ကဏ္ဍပေါင်းစုံဖွံ့ဖြိုးတိုးတက်စေမည့်ပြယုဂ် ပြီးပြတ်အောင်အကောင်အထည်ဖော်ဆောင်
ကဏ္ဍပေါင်းစုံဖွံ့ဖြိုးတိုးတက်စေမည့်ပြယုဂ် ပြီးပြတ်အောင်အကောင်အထည်ဖော်ဆောင်
Ministry of Information/ Naypyitaw / October 12, 2025

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြန်မာ-ကိုရီးယား နှစ်နိုင်ငံချစ်ကြည်ရေး ဒလ(တံတား)အား ကွန်ကရစ်သွန်းလောင်းတံတားဆက်ခြင်း မဟာမင်္ဂလာအခမ်းအနားကို အောက်တိုဘာ ၁၀ ရက်ကကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ပေးပြီး ကွန်ထရိုလာအသုံးပြု၍ ကွန်ကရစ်လောင်းတံတားဆက်ခြင်းကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ မြန်မာ-ကိုရီးယား နှစ်နိုင်ငံချစ်ကြည်ရေး ဒလ(တံတား)စီမံကိန်းကို ဆောင်ရွက်နေသည်မှာ အချိန်ကာလအားဖြင့် အစိုးရအဆက်ဆက်ပင် ကြာမြင့်လာခဲ့သည်ကို တွေ့ရသည်။ စီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်မြို့အတွက် အဆိုပါတံတားကြီးသည် အလွန်အရေးပါသည့် အခြေခံအဆောက်အအုံတစ်ခုဖြစ်သည်။ ၂၀၁၂ ခုနှစ်က နိုင်ငံတော်ကိုတာဝန်ယူခဲ့သည့် နိုင်ငံတော်သမ္မတဦးသိန်းစိန် သွားရောက်ခဲ့သော ကိုရီးယားနိုင်ငံ ချစ်ကြည်ရေးခရီးစဉ်အတွင်း မြန်မာနိုင်ငံ၌ ကိုရီးယား-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးစီမံကိန်းတစ်ခု အကောင်အထည်ဖော်ဆောင်ရွက်ရန် ဆွေးနွေးညှိနှိုင်းခဲ့ပြီးနောက် ၂၀၁၃ ခုနှစ်တွင် စတင်စီမံဆောင်ရွက်ခဲ့သည်။
၂၀၁၅ ခုနှစ်တွင် တည်ဆောက်ရေးစီမံကိန်းလုပ်ငန်းများ စတင်နိုင်ရန်အတွက် အကြိုအင်ဂျင်နီယာလုပ်ငန်းများ၊ ပုံစံထုတ်ခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့သည်။ တံတားတည်ဆောက်နေစဉ်ကာလအတွင်း၌ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားခဲ့ခြင်း၊ စီမံကိန်းလုပ်ငန်းများ နှောင့်နှေးမှုကိုဖြစ်စေသည့် လုပ်ငန်းအခက်အခဲများနှင့် ကြုံတွေ့ခဲ့ရသည်။ အချိန်ကာလကြာမြင့်စွာ နှောင့်နှေးကြန့်ကြာခဲ့သော အဆိုပါတံတား ကြီးကို အရှိန်အဟုန်မပျက် ဆက်လက်တည်ဆောက်နိုင်ရန်အတွက် မျက်မှောက်ကာလတွင် နိုင်ငံတော်ကို တာဝန်ယူဆောင်ရွက်နေသည့် အစိုးရအနေဖြင့် ဘဏ္ဍာငွေကြေးနှင့် လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့သောကြောင့် ယခုကဲ့သို့ တံတားကြီးပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့သည်။
အဆိုပါတံတားကြီးကို တည်ဆောက်ရာတွင် တံတားချဉ်းကပ်ဧရိယာ အသွယ်သွယ်ကို ရန်ကုန်မြို့လယ်ရှိ အဆောက်အအုံများ၊ လမ်းမကြီးများကြားတွင် ရှည်လျားစွာဖြတ်သန်းဖောက်လုပ်ခဲ့ရသည်။ မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလ)တံတားကြီးသည် နိုင်ငံတကာအဆင့်မီ သံမဏိကြိုးဆိုင်းတံတားဖြစ်ပြီး လေးလမ်းသွား တံတားဖြစ်သည်။ ပင်မတံတားကြီး၏ အရှည်မှာ ၂၂၆၄ ပေရှိပြီး ရန်ကုန်ဘက်ခြမ်း ချဉ်းကပ်တံတားအရှည်မှာ ၁၈၉၁ ပေရှိသည်။ ဒလဘက်ကမ်း ချဉ်းကပ်တံတားအရှည် မှာ ၁၉၇၂ ပေရှိကာ တံတားတစ်စင်းလုံး၏ စုစုပေါင်းအရှည်မှာ ၆၁၂၇ ပေ ရှိ၍ မြန်မာနိုင်ငံအတွက် ဂုဏ်ယူဝင့်ကြွားခံ့ညားဖွယ် တံတားတစ်စင်းဖြစ်သည်။
