ကမ္ဘာ့ဈေးကွက်တွင် တိုးတက်နေသည့် အုန်းစိုက်ပျိုးရေးတိုးချဲ့ဆောင်ရွက်
ကမ္ဘာ့ဈေးကွက်တွင် တိုးတက်နေသည့် အုန်းစိုက်ပျိုးရေးတိုးချဲ့ဆောင်ရွက်
Ministry of Information/ Naypyitaw / December 08, 2025
ကမ္ဘာတွင် အုန်းသီးဈေးကွက်သည် တိုးတက်နေသည့်ဈေးကွက် တစ်ခုဖြစ်သည်။ အမေရိကန်ဒေါ်လာ ဘီလီယံများစွာ အရောင်းအဝယ်ဖြစ်နေသည့် အဆိုပါဈေးကွက်သည် လာမည့်ငါးနှစ်တာ ကာလအတွင်း နောက်ထပ် ၈ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိ တိုးတက်လာနိုင်သည်ဟု ခန့်မှန်းထားကြသည်။ ကျန်းမာရေးဆိုင်ရာအယူအဆများ၊ စားသောက်ကုန်၊ အလှကုန်အမျိုးမျိုး ထုတ်လုပ်နိုင်သည့် အုန်းရည်၊ အုန်းနို့၊ အုန်းဆီ၊ အုန်းသီးမှုန့်တို့ ပိုမိုသုံးစွဲလာမှုများ စသည့်အကြောင်းကြောင်းတို့ကြောင့် ဈေးကွက်ပိုမိုတိုးတက်လာနေခြင်းဖြစ်ပြီး အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ အိန္ဒိယစသည့်နိုင်ငံတို့မှာ အဓိကအုန်းသီးတင်ပို့သူများဖြစ်နေသည်။ ကမ္ဘာ့အုန်းသီးဈေးကွက်သည် ၂၀၂၃ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၂၁ ဒသမ ၇၉ ဘီလီယံခန့် တန်ဖိုးရှိပြီး ၂၀၃၀ ပြည့်နှစ်တွင် ဒေါ်လာ ၃၈ ဘီလီယံကျော်အထိ ရောက်ရှိလာမည်ဟု ခန့်မှန်းထားကြသည်ဟု သိရသည်။
အာဆီယံနိုင်ငံတစ်နိုင်ငံဖြစ်သော ဗီယက်နမ်နိုင်ငံသည် အုန်းသီးစိုက်ဧရိယာ ဟက်တာ ၂၀၀၀၀၀ ကျော်ရှိပြီး နှစ်စဉ် အုန်းသီးတန်ချိန် နှစ်သန်းခန့်ရှိသည်။ ဗီယက်နမ်အုန်းသီးများကို ၎င်းနှင့်အိမ်နီးချင်းနိုင်ငံဖြစ်သော တရုတ်အပါအဝင် အမေရိကန်၊ ဂျပန်၊ အီးယူနှင့် အာရှအလယ်ပိုင်းနိုင်ငံများမှ ပိုမိုဝယ်ယူလျက်ရှိရာ ပြည်တွင်းစားသုံးမှုအတွက် ပြတ်လပ်မှုဖြစ်ပေါ်ခဲ့ပြီး ပြည်ပမှ အုန်းသီးပြန်လည်တင်သွင်းခဲ့ရကြောင်း စီးပွားရေးသတင်း တစ်ရပ်အရ သိရသည်။ ပြီးခဲ့သည့် နှစ်နှစ်အတွင်း ဗီယက်နမ်ထွက် လတ်ဆတ်သည့် အုန်းသီးများကို အမေရိကန်နှင့်တရုတ်သို့ စတင်တင်သွင်းနိုင်ခဲ့ရာ ယခုနှစ် ပထမ ၇ လတာကာလအတွင်း အုန်းသီးတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၀၆ ဒသမ ၂ သန်းခန့် ရှိခဲ့သည်။ ပြုပြင်ပြီး အုန်းသီးတင်ပို့မှုသည် ၅၇ ရာခိုင်နှုန်း၊ လတ်လတ်ဆတ်ဆတ် အုန်းသီးတင်ပို့မှုသည် ၁၅ ရာခိုင်နှုန်းအထိ အသီးသီးမြင့်တက်ခဲ့သည်ဟု အဆိုပါသတင်းတွင် ဖော်ပြထားသည်။
အုန်းပင်စိုက်ပျိုးနိုင်သည့် ရေ၊ မြေ၊ ရာသီဥတုများကို ပိုင်ဆိုင်ထားသည့် မိမိတို့၏နိုင်ငံတွင် ပြည်ပဈေးကွက်သို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် မျှော်မှန်းကာ ခေတ်မီနည်းစနစ်များဖြင့် အုန်းစိုက်ပျိုးမှုများ ပိုမိုတိုးချဲ့သွားနိုင်ရန်လိုသည်။ လက်ရှိအခြေအနေတွင် ပြည်ပတင်ပို့မှုအနေဖြင့် အိမ်နီးချင်းနိုင်ငံအချို့သို့ အနည်းငယ်တင်ပို့မှုမျှသာ ရှိနေသည်။ မြန်မာ့အုန်းသီးများကို ပြည်ပနိုင်ငံများသို့ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွင်း အမေရိကန် ဒေါ်လာ ၀ ဒသမ ၀၈၂ သန်းတန်ဖိုးရှိ အုန်းသီး ၂၀၆ တန်၊ ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ်ပထမ ၆ လတွင် အမေရိကန်ဒေါ်လာ ၀ ဒသမ ၁၂၈ သန်းတန်ဖိုးရှိ အုန်းသီး ၃၁၉ တန်တို့ တင်ပို့ခဲ့ကြောင်း သတင်းအချို့တွင် တွေ့ရှိရသည်။ သို့ဖြစ်ရာ မိမိတို့ပိုင်ဆိုင်ထားသည့် ရေ၊ မြေ၊ ရာသီဥတုတို့ကို အကျိုးရှိစွာအသုံးချပြီး ကမ္ဘာ့အုန်းသီးဈေးကွက်သို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ကြိုးပမ်းကြရမည်ဖြစ်သည်။
