ကဆုန်လပြည့် (ဗုဒ္ဓနေ့)တွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် ဘုရား၊ စေတီ၊ ပုထိုးများ၌ ကုသိုလ်ကောင်းမှုပြုကြသူများ၊ ညောင်ရေသွန်းလောင်းကြသူများဖြင့် အထူးစည်ကားများပြား
ကဆုန်လပြည့် (ဗုဒ္ဓနေ့)တွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် ဘုရား၊ စေတီ၊ ပုထိုးများ၌ ကုသိုလ်ကောင်းမှုပြုကြသူများ၊ ညောင်ရေသွန်းလောင်းကြသူများဖြင့် အထူးစည်ကားများပြား
Ministry of Information/ Naypyitaw / May 12, 2025

ရန်ကုန် မေ ၁၁
ယနေ့သည် ဖွား၊ ပွင့်၊ ဟော၊ စံ ဗျာဒိတ်ခံသည့် ကဆုန်လပြည့်(ဗုဒ္ဓနေ့)ဖြစ်ပြီး ဗုဒ္ဓဘာသာဝင်များ၏ နေ့ထူးနေ့မြတ်ဖြစ်သည့် အားလျော်စွာ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် ဘုရား၊ စေတီ၊ ပုထိုးများ၌ ဥပုသ်သီလဆောက်တည်ကြသူများ၊ ကုသိုလ်ဒါနကောင်းမှု ပြုကြသူများ၊ ညောင်ရေသွန်းလောင်းကြသူများဖြင့် အထူးစည်ကား များပြားလျက်ရှိသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့နှင့်ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့တို့ ကြီးမှူးကျင်းပသည့် (၄၂)ကြိမ်မြောက် ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက် ၅ နာရီခွဲမှစတင်၍ ရွှေတိဂုံစေတီတော်ရင်ပြင်ရှိ သတ်မှတ်နေရာအသီးသီး၌ ကျင်းပသည်။
ဦးစွာ ရွှေတိဂုံစေတီတော်မြတ်ကြီးအား အရုဏ်ဆွမ်းတော်ကြီး ဆက်ကပ်လှူဒါန်းပွဲကို စေတီတော်ရင်ပြင်ရှိ ဧည့်ခံတန်ဆောင်း၌ကျင်းပရာ ဂေါပကအဖွဲ့ဝင်များနှင့် ဘာသာရေးဝတ်အသင်းအဖွဲ့များက ဗုဒ္ဓပူဇာအဖြစ် ဗုဒ္ဓမြတ်စွာဘုရားရှင်အား အရုဏ်ဆွမ်းတော် ကြီးနှင့် ဆွမ်း၊ ပန်း၊ ရေချမ်း၊ သစ်သီး၊ ဆီမီးများဆက်ကပ်လှူဒါန်းပူဇော်ပြီး စေတီတော်မြတ် ကြီးအား မြတ်ဘုရားရွှေတိဂုံဂါထာဖြင့် ရှိခိုးပူဇော်ခြင်း၊ နဝင်္ဂသီလ ခံယူဆောက်တည်ခြင်း၊ ဘုရား၊ တရား၊ သံဃာဂုဏ်တော်များ ရွတ်ပွားပူဇော်ခြင်း၊ မေတ္တာဘာဝနာပွားများခြင်း၊ ဆုတောင်းအမျှဝေ သာဓုခေါ်ဆိုခြင်းတို့ ဆောင်ရွက်ကြသည်။
ယင်းနောက် ဂေါပကအဖွဲ့ဝင်များသည် ရွှေတိဂုံစေတီတော် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော်ကြီးများနှင့် ပင့်သံဃာတော်များအား အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်း ကြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ပြည့်စုံလင်းနှင့်ဇနီး၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့်၎င်းတို့၏ ဇနီးများ၊ ဂေါပက အဖွဲ့ဝင်များနှင့် ဘာသာရေးဝတ်အသင်းအဖွဲ့များသည် (၄၂) ကြိမ်မြောက် ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်ပွဲကျင်းပရန် စေတီတော်ရင်ပြင် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်းစုရပ်မှ ရွှေတိဂုံစေတီတော်မြတ်ကြီးအား လက်ယာရစ်လှည့်လည်ပူဇော်ကြပြီး အခမ်းအနားကျင်းပမည့် မဟာဗောဓိညောင်ပင်နေရာ၌ နေရာယူကြသည်။
ဆက်လက်၍ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယ ဆရာတော်ကြီးများက ပရိဘောဂစေတီ (မဟာဗောဓိညောင်ပင်)အား ဗုဒ္ဓါဘိသေကမင်္ဂလာ အနေကဇာ တင်လှူပူဇော်ကြသည်။
ယင်းနောက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့၏ ဩဝါဒါစရိယ တိပိဋကဓရ၊ တိပိဋကကောဝိဒ၊ ဓမ္မဘဏ္ဍာ ဂါရိက စွန်းလွန်းဆရာတော် ဘဒ္ဒန္တသုန္ဒရထံမှ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး ဧည့်ပရိသတ်များက နဝင်္ဂသီလ ခံယူဆောက်တည်ကြသည်။
ထို့နောက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ အလှည့်ကျသဘာပတိ ဦးအောင်ဇေယျလင်းက ဗောဓိရုက္ခဥဒက ပူဇာမင်္ဂလာ စာတမ်းလွှာကို ဖတ်ကြားလျှောက်ထားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းမှူးနှင့် ဇနီး၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်နှင့် တာဝန်ရှိသူများက ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် ပင့်သံဃာ့တော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ဩဝါဒါစရိယ၊ နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်၊ ပါဠိတက္ကသိုလ် ညောင်တုန်းကျောင်းတိုက် ပဓာန နာယက အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ သ.စ.အ ဓမ္မာစရိယ ဝဋံသကာပါဠိ ပါရဂူစေတိယင်္ဂဏပဝရသိရီမဟာ ဓမ္မဂုရု ဘဒ္ဒန္တနာရဒါဘိဝံသ (လှရတနာ ဆရာတော်)ထံမှ အနုမောဒနာတရားနာကြားပြီး လှူဒါန်းမှုစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။
