ကမ္ဘာ့ထိပ်တန်းစာရင်းဝင် ပေါ်ဆန်းမွှေး ဧရာဝတီ၏အမှတ်တံဆိပ် ဖြစ်လာစေရေး
ကမ္ဘာ့ထိပ်တန်းစာရင်းဝင် ပေါ်ဆန်းမွှေး ဧရာဝတီ၏အမှတ်တံဆိပ် ဖြစ်လာစေရေး
Ministry of Information/ Naypyitaw / October 21, 2025

ဧရာဝတီတိုင်းဒေသကြီးမှ ထွက်သည့် ပေါ်ဆန်းမွှေးသည် အမှန်တကယ် ကောင်းမွန်သည့် ဆန်အမျိုးအစားဖြစ်ခြင်းကြောင့် ပေါ်ဆန်းမွှေးကို တိုင်းဒေသကြီး၏ အမှတ်တံဆိပ် (Brand) တစ်ခု ဖြစ်လာစေရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အောက်တိုဘာ ၁၉ ရက် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
ကမ္ဘာ့အကောင်းဆုံးစာရင်းဝင်သည့်ပေါ် ဆန်းစပါးကို ဧရာဝတီတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် အများဆုံးစိုက်ပျိုးကြသည်။ သို့ဖြစ်ရာ ပြည်တွင်းဈေးကွက်တွင် ပုသိမ်ပေါ်ဆန်း၊ ဖျာပုံပေါ်ဆန်း စသည့် ဧရာဝတီတိုင်းဒေသကြီးထွက် ပေါ်ဆန်းများနှင့် ရွှေဘိုပေါ်ဆန်းကဲ့သို့ စစ်ကိုင်းတိုင်းဒေသကြီးထွက် ပေါ်ဆန်းတို့က အရည်အသွေးကောင်းဆန်များအဖြစ် နေရာယူထားကြသည်။ ပေါ်ဆန်းဆန်ကို ချက်လိုက်လျှင် ထမင်းသည် ဆန်လုံးထက် အလျားနှစ်ဆခန့် ရှည်ထွက်လာခြင်း၊ နူးညံ့ခြင်း၊ မွှေးသောရနံ့ကိုရရှိခြင်း၊ အခြားဆန်များထက်ပို၍ ပရိုတိန်းဓာတ်ကြွယ်ဝခြင်းတို့ကြောင့် စားသုံးမှုအရည်အသွေး ထိပ်တန်းအဆင့်တွင် ရှိနေသည့် ပေါ်ဆန်းဆန်၏ မူလဇာတိမှာ ဧရာဝတီတိုင်းဒေသကြီးဖြစ်သည်။
၁၉၂၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် မြောင်းမြဗဟိုသုတေသန စိုက်ပျိုးရေးဥယျာဉ်သည် ဒေသစပါးမျိုးများကို စုဆောင်း၍ မျိုးရွေးချယ်စိုက်ပျိုးခဲ့ရာ ၁၉၄၄ ခုနှစ်တွင် ရွေးချယ်ရရှိသည့် (D - 44 - 8) မျိုးကို ပေါ်ဆန်းမွှေးအဖြစ်လည်းကောင်း၊ ၁၉၆၀ ပြည့်နှစ်တွင် ရွေးချယ်ရရှိသည့် (D - 60 - 8) မျိုးကို ပေါ်ဆန်းဘေးကျားအဖြစ်လည်းကောင်း မှတ်တမ်းတင်ခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီးတွင် စုစုပေါင်း ပေါ်ဆန်းစပါးစိုက်ဧက ခုနစ်သိန်းခွဲကျော်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီးထက် နှစ်ဆခန့် ပိုမိုစိုက်ပျိုးနေခြင်းဖြစ်သည်။ ဧရာဝတီတိုင်းဒေသကြီးတွင် ဒေသအလိုက် ပေါ်ဆန်းစပါးများကို စိုက်ပျိုးကြရာ ဒေးဒရဲဒေသတွင် မြင်းကကုန်းပေါ်ဆန်းနှင့် သောကြာပေါ်ဆန်း၊ ကျိုက်လတ်ဒေသတွင် ကြားပျံပေါ်ဆန်းနှင့် ပေါ်ဆန်းရင်၊ ဘိုကလေးဒေသတွင် ပိုက်စလပေါ်ဆန်းနှင့် သာဖျံပေါ်ဆန်း၊ ဖျာပုံဒေသတွင် ဘေးကျားတောင်ပျံပေါ်ဆန်းနှင့် လက်ပန်ပေါ်ဆန်း၊ မြန်အောင်ဒေသတွင် ချင်းခါးကုန်းပေါ်ဆန်း၊ ရေကြည်ဒေသတွင် နွားရေတိုက်ပေါ်ဆန်း၊ ပုသိမ်ဒေသတွင် ဥတိုပေါ်ဆန်း စသည်ဖြင့် ရှိနေကြသည်ဟု သိရသည်။ ပေါ်ဆန်းစပါးမျိုးသည် ဒေသကိုလိုက်၍ စပါးအထွက်နှုန်း၊ စားသုံးမှုအရည်အသွေးတို့ အတန်အသင့်ကွာခြားမှုရှိပြီး သီးသန့်အရည်အသွေးကိုယ်စီ ရှိကြသည်ဟု ဆိုကြသည်။