“အုန်းချိုမွှေး စိုက်ပျိုးခြင်းနှင့်ပတ်သက်၍ အကျိုးများစွာ ဖြစ်ထွန်းစေကြောင်း၊ အုန်းနှင့်ပတ်သက်သည့် ထုတ်ကုန်များ ကို ထုတ်လုပ်နိုင်သဖြင့် ပိုမိုတိုးချဲ့စိုက်ပျိုးကြစေလိုကြောင်း၊ အုန်းထွက်ပစ္စည်းများကို ပြည်ပသို့ တင်ပို့နိုင်ခြင်းဖြင့် နိုင်ငံအတွက် နိုင်ငံခြားငွေများရရှိမည်ဖြစ်ကြောင်း၊ ဒေသအလိုက် အရိပ်ရလေကာပင်များ စိုက်ပျိုးကြရန်လိုကြောင်း၊ သဘာဝဘေးဒဏ်ကျရောက်ချိန်တွင် အုန်းပင်များနှင့် အရိပ်ရလေကာ ပင်များသည် ထိုက်သင့်သည့် အကာအကွယ်ပေးနိုင်ကြောင်း၊” ပြီးခဲ့သည့် နိုဝင်ဘာလ ၂၃ ရက်နေ့က နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့တွင် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများအား ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပြောကြားရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။
စားသောက်ကုန်အမျိုးမျိုး၊ အဖျော်ယမကာ၊ အလှကုန်များ ထုတ်လုပ်ခြင်းနှင့် ကျန်းမာရေးကဏ္ဍစားသုံးမှုများအတွက် ကမ္ဘာ့အုန်းသီးဈေးကွက်မှာ မြင့်မားသောဝယ်လိုအားရှိနေသည်။ ဗီယက်နမ်နိုင်ငံသည် ၎င်းတို့ထုတ်လုပ်သည့် ပြုပြင်ပြီး (Value-added) အုန်းသီးနှင့် လတ်လတ်ဆတ်ဆတ်(organic) အုန်းသီးတို့ကို ရောင်းချရာတွင် အခြားအာရှ-ပစိဖိတ်နိုင်ငံလေးများမှပါ ဝယ်ယူတင်သွင်းရောင်းချနေခြင်းဖြစ်သည်ကို တွေ့ရသည်။ စိုက်ပျိုးမြေများစွာရှိသည့် မိမိတို့နိုင်ငံအနေဖြင့် စီးပွားဖြစ်အုန်းစိုက်ပျိုးမှုကို တိုးချဲ့လုပ်ကိုင်ကာ ပုဂ္ဂလိက အကျိုးစီးပွား၊ နိုင်ငံ့အကျိုးစီးပွားကို မြှင့်တင်နိုင်ကြပါစေကြောင်း။ ။
Newspaper - 3458 items
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၃ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်နေ့ ၊ မတ် ၂ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက် ၊ မတ် ၁ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက် ၊ ဖေဖော်ဝါရီ ၂၈ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ February 28, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၂၇ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ February 27, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ February 26, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ February 25, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ February 24, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ February 23, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၂၂ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ February 22, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