ယင်းနောက် ဩဝါဒါစရိယ ဆရာတော်ကြီးများ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းမှူးနှင့် ဇနီး၊ တာဝန်ရှိသူများ၊ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးဝတ် အသင်းအဖွဲ့များနှင့် ဘုရားဖူးလာ ပြည်သူများက ဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်း ပူဇော်ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ တာဝန်ရှိသူများသည် ဆူးလေစေတီတော်နှင့် ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော်၊ သီရိမင်္ဂလာ ကမ္ဘာအေးစေတီတော် ဂေါပကအဖွဲ့တို့က ကြီးမှူးကျင်းပသည့် ကဆုန်လပြည့်(ဗုဒ္ဓနေ့) ညောင်ရေသွန်းလောင်း ပူဇော်ပွဲများသို့ တက်ရောက်ကြပြီး စေတီတော်ရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်များအား ဖူးမြော်ကြည်ညိုကြ၍ ဗောဓိညောင်ပင်များအား ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးဝတ်အသင်း အဖွဲ့များ၊ ဘုရားဖူးလာပြည်သူများနှင့်အတူ ညောင်ရေသွန်းလောင်း ပူဇော်ကြသည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ရှေးဟောင်းသမိုင်းဝင် အပရာဇိတဆံတော်ရှင် ကျိုက်ဝိုင်းစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ သြဝါဒါစရိယ ဆရာတော်ကြီများထံမှ ဩဝါဒခံယူ၍ (၄၇)ကြိမ်မြောက် ဗုဒ္ဓါဘိသေက မင်္ဂလာအနေကဇာတင်ပွဲနှင့် ညောင်ရေသွန်းလောင်း ပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါစေတီတော်၌ လည်းကောင်း၊ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်)ဌာနခွဲဝန်ထမ်းမိသားစုများ၏ ၁၃၈၇ ခုနှစ် ကဆုန်လပြည့် ဗုဒ္ဓနေ့ဗုဒ္ဓပူဇနိယမင်္ဂလာနှင့် ကဆုန်ညောင်ရေသွန်းလောင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကမ္ဘာအေးကုန်းမြေ မဟာဝုန်တောရှိ မဟာဝုန်ဓမ္မသာလာ၌ လည်းကောင်း ကျင်းပကြသည်။
အလားတူ ရွှေဘုန်းပွင့်စေတီတော်၊ ဝရဒါဌာဓာတုစေတိယ စွယ်တော်မြတ်စေတီတော် (ရန်ကုန်)၊ မဟာဝိဇယစေတီတော်၊ သမိုင်းဝင်မဟာဓမ္မရံသီ အိမ်တော်ရာစေတီတော်၊ ကျိုက္ကဆံစေတီတော်၊ ဆုတောင်းပြည့် မယ်လမုစေတီတော်၊ ငါးထပ်ကြီးဘုရား၊ ခြောက်ထပ်ကြီးဘုရား၊ ကိုးထပ်ကြီး ဘုရားတို့၌လည်း သက်ဆိုင်ရာ စေတီတော်ဂေါပက အဖွဲ့ဝင်များကြီးမှူး၍ ညောင်ရေသွန်းလောင်းပူဇော်ပွဲများ ကျင်းပကြရာ ဆရာတော်ကြီးများထံမှ သီလခံယူခြင်း၊ ပရိတ်တရားတော်နှင့် ရေစက်ချတရားများ နာယူခြင်းများ ဆောင်ရွက်ကြကာ ဘုရားဖူးလာ ပြည်သူများနှင့်အတူ ညောင်ရေသွန်းလောင်းကြကြောင်း သိရသည်။
ယနေ့ ကဆုန်လပြည့်(ဗုဒ္ဓနေ့)တွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် ဘုရား၊ စေတီ၊ ပုထိုးများ၌ ဘုရားဖူးလာပြည်သူ များအား အလှူရှင်များက စတုဒိသာများ ကျွေးမွေးလှူဒါန်းကြရာ အထူးစည်ကား များပြားလျက်ရှိကြောင်း သိရသည်။
သတင်းနှင့်ဓာတ်ပုံ- ဇော်မင်းလတ်(mna)


Newspaper - 3293 items

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁ ရက် ၊ စက်တင်ဘာ ၂၂ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ September 22, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလကွယ်နေ့ ၊ စက်တင်ဘာ ၂၁ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ September 21, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၄ ရက်၊ စက်တင်ဘာ ၂၀ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ September 20, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၃ ရက်၊ စက်တင်ဘာ ၁၉ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ September 19, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၂ ရက်၊ စက်တင်ဘာ ၁၈ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ September 18, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၁ ရက်၊ စက်တင်ဘာ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ September 17, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၀ ရက်၊ စက်တင်ဘာ ၁၆ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ September 16, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၉ ရက်၊ စက်တင်ဘာ ၁၅ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ September 15, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၈ ရက်၊ စက်တင်ဘာ ၁၄ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ September 14, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၇ ရက်၊ စက်တင်ဘာ ၁၃ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ September 13, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download