ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၌ ဒီဇယ်ဆီများ တရားမဝင် သယ်ဆောင်လာသူ အမျိုးသား လေးဦးအား ဖမ်းဆီးအရေးယူ


Ministry of Home Affairs/ Naypyitaw / November 25, 2025


   ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၃ ရက်က ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၌ ဒီဇယ်ဆီများ တရားမဝင် သယ်ဆောင်လာသူ အမျိုးသား လေးဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

   ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၃ ရက် မွန်းလွဲ ၃ နာရီ ၅ မိနစ်တွင် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန့်စီးအောင်ပူးပေါင်းစစ်ဆေးရေးဂိတ်၌ မိုးညှင်းမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် မန္တလေးမြို့မှ မြစ်ကြီးနားမြို့ဘက်သို့ မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ ကူမဲမြို့၊ ကွက်သစ်ရပ်ကွက်နေ ဝေဖြိုးမြင့်(၃၅)နှစ် မောင်းနှင်ပြီး ရှမ်းပြည်နယ်၊ ဟိုပင်မြို့နယ်၊ မြို့မတောင်ရပ်ကွက်နေ ထက်နေလင်း(၂၇)နှစ် လိုက်ပါလာသည့် 9H-XXXX NISSAN အဖြူရောင် ၁၂ ဘီး မော်တော်ယာဉ်ပေါ်မှ GAS အိုး တစ်လုံးလျှင် ဒီဇယ်ဆီ ၁၀ ဂါလန်ခန့်ပါ ၈၀ လုံး၊ စုစုပေါင်း ဒီဇယ်ဆီ ၈၀၀ ဂါလန်ခန့်နှင့် မန္တလေးတိုင်းဒေသကြီး၊ စဥ့်ကူးမြို့နယ်၊ ရှောက်ပင်ရိုးကျေးရွာနေ မျိုးကိုကို(၃၀)နှစ် မောင်းနှင်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နေ သီဟကျော်မျိုးအေး(၂၅)နှစ် လိုက်ပါလာသည့် 3C-XXXX NISSAN အဖြူရောင် ၁၂ ဘီး မော်တော်ယာဉ်ပေါ်မှ GAS အိုး ၁ လုံးလျှင် ဒီဇယ်ဆီ ၁၀ ဂါလန်ခန့်ပါ ၇၉ လုံး၊ စုစုပေါင်း ဒီဇယ်ဆီ ၇၉၀ ဂါလန်ခန့်တို့အား တရားမဝင် အထောက်အထားမဲ့ သယ်ဆောင်လာသည်ကို တွေ့ရှိဖမ်းဆီး ရမိခဲ့သဖြင့် မျိုးကိုကိုနှင့် သီဟကျော်မျိုးအေးတို့ နှစ်ဦးအား မိုးညှင်းမြို့မရဲစခန်း (ပ)၁၅၇/၂၀၂၅၊ ရေနံနှင့်ရေနံထွက်ဆိုင်ရာဥပဒေပုဒ်မ ၃၇ ဖြင့် လည်းကောင်း၊ ဝေဖြိုးမြင့်နှင့် ထက်နေလင်းတို့ နှစ်ဦးအား မိုးညှင်းမြို့မရဲစခန်း (ပ)၁၅၈/၂၀၂၅၊ ရေနံနှင့်ရေနံထွက်ဆိုင်ရာဥပဒေပုဒ်မ ၃၇ ဖြင့် လည်းကောင်း အသီးသီးအမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

Newspaper - 3360 items

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၆ ရက် ၊ နိုဝင်ဘာ ၂၅ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ November 25, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၅ ရက် ၊ နိုဝင်ဘာ ၂၄ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ November 24, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၄ ရက် ၊ နိုဝင်ဘာ ၂၃ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ November 23, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၃ ရက် ၊ နိုဝင်ဘာ ၂၂ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ November 22, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၂ ရက် ၊ နိုဝင်ဘာ ၂၁ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ November 21, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁ ရက် ၊ နိုဝင်ဘာ ၂၀ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ November 20, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလကွယ်နေ့ ၊ နိုဝင်ဘာ ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ November 19, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၄ ရက်၊ နိုဝင်ဘာ ၁၈ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ November 18, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၃ ရက်၊ နိုဝင်ဘာ ၁၇ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ November 17, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၂ ရက်၊ နိုဝင်ဘာ ၁၆ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ November 16, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download