ကမ္ဘာ့ဖလား နဂါးလှေလှော်ပြိုင်ပွဲတွင် မြန်မာလှေလှော် အားကစားအဖွဲ့ ရွှေတံဆိပ်နှစ်ခုနှင့် ငွေတံဆိပ်တစ်ခု ထပ်မံဆွတ်ခူးရရှိ


Ministry of Information/ Naypyitaw / October 28, 2024
image_latest


ရန်ကုန် အောက်တိုဘာ ၂၇

အပြည်ပြည်ဆိုင်ရာ ကနူးလှေလှော်အဖွဲ့ချုပ်(ICF)က ကြီးမှူးကျင်းပသည့် ကမ္ဘာ့ဖလားနဂါးလှေလှော်ပြိုင်ပွဲနှင့် ၂၀၂၅ ခုနှစ်တွင် ချန်ဒူး၌ ကျင်းပမည့် ကမ္ဘာ့အားကစားပြိုင်ပွဲ၏ လက်ရည်စစ်ပြိုင်ပွဲ ချန်ပီယံရှစ်နဂါးလှေလှော်ပြိုင်ပွဲတွင် မြန်မာလှေလှော်အားကစားအဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိရာ ယနေ့တွင် ရွှေတံဆိပ်နှစ်ခုနှင့် ငွေတံဆိပ်တစ်ခု ထပ်မံဆွတ်ခူးရရှိကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲ၏ အမျိုးသား (၁၀)တက်လှော် မီတာ ၂၀၀ ပြိုင်ပွဲတွင် အင်ဒိုနီးရှားအသင်းက ပထမ (ရွှေတံဆိပ်)ဆု၊ မြန်မာအသင်းက ဒုတိယ(ငွေ တံဆိပ်)ဆုနှင့် ထိုင်းအသင်းက တတိယ(ကြေးတံဆိပ်) ဆုကိုလည်းကောင်း၊ အမျိုးသား + အမျိုးသမီး (၁၀)တက်လှော် မီတာ ၅၀၀ ပြိုင်ပွဲတွင် မြန်မာအသင်းက ပထမ(ရွှေတံဆိပ်)ဆု၊ ထိုင်းအသင်းက ဒုတိယ(ငွေတံဆိပ်)ဆုနှင့် အင်ဒိုနီးရှားအသင်းက တတိယ(ကြေးတံဆိပ်)ဆုကို လည်းကောင်း၊ အမျိုးသား(၁၀)တက်လှော် မီတာ ၂၀၀၀ ပြိုင်ပွဲတွင် မြန်မာအသင်းက ပထမ(ရွှေတံဆိပ်)ဆု၊ ဟောင်ကောင်အသင်းက ဒုတိယ(ငွေတံဆိပ်)ဆုနှင့် ရုရှားအသင်းက တတိယ(ကြေးတံဆိပ်) ဆုကိုလည်းကောင်း၊ အမျိုးသား + အမျိုးသမီး (၁၀)တက်လှော် မီတာ ၂၀၀၀ ပြိုင်ပွဲတွင် မြန်မာအသင်းက စတုတ္ထအဆင့်ကိုလည်းကောင်း ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။

မြန်မာလှေလှော်အဖွဲ့သည် ပြိုင်ပွဲရှစ်မျိုး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရွှေတံဆိပ် ငါးခု၊ ငွေတံဆိပ်နှစ်ခုနှင့် စတုတ္ထအဆင့်တို့ရရှိကာ စုစုပေါင်း ဆုတံဆိပ်ရှစ်ခုရရှိခဲ့ပြီး အဆိုပါ ပြိုင်ပွဲများသို့ အိမ်ရှင်တရုတ်အသင်း၊ ဥရောပအသင်းများ၊ အာရှအသင်းများနှင့် အာဆီယံနိုင်ငံများမှ အသင်းပေါင်း ၁၈ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

မြန်မာလှေလှော်အဖွဲ့သည် ဖိလစ်ပိုင်သမ္မတနိုင်ငံ Puerto Princesa မြို့၌ ကျင်းပမည့် အပြည်ပြည် ဆိုင်ရာ ကနူးလှေလှော်အဖွဲ့ချုပ်၏ ၂၀၂၄ ခုနှစ် ကမ္ဘာ့ဖလားနဂါးလှေလှော်ပြိုင်ပွဲ (2024 ICF Dragon Boat World Cup)သို့ ဝင်ရောက်ယှဉ်ပြိုင်ရန်ဆက်လက် ထွက်ခွာသွားကြောင်း သတင်းရရှိသည်။

သတင်းစဉ်

Newspaper - 2965 items

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၁ ရက်၊ အောက်တိုဘာ ၂၈ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ October 28, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၀ ရက်၊ အောက်တိုဘာ ၂၇ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ October 27, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၉ ရက်၊ အောက်တိုဘာ ၂၆ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ October 26, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၈ ရက်၊ အောက်တိုဘာ ၂၅ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ October 25, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၇ ရက်၊ အောက်တိုဘာ ၂၄ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ October 24, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၆ ရက်၊ အောက်တိုဘာ ၂၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ October 23, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၅ ရက်၊ အောက်တိုဘာ ၂၂ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ October 22, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၄ ရက်၊ အောက်တိုဘာ ၂၁ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ October 21, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၃ ရက်၊ အောက်တိုဘာ ၂၀ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ October 20, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၂ ရက်၊ အောက်တိုဘာ ၁၉ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ October 19, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download