Latest News - 103688 items

နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် မန္တလေးတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား

Ministry of Information / Posted on January 26, 2026

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ရန်အောင်မြင်ခန်းမ၌ မန္တလေးတပ်နယ်မှအရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြားသည်။

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ဝဇီရာရုပ်ရှင်ရုံ အဆင့်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် စာဆိုဗိမာန်သုံးထပ် (RC) အဆောက်အအုံတည်ဆောက်နေမှု ကြည့်ရှုစစ်ဆေး

Ministry of Information / Posted on January 26, 2026

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်ရှိ ဝဇီရာရုပ်ရှင်ရုံအား နိုင်ငံတကာအဆင့်မီ ဂုဏ်ပြုခံကဇာတ်ရုံအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်နေမှုနှင့် မင်္ဂလာတောင်ညွန့်မြို့နယ် ဥယျာဉ်ရပ်ကွက် ဗိုလ်မင်းခေါင်လမ်းရှိ အမှတ် (၁၈-A) ၌ စာဆိုဗိမာန်သုံးထပ် (RC) အဆောက်အအုံတည်ဆောက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ မန္တလေးမြို့ မဟာဝိဇိတာရုံကျောင်းတိုက် ပဓာနနာယကဆရာတော်ကြီး၏ ကျန်းမာရေးအခြေအနေများအား မေးမြန်းလျှောက်ထားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်

Ministry of Information / Posted on January 26, 2026

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့သည် ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး၊ ခရီးစဉ်တွင် လိုက်ပါလာသည့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ လိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးမြို့ မဟာဝိဇိတာရုံကျောင်းတိုက် ပဓာနနာယက နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိကအဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိစာရိန္ဒာဘိဝံသ သက်တော် ၉၈ နှစ်၊ ဝါတော် ၇၈ ဝါရှိ သက်တော်ရှည်ဆရာတော်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုသည်။

မူးယစ်ဆေးဝါးအန္တရာယ်များအား စဉ်ဆက်မပြတ်ဖော်ထုတ်တိုက်ဖျက်

Ministry of Information / Posted on January 26, 2026

ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့နယ်နှင့် မိုင်းရယ်မြို့နယ်တို့အနီး ဇန်နဝါရီ ၉ ရက်မှ ၁၁ ရက်အတွင်း မူးယစ်ဆေးဝါးနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းကိရိယာအမြောက်အမြား သိမ်းဆည်းရမိသည့်အပြင် အွန်လိုင်းလိမ်လည်လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများ သိမ်းဆည်းရမိမှုနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို ဇန်နဝါရီ ၁၄ ရက်က ပြင်ဦးလွင်မြို့တွင် ပြုလုပ်ခဲ့ပြီးနောက် ဇန်နဝါရီ ၁၅ ရက်နေ့မှ ၂၀ ရက်နေ့အတွင်း ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် ဇန်နဝါရီ ၂၄ ရက်နေ့တွင် ဒုတိယအကြိမ် သတင်းစာရှင်းလင်းပွဲကို ပြုလုပ်ခဲ့သည်။

အောင်မြင်မှု အရှိန်အဟုန်မြှင့်တင်နိုင်မည့် အခွင့်အလမ်းသစ်နှင့် ဈေးကွက်သစ်များ

Ministry of Information / Posted on January 26, 2026

မြန်မာ့စီးပွားရေး၏ ၉၀ ရာခိုင်နှုန်းကျော်မှာ အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်း (MSME) များဖြစ်ရာ နိုင်ငံ၏ အဓိကစီးပွားရေးမောင်းနှင်အားများပင်ဖြစ်သည်။ MSME ဟု ဆိုရာတွင် ကုန်ထုတ်လုပ်မှုကဏ္ဍ၊ ကုန်သွယ်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍတို့တွင် လုပ်ကိုင်နေကြသည့် လုပ်ငန်းပမာဏကြီးမားခြင်းမရှိသော အလုပ်ရုံ၊ စက်ရုံများ၊ အရောင်းဆိုင်များ၊ ဝန်ဆောင်မှု အမျိုးမျိုးပေးသည့် လုပ်ငန်းများစသည်တို့ ပါဝင်သည်။ မိမိတို့ နိုင်ငံမှာသာမက နိုင်ငံတိုင်းတွင် MSME များသည် အလုပ်အကိုင်အခွင့်အလမ်းများစွာကို ဖန်တီးပေးနိုင်သည့် နိုင်ငံ့စီးပွားရေး၏ အဓိကမဏ္ဍိုင်များအဖြစ် အားပေးမြှင့်တင်နေကြခြင်းဖြစ်သည်။