မြန်မာ-ကိုရီးယား နှစ်နိုင်ငံချစ်ကြည်ရေး ဒလ(တံတား)သည် မြန်မာနိုင်ငံရှိ တည်ဆောက်ပြီးစီးခဲ့သည့် သံမဏိကြိုးဆိုင်းတံတားများအနက် ရေလမ်းကင်းလွတ်နယ် အမြင့်ဆုံးတံတားဖြစ်ပြီး တံတားကြီးအောက်မှ တန်ချိန် ၁၅၀၀၀ ရှိသည့် နိုင်ငံတကာပင်လယ်ကူးသင်္ဘောကြီးများနှင့် ပြည်တွင်းရေကြောင်းသွားသင်္ဘောကြီးများ ဖြတ်သန်းသွားလာနိုင်ရန် တံတားကင်းလွတ်အမြင့်ပေ ၁၆၀၊ အကျယ်ပေ ၉၉၀ ရှိသည်။ တံတား၏ ခံနိုင်ဝန်မှာ ယာဉ်တစ်စီးချင်း ၇၅ တန်ဖြစ်ပြီး ပြည်သူများ စိတ်ဝင်စားမှုအမြင့်ဆုံးဖြစ်သည့် မြန်မာနိုင်ငံတွင် အမြင့်ဆုံးမြစ်ကူးတံတားကြီး ဖြစ်သည်။ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နိုင်ခြင်းကြောင့် မြန်မာအင်ဂျင်နီယာများအနေဖြင့် သံမဏိကြိုးဆိုင်းတံတားဆိုင်ရာ ပုံစံထုတ်ခြင်း၊ တည်ဆောက်ခြင်း၊ ခေတ်မီနည်းပညာများ၊ နည်းစနစ်များနှင့်အတွေ့အကြုံများ ရရှိခဲ့သည်။
မြန်မာ-ကိုရီးယား နှစ်နိုင်ငံချစ်ကြည်ရေး ဒလ(တံတား)ကြီးကို အချောသပ် ပြီးစီးပြီးဖွင့်လှစ်လိုက်ပါက ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်မြို့မှ ဒလ-တွံတေး-ကွမ်းခြံကုန်း-ကော့မှူးမြို့နယ်တို့သို့လည်းကောင်း၊ ဒေးဒရဲမှတစ်ဆင့် ဒေးဒရဲ-ဖျာပုံ-ဘိုကလေးမြို့တို့နှင့်ဧရာဝတီကမ်းခြေဒေသများအပါအဝင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များသို့လည်းကောင်း လွယ်ကူချောမွေ့စွာ သွားလာနိုင်မည်ဖြစ်သည်။ ရန်ကုန်မြို့အနေဖြင့် လက်ရှိဖြစ်ပေါ်နေသော ယာဉ်ကြောပိတ်ဆို့မှု ပြဿနာများကိုလည်း အတိုင်းအတာတစ်ခုအထိ ဖြေလျှော့ပေးနိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် လက်ရှိအချိန်ကာလအထိ ရန်ကုန်မြို့မှ ဒလတစ်ဖက်ကမ်းသို့ ကူးသန်းသွားလာရာတွင် ကူးတို့ရေယာဉ်များ၊ စက်တပ်သမ္ဗန်များကိုသာ အားကိုးအားထားပြုလျက်ရှိရာ ယခုတံတားကြီး ပေါ်ပေါက်လာပါက ရေလမ်းခရီးအန္တရာယ်မှ ကင်းဝေးသွားမည်ဖြစ်သည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သည့်၊ မြန်မာနိုင်ငံတွင် အကြီးဆုံးမြို့ကြီးဖြစ်သည့်၊ လူဦးရေအများဆုံးမြို့ကြီးဖြစ်သည့် ရန်ကုန်မြို့နှင့် တစ်ဖက်ကမ်းမြို့များသို့ လွယ်လင့်တကူဖြတ်သန်းသွားလာနိုင်ရန်အတွက် အချိန်ကြာမြင့်စွာ တည်ဆောက်ခဲ့ရသော မြန်မာ-ကိုရီးယားနှစ်နိုင်ငံချစ်ကြည်ရေး ဒလ(တံတား)ကြီး ပြီးစီးဖွင့်လှစ်နိုင်ပါက ကူးသန်းသွားလာဆက်သွယ်မှု လွယ်ကူချောမွေ့လာမည်ဖြစ်သည့်အပြင် ကဏ္ဍပေါင်းစုံ၌ ဖွံ့ဖြိုးတိုးတက်လာမည့် ရန်ကုန်မြို့၏ အထင်ကရပြယုဂ် (Landmark) တစ်ခုအဖြစ် ဂုဏ်ယူဖွယ်ရာမြင်တွေ့ကြရမည် ဖြစ်ပါကြောင်း။ ။
Newspaper - 3315 items

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၆ ရက်၊ အောက်တိုဘာ ၁၂ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၅ ရက်၊ အောက်တိုဘာ ၁၁ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၄ရက် ၊ အောက်တိုဘာ ၁၀ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ October 10, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၃ ရက် ၊ အောက်တိုဘာ ၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ October 09, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၂ ရက် ၊ အောက်တိုဘာ ၈ ရက်၊ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁ ရက် ၊ အောက်တိုဘာ ၇ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့ ၊ အောက်တိုဘာ ၆ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၄ ရက် ၊ အောက်တိုဘာ ၅ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၃ ရက် ၊ အောက်တိုဘာ ၄ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၂ ရက် ၊ အောက်တိုဘာ ၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ October 03, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download