ဧရာဝတီပေါ်ဆန်းအရည်အသွေးကောင်းမွန်ပြီး ဈေးကွက်ရရှိစေရေးဟူသော ဦးတည်ချက်ဖြင့် “ဧရာဝတီတိုင်းဒေသကြီး ပေါ်ဆန်းဖိုရမ်-၂၀၂၅”ကို ယခုနှစ် မတ်လ ၅ ရက်နှင့် ၆ ရက်တို့တွင် ပုသိမ်မြို့၌ ကျင်းပခဲ့ရာ စိုက်ပျိုးရေးဦးစီးဌာနမှ ပညာရှင်များ၊ ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြသည့်အပြင် အခြားတိုင်းဒေသအသီးသီးနှင့် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်တို့မှ ပညာရှင်များ၊ တောင်သူများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ခဲ့ကြသည်။ အဆိုပါဖိုရမ်တွင် ပေါ်ဆန်းစိုက်ပျိုးထုတ်လုပ်မှု အခြေအနေနှင့်အခက်အခဲများ၊ မျိုးသွင်းအားစုသုံးစွဲမှု အကြံပြုချက်များနှင့် သုတေသနဆောင်ရွက်မှုများ၊ ဆန်ကြိတ်ခွဲခြင်း၊ အရည်အသွေးထိန်းသိမ်းခြင်းနှင့် အစားအစာဘေးအန္တရာယ်ကင်းရှင်းစေခြင်း၊ ပြည်တွင်းပြည်ပဈေးကွက်အလားအလာတို့ကို ဆွေးနွေးခဲ့ကြသည်။
ပေါ်ဆန်းမွှေးကို ဧရာဝတီတိုင်းဒေသကြီး၏ အမှတ်တံဆိပ် (Brand) တစ်ခုဖြစ်လာစေရေးတွင် သက်ဆိုင်ရာဌာနများ၊ ပညာရှင်များ၊ ရပ်မိရပ်ဖများ၊ လုပ်ငန်းရှင်များ၊ တောင်သူများ စုပေါင်းညီညာ အားထုတ်ကြိုးပမ်းဆောင်ရွက်မှုဖြင့် အချိန်တိုအတွင်း အောင်မြင်မှုရရှိနိုင်ပါစေကြောင်း။ ။
Newspaper - 3324 items

၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁ရက်နေ့ ၊ အောက်တိုဘာ ၂၁ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လကွယ်နေ့ ၊ အောက်တိုဘာ ၂၀ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၃ ရက်၊ အောက်တိုဘာ ၁၉ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၂ ရက်၊ အောက်တိုဘာ ၁၈ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၁ ရက်၊ အောက်တိုဘာ ၁၇ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ October 17, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၀ရက်၊ အောက်တိုဘာ ၁၆ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ October 16, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၉ ရက်၊ အောက်တိုဘာ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၈ ရက်၊ အောက်တိုဘာ ၁၄ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၇ ရက်၊ အောက်တိုဘာ ၁၃ ရက်၊ တနင်္လာနေ့။
