မြစ်ကြီးနားမြို့နယ်၊ မော်ဖောင်း(၁)စိုက်ပျိုးရေးနှင့်အထွေထွေသမဝါယမအသင်းလီမိတက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့်အမှုဆောင်သစ်ရွေးချယ်တင်မြှောက်ပွဲ ကျင်းပ


Ministry of Cooperatives and Rural Development/ Naypyitaw / July 16, 2024
image_latest


မြစ်ကြီးနား ဇူလိုင် ၁၆

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် မော်ဖောင်းကျေးရွာရှိ မော်ဖောင်း(၁)စိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းလီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ် ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်သစ်ရွေးချယ်တင်မြှောက်ပွဲအခမ်းအနားကို  မော်ဖောင်း ကျေးရွာ ပြည်သူ့ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအစည်းအဝေးတွင် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နိုင်နိုင်မော်က သမဝါယမလုပ်ငန်းများဆိုင်ရာများနှင့်ပတ်သက်၍ အမှာစကားပြောကြားခဲ့သည်။ အသင်းအမှုဆောင် အဖွဲ့၏အစီရင်ခံစာ၊ ဘဏ္ဍာရေးရှင်းတမ်းများ၊ ရှေ့လုပ်ငန်းစဉ်များအား ဆွေးနွေးအတည်ပြုပြီး နောက် စုဆောင်းငွေပေါ်အတိုးငွေကျပ် (၁၀၅၈၃၄၀၀) အား ထုတ်ပေးခဲ့ပြီး တက်ရောက်လာသည့် အသင်းသား/သူများအား ဆင်းဧကရီ(၃) ဆန်များ ပေးအပ်ခဲ့သည်။ ဆက်လက်၍ အသင်းဖွဲ့စည်းရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိက အမှုဆောင်အဖွဲ့ဝင် ငါးဦးနှင့် အသင်းသားစာရင်းစစ်(၂)ဦးတို့ကို သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေနှင့်အညီ ရွေးချယ်ပေးခဲ့ ကြောင်း သိရသည်။