ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၊ ရွှေပေါ်ကျွန်းကျေးရွာတွင် ရေဝင်ရောက်မှု


Ministry of Home Affairs/ နေပြည်တော် / July 07, 2024


     ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၅ ရက် မွန်းလွဲ ၂ နာရီ ၂၈ မိနစ်ခန့်က ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်အတွင်းရှိ မြေနိမ့်ပိုင်းကျေးရွာဖြစ်သည့် ရွှေပေါ်ကျွန်းကျေးရွာရှိ လူနေအိမ်များအတွင်းသို့  ရေဝင်ရောက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ရွှေကူမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် ရှာဖွေကယ်ဆယ်ရေးလှေ တစ်စီး တို့ဖြင့် ကူညီရွှေ့ပြောင်းပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ညနေ ၆ နာရီတွင် လုပ်ငန်းဆောင်ရွက်ပြီးစီးခဲ့ပါသည်။

     အဆိုပါဖြစ်စဉ်ကြောင့် ရွှေကူမြို့နယ်၊ ရွှေပေါ်ကျွန်းကျေးရွာမှ အိမ်ထောင်စု ၁၅ စု၊ အမျိုးသား ၂၈ ဦး၊ အမျိုးသမီး ၃၆ ဦး၊ စုစုပေါင်း ၆၄ ဦးတို့အား ရေဘေးလွတ်ရာ ရွှေပေါ်ကျွန်းဘုန်းတော်ကြီးကျောင်းသို့ ကူညီရွှေ့ပြောင်းပေးခဲ့ပါကြောင်းနှင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သတင်းရရှိပါသည်။