နေ့စဉ်မိုးလေဝသသတင်း

Ministry of Transport and Communications / Posted on January 26, 2026

နေ့စဉ်မိုးလေဝသသတင်း

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး လှည်းကူးမြို့နယ်အတွင်းမှ မြေပဲနှင့် နွေစပါးစိုက် သမဝါယမအသင်းသားတောင်သူများသို့ သွင်းအားစုများ ပေးအပ်

Ministry of Cooperatives and Rural Development / Posted on January 26, 2026

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး လှည်းကူးမြို့နယ်အတွင်းမှ မြေပဲနှင့် နွေစပါးစိုက် သမဝါယမအသင်းသားတောင်သူများသို့ သွင်းအားစုများ ပေးအပ်

ကမ္ဘောဒီးယားနိုင်ငံရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများတွင် အကြောင်းအမျိုးမျိုးကြောင့်b ပါဝင်ပတ်သက်သူ မြန်မာနိုင်ငံသားများအား ဒုတိယအသုတ်အဖြစ် ထပ်မံပြန်လည်ခေါ်ဆောင်

Ministry of Information / Posted on January 25, 2026

မြန်မာနိုင်ငံအစိုးရအနေဖြင့် နိုင်ငံတကာနှင့် တစ်ကမ္ဘာလုံးကို အန္တရာယ်ပေးနေသည့် online လိမ်လည်မှုများ၊ online လောင်းကစားမှုများ တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးထားတိုက်ဖျက်ဆောင်ရွက်လျက်ရှိပြီး Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှ ကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန်အရေးယူနိုင်ရေး အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံအတွင်းသို့ ရောက်ရှိနေသည့် နိုင်ငံခြားသားများကိုလည်း လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ တရားဥပဒေနှင့်အညီ စစ်ဆေးကာ ပါဝင်ပတ်သက်သူများကို သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွဲပြောင်းပေးအပ်သည့်အပြင် အဓိကပြစ်မှုကျူးလွန်ခဲ့သူများကိုလည်း ဖမ်းဆီးထိန်းသိမ်းပြီး သက်ဆိုင်ရာ အစိုးရအဖွဲ့ထံ တရားဝင်လွဲပြောင်းပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။

ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ ဌာနဆိုင်ရာများ၊ ဒေသခံများနှင့်တွေ့ဆုံ၍ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုနှင့် Fire Hotspots ဖြစ်ပွားမှု လျှော့ချရေးကိစ္စရပ်များအား ဆွေးနွေးပြောကြား

Ministry of Natural Resources & Environmental Conservation / Posted on January 25, 2026

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် တာဝန်ရှိသူများလိုက်ပါလျက် ၂၄-၁-၂၀၂၆ ရက်နေ့တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)ရှိ ကျိုင်းတုံမြို့နှင့် မိုင်းဖြတ်မြို့များတွင် ဌာနဆိုင်ရာတာဝန်ခံများ၊ မြို့မိမြို့ဖများ၊ လူမှုရေး အသင်းအဖွဲ့များ၊ စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှုနှင့် Fire Hotspots ဖြစ်ပွားမှု လျှော့ချရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးပြောကြားရာ ကျိုင်းတုံမြို့၊ မြို့တော်ခန်းမတွင် အင်အား (၄၅၃) ဦး၊ မိုင်းဖြတ်မြို့၊ မြို့တော်ခန်းမတွင် အင်အား (၄၂၀) ဦး တက်ရောက်ကြသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မန္တလေးမြို့၊ မြို့အင်္ဂါရပ်နှင့်အညီဖွံ့ဖြိုးတိုးတက်ရေးနှင့် သန့်ရှင်းသာယာလှပရေးတို့အတွက် လိုအပ်သည်များ လမ်းညွှန်မှာကြား

Ministry of Information / Posted on January 25, 2026

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ မန္တလေးမြို့၊ မြို့အင်္ဂါရပ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သန့်ရှင်းသာယာလှပရေးတို့အတွက် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

Newspaper - 3422 items

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၉ ရက် ၊ ဇန်နဝါရီ ၂၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ January 26, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၈ ရက် ၊ ဇန်နဝါရီ ၂၅ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ January 25, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၇ ရက် ၊ ဇန်နဝါရီ ၂၄ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ January 24, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၆ ရက် ၊ ဇန်နဝါရီ ၂၃ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ January 23, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၅ ရက် ၊ ဇန်နဝါရီ ၂၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ January 22, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၄ ရက် ၊ ဇန်နဝါရီ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ January 21, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၃ ရက် ၊ ဇန်နဝါရီ ၂၀ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ January 20, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၂ ရက် ၊ ဇန်နဝါရီ ၁၉ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ January 19, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁ ရက် ၊ ဇန်နဝါရီ ၁၈ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ January 18, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလကွယ်နေ့ ၊ ဇန်နဝါရီ ၁၇ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ January 17, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download