် ရေးလျာထားဆောင်ရွက်မှုအခြေအနေများကို ဆွေးနွေးကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြစ်ကြီးနားမြို့ ရန်ကြီးအောင်ရပ်ကွက် တောင်တန်းသာသနာပြု (ဗဟို) ကျောင်းတိုက်အတွင်း ရှိအောင်တော်မူသကျမာရဇိန် အံတော်ရှင်စေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညို၍ အံတော်ရှင်ဆရာတော် ဒေါက်တာအရှင် ညာဏဓဇအား ဖူးမြော်ကြည်ညိုကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရသည်။

သတင်းစဉ်

Newspaper - 1325 items

၁၃၈၄ ခုနှစ်၊ ဝါဆိုလဆန်း ၄ ‌ရက် ၊‌ ဇူလိုင် ၁ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ July 01, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ ဝါဆိုလဆန်း ၃ ‌ရက် ၊‌ ဇွန် ၃၀ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ June 30, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ ဝါဆိုလဆန်း ၂ ‌ရက် ၊‌ ဇွန် ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ June 29, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ ဝါဆိုလဆန်း ၁ ‌ရက် ၊‌ ဇွန် ၂၈ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ June 28, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ နယုန်လကွယ်နေ့ ၊‌ ဇွန် ၂၇ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ June 27, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၃ ရက်၊‌ ဇွန် ၂၆ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ June 26, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၂ ရက်၊‌ ဇွန် ၂၅ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ June 25, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၁ ရက်၊‌ ဇွန် ၂၄ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ June 24, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၀ ရက် ၊‌ ဇွန် ၂၃ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ June 23, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ နယုန်လပြည့်ကျော် ၉ ရက် ၊‌ ဇွန် ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ June 22, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download