ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်နှင့် ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်တို့၌ လိုင်စင်မဲ့ မော်တော်ယာဉ် သုံးစီး ဖမ်းဆီးရမိ


Ministry of Home Affairs/ Naypyitaw / July 26, 2025


     ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၄ ရက်က ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်နှင့် ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်တို့၌ လိုင်စင်မဲ့ မော်တော်ယာဉ် သုံးစီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

     ဖြစ်စဉ်မှာ ဇူလိုင် ၂၄ ရက် ညနေ ၄ နာရီ ၃၀ မိနစ်တွင် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ မော်ဟန်ရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရဲကင်းစခန်းရှေ့ ပြည်ထောင်စုလမ်းမကြီးပေါ်၌ ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် မော်ဟန်ကျေးရွာဘက်မှ မိုးညှင်းမြို့ဘက်သို့ မိုးညှင်းမြို့နယ်၊ နတ်ကြီးကုန်းရပ်ကွက်နေ စံဌေး(ခ)အားဆန်း(၄၀)နှစ် မောင်းနှင်လာသည့် MDY-15/2P-XXXX NISSAN X-TRAIL အဖြူရောင်မော်တော်ယာဉ်အား လည်းကောင်း။ 

     အလားတူ ညနေ ၄ နာရီ ၃၅ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၁၄ မိုင် ၇ ဖာလုံရှိ စစ်ဆေးရေးဂိတ်၌ ဖြူးအမြန်လမ်းမကြီးရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းရပ်ကွက်နေ ကျော်စွာထွန်း(၃၄)နှစ် မောင်းနှင်လာသည့် MDY-18/1L-XXXX SUPER CUSTOM အဖြူရောင်မော်တော်ယာဉ်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ကျောက်ငူရပ်ကွက်နေ မင်းထက်ပိုင် (၃၃)နှစ် မောင်းနှင်လာသည့် MDY-10/5P-XXXX NISSAN CARAVAN အဖြူရောင်မော်တော်ယာဉ်တို့အား ရပ်တန့်စစ်ဆေးခဲ့ရာ အဆိုပါယာဉ်များနှင့်ပတ်သက်၍  အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ မော်တော် ယာဉ်များဖြစ်ကြောင်း စစ်ဆေးသိရှိရသဖြင့် စံဌေး(ခ)အားဆန်း၊ ကျော်စွာထွန်းနှင့် မင်းထက်ပိုင်တို့ သုံးဦးအား သက်ဆိုင်ရာရဲစခန်းအသီးသီး၌ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

Newspaper - 3236 items

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၃ ရက် ၊ ဇူလိုင် ၂၇ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ July 26, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၂ ရက် ၊ ဇူလိုင် ၂၆ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ July 26, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်းလဆန်း ၁ ရက် ၊ ဇူလိုင် ၂၅ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ July 25, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလကွယ်နေ့ ၊ ဇူလိုင် ၂၄ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ July 24, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၄ ရက်၊ ဇူလိုင် ၂၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ July 23, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၃ ရက်၊ ဇူလိုင် ၂၂ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ July 22, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၂ ရက်၊ ဇူလိုင် ၂၁ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ July 21, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၁ ရက်၊ ဇူလိုင် ၂၀ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ July 20, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၀ ရက်၊ ဇူလိုင် ၁၉ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ July 19, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၉ ရက်၊ ဇူလိုင် ၁၈ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ July 18, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download