ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ယုဇနလမ်း၊ ခြံအမှတ်(ည/၇၁)၊ “သဇင်” ရန်ကုန်-ထားဝယ် ကုန်စည်ပို့ဆောင်ရေးဂိတ်တွင် မီးလောင်မှု


Ministry of Home Affairs/ နေပြည်တော် / July 07, 2024


     ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၅ ရက် နံနက် ၄ နာရီ ၅၀ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ယုဇနလမ်း၊ ခြံအမှတ်(ည/၇၁)၊ “သဇင်” ရန်ကုန်-ထားဝယ် ကုန်စည်ပို့ဆောင်ရေးဂိတ်တွင် ညအိပ်ရပ်နားထားသော ယာဉ်မောင်း ဦးရဲထက်၏ YGN-6 9Q/XXXX Hino ၂၂ ဘီး(အဖြူရောင်)ကုန်တင်ယာဉ်ပေါ်သို့ ဂိတ်အတွင်းသွယ်တန်းထားသော ဝိုင်ယာကြိုးမီးလောင်၍ ကြိုးပြတ်ကျရာမှ ယာဉ်ပေါ်တွင်တင်ထားသော ကုန်ပစ္စည်းများပေါ်သို့ မီးပွားကျ၍ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မရမ်းကုန်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ငါးစီး တို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၅ နာရီ ၃၃ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။

     အဆိုပါမီးလောင်မှုကြောင့် YGN-6 9Q/XXXX Hino ၂၂ ဘီး(အဖြူရောင်)ကုန်တင်ယာဉ်ပေါ်တွင် တင်ထားသော Tissue လိပ်၊ GP ဆန်ထုပ်၊ နိုင်ငံခြားဆေး/မြန်မာဆေး၊ ဆေးပေါ့လိပ်၊ ပေါင်ဒါမှုန့်၊ ဘောပင်၊ သွားတိုက်တံနှင့် အလှကုန်ပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ပြီး ယာဉ်မောင်း ဦရဲထက်အား မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။