လျှပ်စစ်သုံးမော်တော်ယာဉ်များ၊ လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်များ ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port – KM ၊ RG)၊ အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) နှင့် မြန်မာစက်မှုဆိပ်ကမ်း (MIP) သို့ ရောက်ရှိထုတ်ပေးခဲ့ခြင်း


Ministry of Planning and Finance/ Yangon, Dry Port (KM) & Dry Port (RG) & Myanmar Industrial Port (MIP) & Asia World Port Terminal (AWPT) / July 15, 2024
ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (DRY PORT – KM) သို့ တင်သွင်းလာသော လျှပ်စစ်သုံးမော်တော်ယာဉ်များ စစ်ဆေးမှုမှတ်တမ်းဓာတ်ပုံ


လျှပ်စစ်သုံးမော်တော်ယာဉ်များ၊ လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်များ ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port – KM ၊ RG)၊ အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) နှင့် မြန်မာစက်မှုဆိပ်ကမ်း (MIP) သို့ ရောက်ရှိ

       အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် တရုတ်နိုင်ငံထုတ် 99 Myanmar Co.,Ltd မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Brand New Wagon (LHD)၊ Brand Name: GAC AION Y YOUNGER၊ 2023 Mdl - (8) U သည် ၅-၄-၂၀၂၄ ရက်နေ့တွင် ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port – KM) သို့လည်းကောင်း၊ Premier Automotive Co.,Ltd မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Brand New WAGON Battery Electric Vehicle (LHD)၊ Brand Name: ZEEKR X၊ 2024 Mdl - (8) U သည်လည်းကောင်း၊ Brand Name: ZEEKR 001၊ 2024 Mdl - (4) U သည်လည်းကောင်း၊ Brand Name: ZEEKR 009၊ 2024 Mdl - (3) U တို့သည် ၂၇-၂-၂၀၂၄ ရက်နေ့တွင် ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port – RG) သို့လည်းကောင်း၊ UNITRUST ENTERPRISE GROUP Co.,Ltd မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Brand New : SUV (LHD)၊ Brand Name: AIQAR Icar 03၊ 2024 Mdl - (48) U သည်လည်းကောင်း၊ Brand Name: AIQAR EQ 7၊ 2024 Mdl - (6) U သည်လည်းကောင်း ၃-၇-၂၀၂၄ ရက်နေ့တွင် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) သို့ရောက်ရှိခဲ့ပါသည်။ AUNG KAN BO MOTORCYCLE Co.,Ltd မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Brand New Motorcycle with Charging Adaptor (BEV)၊ Brand Name: KENBO၊ 2024 Mdl - (430) U သည် ၈-၇-၂၀၂၄ ရက်နေ့တွင် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) သို့ရောက်ရှိခဲ့ပါသည်။ AUNG KAN BO MOTORCYCLE Co.,Ltd မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Brand New Motorcycle with Charging Adaptor (BEV)၊ Brand Name: KENBO၊ 2024 Mdl – (396) U သည် ၈-၇-၂၀၂၄ ရက်နေ့တွင်လည်းကောင်း၊ Platpus Co.,Ltd မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Brand New Motorcycle With Charging Adaptor (BEV)၊ Brand Name: YADEA၊ 2024 Mdl - (228) U တို့သည်လည်းကောင်း ၂၈-၆-၂၀၂၄ ရက်နေ့တွင် မြန်မာစက်မှုဆိပ်ကမ်း (MIP) သို့ရောက်ရှိခဲ့ပါသည်။ ၎င်းလျှပ်စစ်သုံးမော်တော်ယာဉ် (၈) စီးအား ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port – KM) ၌လည်းကောင်း၊ လျှပ်စစ်သုံးမော်တော်ယာဉ် (၁၅) စီးအား ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port – RG) ၌ လည်းကောင်း၊ လျှပ်စစ်သုံးမော်တော်ယာဉ် (၅၄) စီးအား အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) ၌လည်းကောင်း၊ လျှပ်စစ်သုံးမော်တော်ဆိုင်ကယ် (၄၃၀) စီးအား အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) ၌လည်းကောင်း၊ လျှပ်စစ်သုံးမော်တော်ဆိုင်ကယ် (၆၂၄) စီးအား မြန်မာစက်မှုဆိပ်ကမ်း (MIP) ၌လည်းကောင်း၊ စုစုပေါင်း လျှပ်စစ်သုံးမော်တော်ယာဉ် (၇၇) စီးနှင့် လျှပ်စစ်သုံးမော်တော်ဆိုင်ကယ် (၁၀၅၄) စီးအား ၁၂-၇-၂၀၂၄ ရက်နေ့တွင် ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးခဲ့ပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်ထုတ်ယူခွင့်ပြုခဲ့ပါကြောင်း၊ အဆိုပါ တင်သွင်းမှုများအတွက် အခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သတင်းရရှိပါသည်။

 

 

သတင်းစဉ်