ကမ္ဘာ့ကော်ဖီဈေးကွက် ပိုမိုထိုးဖောက်ရေး မြန်မာ့ကော်ဖီတိုးချဲ့စိုက်ပျိုး
ကမ္ဘာ့ကော်ဖီဈေးကွက် ပိုမိုထိုးဖောက်ရေး မြန်မာ့ကော်ဖီတိုးချဲ့စိုက်ပျိုး
Ministry of Information/ Naypyitaw / October 19, 2025

ကမ္ဘာတစ်ဝန်းတွင် ကော်ဖီသောက်သုံးသူ တိုးပွားလာနေခြင်းကြောင့် ကမ္ဘာ့ကော်ဖီဈေးကွက်သည်လည်း ပို၍ ပို၍ကြီးမားကျယ်ပြန့်လာနေသည်။ ယမန်နှစ် (၂၀၂၄ ခုနှစ်) က ကမ္ဘာ့ကော်ဖီဈေးကွက်၏တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၃၀ ဘီလီယံကျော်ဖိုးရှိပြီး ဆက်လက်၍ တိုးတက်မည်ဟုလည်း ခန့်မှန်းထားကြသည်။ အချို့ကလည်း နောက်ငါးနှစ်အကြာ ၂၀၃၀ ပြည့်နှစ်တွင် ကမ္ဘာ့ကော်ဖီဈေးကွက်၏တန်ဖိုး အမေရိကန်ဒေါ်လာ ၂၀၀ ဘီလီယံအထိ ရောက်ရှိလာမည်ဟု ခန့်မှန်းနေကြသည်။
‘‘ကော်ဖီစိုက်ပျိုးခြင်းနှင့်ပတ်သက်၍လည်း ယခင်ကတည်းက ကော်ဖီစိုက်ပျိုးခြင်းလုပ်ငန်းများကို စီမံကိန်းများချမှတ်၍ ဆောင်ရွက်ခဲ့သော်လည်း အပြည့်အဝမစိုက်ပျိုးခြင်းနှင့် အခြားနည်းများဖြင့် သုံးစွဲခြင်းများ ပြုလုပ်ခြင်းများကြောင့် ထိုက်သင့်သလောက် အောင်မြင်မှုများမရှိခဲ့ကြောင်း၊ မိမိတို့ နိုင်ငံတစ်ဝန်းလုံးတွင် မြေနိမ့်ကော်ဖီကို စိုက်ပျိုးနိုင်ကြောင်း၊ ထို့ကြောင့် ကော်ဖီစိုက်ပျိုးမြေများ ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေး ခွင့်ပြုပေးထားပြီး အပြည့်အဝ စိုက်ပျိုးကြရန်လိုကြောင်း’’ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်များအား အောက်တိုဘာ ၁၆ ရက်က တွေ့ဆုံအမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံသည် အာရေးဗီးကားကော်ဖီ ခေါ် ကုန်းမြင့်ကော်ဖီကို စိုက်ပျိုးနိုင်သကဲ့သို့ ရိုဘတ်စတာ ခေါ် မြေနိမ့်ကော်ဖီကို စိုက်ပျိုးနိုင်သည့် အခြေအနေများရှိနေသော်လည်း တစ်နိုင်ငံလုံး ကော်ဖီထုတ်လုပ်မှုမှာ တစ်နှစ်လျှင် တန်ချိန် ၇၀၀၀ ကျော်ခန့်သာရှိနေသည်ဟု သိရသည်။ မြန်မာ့ကော်ဖီကို ကမ္ဘာ့ဈေးကွက်တွင် ပိုမိုထိုးဖောက်နိုင်ရေး၊ မြန်မာနိုင်ငံကို ကော်ဖီအမြောက်အမြား တင်ပို့သည့် နိုင်ငံတစ်နိုင်ငံအဖြစ် ကမ္ဘာက အသိအမှတ်ပြုလာစေရေးတို့အတွက် စိုက်ပျိုးရေးဦးစီး ဌာနက ပြည်တွင်း၌ ကော်ဖီတိုးချဲ့စိုက်ပျိုးရန် လုပ်ဆောင်နေကြောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှစတင်၍ ငါးနှစ်အတွင်း ကော်ဖီစိုက်ဧက သုံးသိန်းတိုးချဲ့စိုက်ပျိုးနိုင်ရန် စီမံချက်ရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။
