နိုင်ငံတကာပြိုင်ပွဲများအတွက် လေ့ကျင့်နေသည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနှင့် လူငယ်လက်ရွေးစင်အသင်းများအား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ အားပေးချီးမြှင့်
နိုင်ငံတကာပြိုင်ပွဲများအတွက် လေ့ကျင့်နေသည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနှင့် လူငယ်လက်ရွေးစင်အသင်းများအား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ အားပေးချီးမြှင့်
Ministry of Information/ Naypyitaw / May 16, 2025

ရန်ကုန် မေ ၁၅
ယခုနှစ်အတွင်း ယှဉ်ပြိုင်ရမည့် နိုင်ငံတကာ ပြိုင်ပွဲများအတွက် စခန်းဝင်လေ့ကျင့်နေသည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း၊ လူငယ်လက်ရွေးစင် အသင်းများအား ယနေ့ညနေပိုင်းတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော် တွေ့ဆုံအားပေးကာ ထပ်ဆောင်းပံ့ပိုးငွေများပေး အပ်ချီးမြှင့်ခဲ့သည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ဇွန်လတွင် ၂၀၂၆ အာရှဖလား အမျိုးသမီးခြေစစ်ပွဲ၊ စက်တင်ဘာလတွင် အာဆီယံအမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ၊ ဒီဇင်ဘာလတွင် (၃၃) ကြိမ်မြောက် ထိုင်းဆီးဂိမ်းပြိုင်ပွဲ၊ မြန်မာယူ-၁၉ အမျိုးသမီးအသင်းသည် ဇွန်လတွင် အာဆီယံယူ-၁၉ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ၊ သြဂုတ်လတွင် အာရှဖလားယူ-၂၀ အမျိုးသမီးခြေစစ်ပွဲ၊ မြန်မာယူ-၁၆ အမျိုး သမီးအသင်းသည် သြဂုတ်လတွင် အာဆီယံယူ-၁၆ အမျိုးသမီးချန် ပီယံရှစ်ပြိုင်ပွဲ၊ အောက်တိုဘာလတွင် အာရှဖလား ယူ-၁၇ အမျိုးသမီးခြေစစ်ပွဲ၊ မြန်မာယူ-၁၉ အမျိုးသားအသင်းသည် ၂၀၂၆ ခုနှစ်အတွင်း အာဆီယံ ယူ-၁၉ ချန်ပီယံ ရှစ်ပြိုင်ပွဲနှင့် အာရှဖလား ယူ-၂၀ ခြေစစ်ပွဲ၊ မြန်မာယူ-၁၆ အမျိုးသား အသင်းသည် နိုဝင်ဘာလတွင် အာရှဖလား ယူ-၁၇ ခြေစစ်ပွဲတို့ ယှဉ်ပြိုင်ရမည်ဖြစ်သည်။
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်သည် ယနေ့ညနေပိုင်းတွင် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း၊ ယူ-၁၉ နှင့် ယူ-၁၆ အမျိုးသမီးအသင်း၊ ယူ-၁၉ နှင့် ယူ-၁၆ အမျိုးသားအသင်း တို့၏ လေ့ကျင့်ရေးကွင်းများသို့ သွားရောက်ကာ အားပေးစကား ပြောကြားပြီး ယှဉ်ပြိုင်ရမည့် နိုင်ငံတကာပြိုင်ပွဲများတွင် ဆုတံဆိပ်ရရှိခြင်း၊ ခြေစစ်ပွဲအောင်မြင်ခြင်းများအတွက် ထိုက်တန်စွာဂုဏ်ပြုချီးမြှင့်မည်ဖြစ်ကြောင်းပြောကြားခဲ့သည်။
ကိုညီလေး၊ ဓာတ်ပုံ-MFF
Newspaper - 3308 items

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၄ ရက် ၊ အောက်တိုဘာ ၅ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၃ ရက် ၊ အောက်တိုဘာ ၄ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၂ ရက် ၊ အောက်တိုဘာ ၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ October 03, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၁ ရက် ၊ အောက်တိုဘာ ၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ October 02, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၀ ရက် ၊ အောက်တိုဘာ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ September 30, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၉ ရက် ၊ စက်တင်ဘာ ၃၀ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ September 30, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၈ ရက် ၊ စက်တင်ဘာ ၂၉ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ September 29, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၇ ရက် ၊ စက်တင်ဘာ ၂၈ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ September 28, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၇ ရက် ၊ စက်တင်ဘာ ၂၈ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ September 28, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၇ ရက် ၊ စက်တင်ဘာ ၂၈ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ September 28, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download