မိမိတို့၏ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းများကို သားစဉ်မြေးဆက်လက်ဆင့်ကမ်းထိန်းသိမ်းစောင့်ရှောက်


Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / July 07, 2024


ဘားအံ - ဇူလိုင် (၇)

ကရင်ပြည်နယ် မွန်စာပေနှင့်ယဉ်ကျေးမှုအသင်းမှ ဦးဆောင်ကျင်းပသော မွန်ရိုးရာယဉ်ကျေးမှုအမွေအနှစ် သင်တန်းဆင်းပွဲကို ဇူလိုင်လ ၇ ရက်နေ့ နံနက် ၉ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

အဆိုပါသင်တန်းကို ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ထောက်ပံ့မှုဖြင့်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းဆင်းပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက အမျိုးသားယဉ်ကျေးမှုနှင့်ဖီလာဆန့်ကျင်သောအမူအကျင့်များ၊ အရှေ့တိုင်း ယဉ်ကျေးမှုနှင့်မအပ်စပ်သည့်ပြည်ပယဉ်ကျေးမှုများ ထိုးဖောက်ဝင်ရောက်လာနိုင်ခြင်းမရှိစေရန် မိမိတို့၏ရိုးရာယဉ် ကျေးမှုများပျောက်ကွယ်မသွားစေရန် ရည်ရွယ်ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပြီး မိမိတို့၏ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းများ ကို သားစဉ်မြေးဆက် လက်ဆင့်ကမ်းထိန်းသိမ်းစောင့်ရှောက်သွားကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ထောက်ပံ့ငွေကျပ် သိန်း(၁၅၀)ကို သင်တန်းဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌထံ ပေးအပ်ချီးမြှင့်ရာ သင်တန်းဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌက ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ကာ ပြည်နယ်လူမှုရေးဝန်ကြီးဦးစောထွန်းအောင်က သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးအပ်သည်။

ယင်းနောက် ကရင်ပြည်နယ်မွန်စာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ မင်းဇော်မင်းဦးက သင်တန်းဖွင့်လှစ်ခဲ့ရ ခြင်းနှင့်ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး သင်တန်းသား၊သင်တန်းသူများက မွန်ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အတီးများဖြင့် ဖျော်ဖြေတင်ဆက်ကြရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များက ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ခဲ့ကြသည်။

မွန်ရိုးရာယဉ်ကျေးမှုအမွေအနှစ် အဆို၊ အက၊ အတီး သင်တန်းကို ဇွန်လ ၃ ရက်နေ့မှ ဇူလိုင်လ ၃ ရက်နေ့ထိ လှိုင်းဘွဲမြို့နယ်၊ ဒေါ်လန်းတိုက်ကျောင်းတွင် သင်ကြားဖွင့်လှစ်ခဲ့ပြီး သင်တန်းသား၊သင်တန်းသူ ၃၂ ဦးတက်ရောက် ခဲ့ကြကာ မွန်ရိုးရာယဉ်ကျေးမှု မိကျောင်းတူရိယာ၊ လခြမ်းတူရိယာ နှင့် ပတ္တလားတူရိယာတီးခတ်နည်းသင်တန်း၊ အဆိုသင်တန်းနှင့် အကသင်တန်းတို့ကို ပူးတွဲသင်ကြားပို့ချပေးခဲ့သည်ဟုသိရှိရပြီး အခမ်းအနားအပြီးတွင် ပြည်နယ် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တက်ရောက်လာသော သင်တန်းသား၊သင်တန်းသူများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အသင်းဝင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ပါသည်။