စက်မှုဝန်ကြီးဌာန ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများက ဆုန်ညောင်ရေသွန်းလောင်းခြင်း အခမ်းအနားကျင်းပ


Ministry of Information/ Naypyitaw / May 14, 2022
image_latest


နေပြည်တော် မေ ၁၄

စက်မှုဝန်ကြီးဌာန၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ၏ ကဆုန်ညောင်ရေသွန်းလောင်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မဟာဗောဓိညောင်ပင်တည်ရှိသည့် ထီးသုံးလက်တောင်ကုန်း၌ ကျင်းပသည်။

အခမ်းအနားသို့ သီရိဂန္တမာသပြေအေး မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာကျောင်းမှ ဆရာတော် သံဃာတော် (၅)ပါး ကြွရောက်ချီးမြှင့်တော်မူကြပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ အထွေထွေမန်နေဂျာများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ တက်ရောက်ကြည်ညိုကြသည်။

ဦးစွာ သီရိဂန္တမာသပြေအေး မိုးကုတ်ဝိပဿနာဓမ္မရိပ်သာကျောင်း ပဓာနနာယက ဆရာတော် ဘဒ္ဒန္တဂန္ဓမာလာထံမှ ပြည်ထောင်စုဝန်ကြီးအမှူးပြုသော ဧည့်ပရိသတ်များက ရှစ်ပါးသီလခံယူဆောက်တည်ကြကာ သံဃာတော်အရှင်သူမြတ်များက ပရိတ်တရားတော်များကို ရွတ်ပွားသရဇ္ဇျယ် ချီးမြှင့်တော်မူကြသည်။

ယင်းနောက် ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုတို့က ဆရာတော်သံဃာတော်များထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးအမှူးပြုသော ဧည့်ပရိတ်သတ်များက သီရိဂန္ဓမာ သပြေအေး မိုးကုတ်ဝိပဿနာဓမ္မရိပ်သာကျောင်း ပဓာနနာယကဆရာတော် ဘဒ္ဒန္တဂန္ဓမာလာထံမှ ကဆုန်ညောင်ရေသွန်းလောင်းပွဲ အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။

ယင်းနောက်  ပြည်ထောင်စုဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုတို့က ဗောဓိညောင်ပင်အား ကဆုန်ညောင်ရေသွန်းလောင်းကြသည်။

(သတင်းစဉ်)

Newspaper - 1325 items

၁၃၈၄ ခုနှစ်၊ ဝါဆိုလဆန်း ၄ ‌ရက် ၊‌ ဇူလိုင် ၁ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ July 01, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ ဝါဆိုလဆန်း ၃ ‌ရက် ၊‌ ဇွန် ၃၀ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ June 30, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ ဝါဆိုလဆန်း ၂ ‌ရက် ၊‌ ဇွန် ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ June 29, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ ဝါဆိုလဆန်း ၁ ‌ရက် ၊‌ ဇွန် ၂၈ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ June 28, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ နယုန်လကွယ်နေ့ ၊‌ ဇွန် ၂၇ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ June 27, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၃ ရက်၊‌ ဇွန် ၂၆ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ June 26, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၂ ရက်၊‌ ဇွန် ၂၅ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ June 25, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၁ ရက်၊‌ ဇွန် ၂၄ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ June 24, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၀ ရက် ၊‌ ဇွန် ၂၃ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ June 23, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ နယုန်လပြည့်ကျော် ၉ ရက် ၊‌ ဇွန် ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ June 22, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download