ကုန်းမြင့်ကော်ဖီဖြစ်သော အာရေးဗီးကားကော်ဖီ (Arabica Coffee) ကို ဇုန်လေးခုခွဲ၍ ဧက နှစ်သိန်း၊ မြေနိမ့်ကော်ဖီဖြစ်သော ရိုဘတ်စတာကော်ဖီ (Robusta Coffee) ကို ဇုန်သုံးခုခွဲ၍ ဧက တစ်သိန်း စုစုပေါင်း ကော်ဖီစိုက်ဧက သုံးသိန်းတိုးချဲ့ စိုက်ပျိုးသွားမည်ဖြစ်သည်ဟု သိရသည်။ ကုန်းမြင့်ကော်ဖီ အာရေးဗီးကားကို ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၂၅၀၀ အထက် ကုန်းမြင့်ဒေသများနှင့် မြေနိမ့်ကော်ဖီ ရိုဘတ်စတာကို အမြင့်ပေ ၂၅၀၀ အောက် မြေနိမ့်ဒေသများတွင် စိုက်ပျိုးကြသည်။ ကုန်းမြင့်ကော်ဖီအတွက် နှစ်စဉ်ပျံ့နှံ့စွာ ရွာသွန်းသည့် မိုးရေချိန်လက်မ ၆၀ မှ ၈၀ အထိ လိုအပ်ပြီး မြေနိမ့်ကော်ဖီအတွက် နှစ်စဉ်မိုးရေချိန်လက်မ ၆၀ မှ ၁၀၀ အထိ အနည်းဆုံး လိုအပ်သည်။ မြေနိမ့်ကော်ဖီသည် အပူချိန်မြင့်မားသော မြေနိမ့်ပိုင်းနှင့် ပိုမိုသင့်လျော်ပြီး ရေလိုအပ်ချက်လည်း ပိုမိုမြင့်မားသည်။
ကုန်းမြင့်ကော်ဖီအတွက် လိုအပ်သည့်အပူချိန်သည် ၁၅-၂၅ ဒီဂရီစင်တီဂရိတ်ဖြစ်ပြီး မြေနိမ့်ကော်ဖီအတွက် လိုအပ်သော အပူချိန်မှာ ၂၀-၃၀ ဒီဂရီစင်တီဂရိတ်ဖြစ်သည်။ ကော်ဖီစိုက်ပျိုးမည့်မြေသည် ရေစီးရေလာကောင်းမွန်သော နုန်းမြေ၊ သဲနုန်းမြေ၊ နီညိုတောမြေ၊ ဝါညိုတောမြေ ဖြစ်ရန်လိုပြီး ရွှံ့စေးမြေမဖြစ်ရန် လိုသည်။ မြေသားထုအနက် အနည်းဆုံးလေးပေရှိရန်လိုပြီး ချဉ်ငန်ဓာတ် (PH 5.5 - 6.5) ရှိသောမြေကို နှစ်သက်သည်ဟု သိရသည်။
ကော်ဖီသည် မြန်မာတစ်နိုင်ငံလုံးတွင် စိုက်ပျိုးနိုင်သည့် နှစ်ရှည်သီးနှံဖြစ်ပြီး ကမ္ဘာ့ဈေးကွက်တွင် ဝယ်လိုအားရှိသည့်သီးနှံဖြစ်သည်။ စီးပွားရေးတွက်ခြေကိုက်ရန်အတွက် အခြား နှစ်ရှည်ပင်များနှင့်လည်း ရောနှောစိုက်ပျိုးနိုင်သည့်သီးနှံဖြစ်ရာ ဒေါ်လာ ဘီလီယံရာနှင့်ချီသည့် ကမ္ဘာ့ကော်ဖီဈေးကွက်တွင် မြန်မာ့ကော်ဖီ ဝင်ရောက်နေရာယူနိုင်ရေး ဝါယမစိုက်ထုတ် ကြိုးပမ်းဆောင်ရွက်ကြရပါမည့်အကြောင်း။ ။
Newspaper - 3322 items

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၃ ရက်၊ အောက်တိုဘာ ၁၉ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၂ ရက်၊ အောက်တိုဘာ ၁၈ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၁ ရက်၊ အောက်တိုဘာ ၁၇ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ October 17, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၀ရက်၊ အောက်တိုဘာ ၁၆ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ October 16, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၉ ရက်၊ အောက်တိုဘာ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၈ ရက်၊ အောက်တိုဘာ ၁၄ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၇ ရက်၊ အောက်တိုဘာ ၁၃ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၆ ရက်၊ အောက်တိုဘာ ၁၂ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၅ ရက်၊ အောက်တိုဘာ ၁၁ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၄ရက် ၊ အောက်တိုဘာ ၁၀ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ October 10, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download